Thursday, October 29, 2009

ဆရာ နီကိုရဲ (ခ) ကိုရဲဝင်း သို့ အမှတ်တရ


မြန်မာပြည် စာနယ်ဇင်း လောကမှာ ကျင်လည်ခဲ့စဉ်က ကျမ စာရေးဆရာ နီကိုရဲနဲ့ အင်တာဗျူး ၂ ခါ လုပ်ခဲ့ဖူးပါတယ်။ ပထမအကြိမ် လုပ်စဉ်က မဂ္ဂဇင်းတအုပ်ထဲမှာ ဖော်ပြခံခဲ့ရပေမယ့် ဒုတိယအကြိမ် အင်တာဗျူးကတော့ အကြောင်း ကြောင်းကြောင့် စာမျက်နှာပေါ် မရောက်ခဲ့ပါဘူး။ ပထမအကြိမ် အင်တာဗျူးလုပ်တော့ သူက စာပေနယ်နဲ့ ရုပ်ရှင်နယ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်၊ တိတိကျကျ ပြောရရင် သူ့ရဲ့ “စိတ်အိုင်ပက်သူ” ဆိုတဲ့ ဝတ္ထုစာအုပ် ထွက်ပြီးစပါ။

စာရေးဆရာ နီကိုရဲ (ခ) ကိုရဲဝင်း

ကျမရဲ့ အယ်ဒီတာက ခိုင်းတာနဲ့ပဲ သူနဲ့ အင်တာဗျူးဖို့ သူနေတဲ့ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်ကို ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက ကျမကို “စိတ်အိုင်ပက်သူ” ဝတ္ထုစာအုပ်တအုပ် သူ့လက်မှတ်နဲ့ လက်ဆောင်ပေးလိုက်ပါတယ်။ စိတ်အိုင်ပက်သူ ဝတ္ထုကို ရုပ်ရှင်ရိုက်တော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အင်တာဗျူးတာဖြစ်ပေမယ့် တခြား အင်တာဗျူးနဲ့မဆိုင်တဲ့ အကြောင်းအရာတွေ၊ သူ့ရဲ့ အလွဲတွေနဲ့ သူ့ရဲ့ ဝတ္ထုတွေ အကြောင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ပြောဖြစ်ခဲ့ကြပါတယ်။

အင်တာဗျူးသူနဲ့ အဗျူးခံသူ၊ စာရေးသူနဲ့ စာဖတ်သူ၊ စာနယ်ဇင်းလောကသားချင်း ဆိုတဲ့ အနေအထားနဲ့ သူနဲ့ကျမလည်း ရင်းနှီးမှုရခဲ့ပါတယ်။ အဲဒီတုန်းက သူ့ ဇနီးက ကိုယ်ဝန်အရင့်အမာကြီးနဲ့၊ သူ့အနေအထားက ရွှေခေတ် လို့ ပြောရတဲ့အချိန်။ နီကိုရဲရဲ့ ဇာတ်ညွှန်းတွေနဲ့ ဗီဒီယို ကားတွေ ဟောတကား၊ ဟောတကား ရိုက်ကူးထုတ်လုပ်နေချိန် … သိပ်ကို အောင်မြင်နေတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ ၂၀၀၂ ခုနှစ် ဝန်းကျင်ပေါ့။

အဲဒီတုန်းက ကျမက ပေါ့ပ် ဂျာနယ်တစောင်မှာ ဆိုတော့ တချို့ ရုပ်ရှင်ရိုက်ကွင်းတွေအထိ သွားရတဲ့အခါမှာ သူနဲ့ ထပ်ဆုံဖြစ်၊ စကားတွေ ပြောဖြစ်ပါသေးတယ်။ သူနေတဲ့ အိမ်ရဲ့ နောက်ဖေး လမ်းမှာရှိတဲ့ မီးရထားလမ်းဘေးက ရပ်ကွက်ကို ရုပ်ရှင်သမားတွေက အခြေခံလူတန်းစား တွေနဲ့ ပတ်သက်တဲ့ ကားတွေရိုက်ဖို့ သုံးတတ်ကြပါတယ်။ အဲဒီနေရာကို ရိုက်ကွင်းတည်တဲ့အခါ စာရေးဆရာ နီကိုရဲရဲ့ အိမ်မှာ စတည်းချ ကြလေ့ရှိပါတယ်။ အဲဒီဘက်က ရိုက်ကွင်းတွေကို သွားရတဲ့အခါမှာလည်း ကျမက မင်းသမီးကို၊ မင်းသားကို၊ ဒါရိုက်တာကို သူ့အိမ်မှာ ထိုင်ပြီး ဗျူးဖြစ်ပါတယ်။ သူ့ရဲ့ မွေးခါစ သားလေးကိုလည်း ဝင်ကြည့်ဖြစ်ပါတယ်။ သူ့အနေအထားကတော့ စာပေနယ်၊ ရုပ်ရှင်နယ်မှာ အဆင်ပြေနေ ဆဲကာလပါပဲ။

အဲဒီနောက်တော့ ကျမ ပေါ့ပ်ဂျာနယ်ကနေ သတင်းဂျာနယ်လိုင်းဘက် ကူးဖြစ်ပါတယ်။ သတင်းတွေနဲ့ ရှုပ်နေတဲ့အချိန်မှာတော့ ကျမ စာရေးဆရာ နီကိုရဲနဲ့ နည်းနည်းအဆက်ပြတ်သွားပါတယ်။ ဒါပေမယ့် တခါတလေ မြို့ထဲက လက်ဖက်ရည်ဆိုင်မှာ၊ စာပေနယ်က တယောက်ယောက်ရဲ့ အသုဘ၊ မင်္ဂလာ အခမ်းအနားတချို့မှာ သူနဲ့ ခဏတဖြုတ်ဆုံမိ၊ နှုတ်ဆက်မိတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် သူက အခမ်းအနားတွေဘာတွေလည်း သွားခဲတယ် ထင်ပါရဲ့၊ ကျမနဲ့ နောက်ပိုင်း သိပ်မဆုံဖြစ်ကြဘူး။

၀၀၄၊ ၂၀၀၅ ဝန်းကျင် တရက်မှာတော့ ကျမကို စာရေးဆရာမ ခက်မာက ဖုန်းဆက်လာပါတယ်။ “… နီကိုရဲက ပြောပြစရာတွေ ရှိနေတယ်၊ သူ နင့်ကို အင်တာဗျူးပေးချင်တယ်လို့ ပြောတယ်။ သွားလိုက်ပါလား၊ သူ့မှာ အခက်အခဲတွေလည်း အများကြီးရှိနေတယ်” လို့ မခက်မာက ပြောလာတော့ ကျမရဲ့ အယ်ဒီတာချုပ်ကို ခွင့်တောင်းပြီး သွားတွေ့ဖြစ်ပါတယ်။ အဲဒီတုန်းက သူနေတာ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်က အိမ်မှာ မဟုတ်တော့ဘူး၊ သူ့မိဘတွေနေတဲ့ တောင်ဥက္ကလာပက အိမ်ကလေးမှာ ဖြစ်နေပြီ။

ကျမ လာတော့ သူဝမ်းပန်းတသာကြိုဆိုပါတယ်။ သူ့မှာ ပြောပြချင်တာတွေလည်း တော်တော်များနေပုံရတယ်။ ကက်ဆက် ရကော်ဒါ လေးကိုဖွင့်ပြီးတာနဲ့ သူ့ရဲ့ အခြေအနေတွေကို တရစပ်ပြောပြပါတယ်။ သူနဲ့ အင်တာဗျူးခဲ့တဲ့အတိုင်း လုံးစေ

10 comments:

kiki said...

စားဖါးတွေ ပေါများလှတဲ့ ခေတ်ကြီးထဲ ဘာလုပ်လုပ် ခေါင်းပုံဖြတ်နေရတာတွေ .. ဂရုစိုက်ရှောင်ရင်တောင် လွတ်ဖို့  မလွယ်ပါလားနော် ။
ဦးနှောက်ဖေါက်စားခံရတာတွေ အတော်ဆိုးတာပဲ ..

ဆရာ နီကိုရဲ တယောက် ကောင်းရာဘုံဘဝရောက်ပါစေ ။

October 29, 2009 at 5:05 AM
ဒဏ္ဍာရီ said...

စိတ်မကောင်းဘူးလို့ ပဲ ပြောတော့မယ် ကိုတောင်ပေါ်သားရယ်။ ဆရာ့အကြောင်းတွေ အခုမှ ပိုသိလာရတယ်။ ကျေးဇူးတင်ပါတယ်။

ခင်မင်လေးစားလျှက်

October 29, 2009 at 5:28 AM
Mogok Thar said...

စာလေး ဖတ်ပီး စိတ်မကောင်းကြီးစွာ ဖြစ်ရပါတယ်။

ဆရာ နီကိုရဲတစ်ယောက် ကောင်းရာ သုဂတိ လားပါစေ။

October 29, 2009 at 5:43 AM
စိမ်း... said...

အင်း ဧရာဝတီမှာ ဖတ်လိုက်ရတယ် ... ကိုယ်တွေကတော့ သူ့စာအုပ်တွေ လျှမ်းလျှမ်းတောက်အောင်မြင်နေတော့ စီးပွားရေးလည်း အဆင်ပြေမယ်ထင်ထားတာ.. စိတ်မကောင်းစရာပဲ...

October 29, 2009 at 7:04 AM
Anonymous said...

ဒီစာကိုဖတ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်....ထုတ်ဝေသူလုပ်ပြီးစာပေကိုမမြတ်နိုးတတ်လို့လဲ
အံသြ မိပါတယ်..ဆရာနီကိုရဲ ကောင်းရာမွန်ရာရောက်ပါစေ......

October 29, 2009 at 7:16 AM
Waing said...

ဒီသတင်းကြားရတာ စိတ်မကောင်းပါဘူး ဆရာနီကိုရဲတစ်ယောက် ကောင်းရာလားပါစေ

October 29, 2009 at 9:22 AM
မိုးမောင် said...

(ကြောင်နှစ်ကောင်)မောင်မျိုးရဲ့ လက်ဆတွေ သိပ်ပြင်းသကိုး။ တကယ်စိတ်မကောင်းဘူး။

October 29, 2009 at 1:24 PM
မေသူ said...

အင်းဘယ်လိုပြောရမလဲ...

ဆရာနီကိုရဲလဲ စုံလုံးကန်း မယုံကြည်သင့်သလို၊ လုပ်သင့်လုပ်ထိုက်တာကို လစ်လျူမရှူသင့်ဘူး..
ထုတ်လုပ်သူအနေနဲ့ လဲ ကိုယ့်တဘို့  ထဲကြည့်စီးပွားရေးဆန်ဆန် မပြုမူသင့်ဘူးပေါ့...
ကြားထဲက စာဖတ်သူတွေသာ လေးစားရတဲ့ စာရေးဆရာရဲ့ စာပေကိုထိတွေ့ ခံစားခွင့် ဆုံးရှုံးရတာပါပဲ...

လူတိုင်း လုပ်သင့်လုပ်ထိုက်တာကိုလုပ်၊ အားနာစရာမလိုဘူး၊ မိမိတကိုယ်ထဲကောင်းဖို့  ၊သူတပါး နစ်နာစေဖို့ မလုပ်သင့်ဘူး...

ရှေ့ ကသွားသူရဲ့အမှားကို နောက်လူတွေ ဆင်ခြင်နိုင်တဲ့ အကြောင်းအရာပါ...

ဆရာနီကိုရဲလဲ ကောင်းရာမွန်ရာရောက်ပါစေ...

October 29, 2009 at 2:29 PM
ညီညီ said...

အော်. လောက ကလည်းနော်.။ စိတ်မကောင်းပါဘူးဗျာ. အခုမှသိရတာပါ.။ ကျေးဇူးတင်တယ် ကိုတောင်ပေါ်ရေ.။
ဆရာ နီကိုရဲ ကောင်းရာမွန်ရာရောက်ပါစေ.။ ဖြစ်လေရာဘ၀တိုင်း သူတော်ကောင်းနဲ့ပေါင်းမိပြီး သူယုတ်မာများနဲ့ ကင်းဝေးပါစေ.။။


ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

October 29, 2009 at 3:58 PM
မိုးခါး said...

ဖတ်ပြီးတာတော့ ကြာပြီ
ခုမှမန့်ရတယ်
ဆရာနီကိုရဲအကြောင်းကြားပြီး စိတ်မကောင်းဖြစ်မိတယ် .. ကောင်းမွန်တဲ့ဘ၀ ရောက်ပါစေလို့ ဆုတောင်းပေးပါတယ် .. (ကျန်တာတော့ ပြောချင်စိတ် မရှိတော့ပါ )

November 6, 2009 at 4:25 PM

Post a Comment