Showing posts with label မျှဝေခြင်း. Show all posts
Showing posts with label မျှဝေခြင်း. Show all posts

သမိုင်း


လူလောကမှာ သမိုင်းဆိုတာ မရှိမဖြစ်
သမိုင်းဆိုတာ ရာဇ၀င်ပုံပြင်တွေ မဟုတ်ခဲ့ဘူး
သမိုင်းကို ပြန်ကြည့်လိုက်ရင် အကောင်း အဆိုး ဒွန်တွဲလို့ပေါ့
“လူအ မဖြစ်ချင်ရင် သမိုင်းကိုလေ့လာတဲ့” ဒါက ဆရာသန်းထွန်း စကား
ငါတို့တိုင်းပြည်သမိုင်း ငါကြည့်တတ်သလောက်
ပြန်ငဲ့ကြည့်မိတော့

ငါတို့သမိုင်းမှာ လူကောင်းတွေ ပေါ်ထွန်းခဲ့တယ်
ဦးသန့်လို ကမ္ဘာကလေးစားတဲ့ ကုလသမဂ္ဂတယောက် ပေါ်ပေါက်ခဲ့တယ်
ငါတို့ ဂုဏ်ယူဝံ့ကြွားခဲ့ဖူးတယ်
ကမ္ဘာပေါ်မှာ ဦးသန့်နာမည်နဲ့ လမ်းတွေ ပေါ်ပေါက်ခဲ့ဖူးတယ်
ဒါဟာ ဖျက်မရတဲ့ သမိုင်းပဲ

ရိုးသားပြီး ပြည်သူတွေကိုနားလည်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုး
ငါတို့သမိုင်းမှာ ပေါ်ပေါက်ခဲ့ပြန်တယ်….
ဖြောင့်မတ်တဲ့စိတ်နဲ့ ခေါင်းဆောင်နိုင်ခဲ့တယ်
ငါတို့ရဲ့ မလွတ်လပ်တဲ့နိုင်ငံအတွက် သူ့ဘ၀ကိုပေးဆပ်ခဲ့တယ်
ပြည်သူတွေရဲ့ အသဲနှလုံးကို သူပိုင်စိုးခဲ့တယ်…

မြန်ပြည်သမိုင်းမှာ ကျောင်းသားတွေ စည်းရုံးခဲ့ကြဖူးတယ်
သွေးမတော်သားမစပ် ထမင်းလက်ဆုံ စားခဲ့ကြဖူးတယ်
တယောက်ကိုထိ တယောက်မခံ တွန်းလှန်ခဲ့ကြဖူးတယ်
သွေးရဲရဲနီတဲ့ လမ်းတွေ များခဲ့ဖူးတယ်
ဒါဟာငါတို့သမိုင်း ငါတို့အမွေ

တက္ကသိုလ်ကောင်းတွေ ငါတို့နိုင်ငံမှာ ရှိခဲ့ဖူးတယ်
တချိန်ကပေါ့ အရာရာတိုးတက် ဖွံ့ဖြိုးခဲ့တယ်….
သယာဇာတပေါကြွယ်ဝလို့ မာန်ထောင်ခဲ့ကြဖူးတယ်..
ရန်ကုန်လမ်းတွေ ၊ ဧရာဝတီလမ်းတွေ တိုင်းတပါးက အားကျလို့
အတုခိုး နာမည်တွေပေးခဲ့ဖူးတယ်.

တို့ပြည်သမိုင်းမှာ ဂဠုန်ဦးစောလို အတ္တကြီးသူတွေ ရှိခဲ့ဖူးတယ်
မျိုးချစ်စိတ်မရှိ တကိုယ်ကောင်းဆန်တဲ့ လူတွေရှိခဲ့ဖူးတယ်
ငါတို့သမိုင်းမှာ အကောင်းပြောစရာမရှိလောက်အောင်
ယုတ်မာကောက်ကျစ်တတ်တဲ့ လူတချို့ရှိခဲ့ဖူးတယ်
ရက်စက်တတ်လွန်းတဲ့ နေ၀င်းအစိုးရဆိုတာ ရှိခဲ့ဖူးတယ်
တို့မြေသမိုင်းမှာ
အာဏာရူးတဲ့ လူတချို့ရှိနေခဲ့တယ်…..

ဖေဖော်ဝါရီ (၁၄)ရက် တဲ့လေ
ပျော်ချင်သူတွေ ပျော်နေကြပေမဲ့
ရှေ့တရက် ဖေဖော်ဝါရီ (၁၃)ကိုတော့ မမေ့စေချင်ဘူး


ဖေဖော်ဝါရီ တစ်ဆယ့်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…။



လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။





လေးစားလျက် တောင်ပေါ်သား



Read More

ကူညီကြပါစို့


ကျနော်တို့ နေထိုင်ကြတဲ့ ဤကမ္ဘာလောကကြီးမှာ လူရယ်လို့ ဖြစ်လာရင် ကောင်းတာတွေ ဆိုးတာတွေကို မျိုးစုံခံစားကြရတာပဲ။ ဒီလိုပဲသိပ္ပံပညာတွေ ဘယ်လောက်တိုးတက်တိုးတက် လူလောကမှာ တချို့သောရောဂါဝေဒနာတွေကို ပျောက်ကင်းအောင်မကုသနိုင်သေးသလို တချို့ရောဂါတွေကလဲ ဆေးပညာအရ ရှာဖွေကုသဖို့ ခက်ခဲတတ်ပါတယ်။ ဥပမာ အေအိုင်ဒီအက်စ်၊ ကင်ဆာရောဂါ စသည်ဖြင့်ပေါ့.. ဒီလိုရောဂါမျိုးတွေကို ခံစားနေရတဲ့လူတွေဟာ လူလောက အပြင်ဘက်ကို အလိုလိုနေရင်း ရောက်ရှိသွားတတ်ပါတယ်။ ဒါတွေဟာ ဘယ်သူ့အပြစ်လဲဆိုတော့ ကျနော်တို့လို လူကောင်းတွေရဲ့ လူမဆန်မှုတွေ၊ လူသားတယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်တွေကို ကျနော်တို့ မကျင့်ကြံနိုင်လို့လဲ ဖြစ်ပါတယ်။ တကယ်တမ်းလူပမာတယောက်ကို နေ့စဉ်ပြုစုပေးနိုင်ဖို့ဆိုတာကလဲ စိတ်ဓါတ်တွေ တော်တော်လေးရှည်ရှည်ထားပြီး စိတ်ရင်းစေတနာအပြည့်နဲ့ မေတ္တာတွေမျှပြီး ပေးစွမ်းနိုင်ဖို့လိုပါတယ်။ လူအချင်းချင်း နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့ ကျနော်တို့လူသားတွေအဖို့ အလုပ်ထဲမှာ အဆင်မပြေခဲ့ရင် အိမ်မှာကျန်ခဲ့တဲ့ ရောဂါသည်ကို ဘယ်လောက်ထိ စိတ်ရှည်နိုင်မလဲ။ ကျနော်တို့ရဲ့ရောဂါသည်ကရော အပေါ်မှာပြောခဲ့သလို အေအိုင်ဒီအက်စ်လို ရောဂါမျိုးဆိုရင်ကော သင့်အနေနဲ့ အမြဲတမ်းပြုစုပေးနိုင်ပါ့ဦးမလား။ ကျနော်တို့တွေ တတ်နိုင်သလောက် ကူညီကြဖို့ မစဉ်းစားတော့ဘူးလား...

ကျနော်အမြဲသွားပြီး ဖတ်နေကြ ဘောလုံးသတင်း ဆိုဒ်လေးကနေပြီးတော့ ဦးဆောင်လုပ်ပေးတဲ့ Program တခုကို ကျနော်ချစ်တဲ့ ညီအကို မောင်နှမတွေနဲ့ မိတ်ဆက်ပေးချင်တာပါ။ ဒါကတော့ ဘာ Program လေးလဲဆိုတော့ ကျနော်တို့ တိုင်းပြည်ထဲမှာ ရှိတဲ့ အနာကြီးရောဂါသည်(လူနဲစု)တွေရဲ့ ကုန်ဆုံးသွားမဲ့ သက်တမ်းကို သက်တောင့်သက်တာဖြစ်အောင် တဖက်တလမ်းကနေ ကူညီဆောင်ရွက်နေတာလေးတခုပါ။ သူရဲ့ ဆိုဒ်လေးက ဒီမှာ ပါ။ အသေးစိတ်ကြည့်နိုင်ပါတယ်။

ဒီလိုရောဂါမျိုးတွေထဲမှာ အနာကြီးရောဂါသည်တွေရဲ့ဘ၀ဟာ အတော့်ကိုဆိုးရွားလှပါတယ်။ အနာကြီးရောဂါသည်တွေကို ကျနော်တို့မြန်မာပြည်သူ၊သား တော်တော်များများကတော့ အနာကြီးရောဂါဆိုတာထက် အနူရောဂါလို့ ပြောရင် ပိုသိကြပါတယ်။ ကျနော်ငယ်စဉ်ကဆို တောင်ကြီးမြို့ပေါ်မှာ အဲ့လို အနာကြီးရောဂါသည်တွေ တော်တော်များများတွေ့ဖူးခဲ့ပါတယ်။ အများကတော့ ပအိုဝ့်၊ပလောင်စတဲ့ တိုင်းရင်းသားမျိုးနွယ်တွေကိုတွေ့ရတတ်ပါတယ်။ အခန့်မသင့်လို့ ရောဂါဖြစ်ပွားခဲ့ရတဲ့ လူတွေရှိသလို၊ ဆင်းရဲတွင်းနက်ပြီး အနေအထိုင်မဆင်ခြင်လို့လဲ ကူးစက်ခဲ့ရတဲ့လူတွေ ရှိနေခဲ့ကြပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ပွားဖြစ်ပွား အနာကြီးရောဂါသည်လို့ ပြောလိုက်တာနဲ့ လူတွေရဲ့ မျက်နာမှာအလိုမကျတဲ့အရိပ်လေးတွေ ပြတတ်ပါတယ်။ ကျနော်လဲ မစဉ်းစားတတ်သေးတဲ့ ကလေးဘ၀အရွယ်တုန်းက အနာကြီးရောဂါသည်တွေမြင်ရင် ကြောက်ပြီးအနားမကပ်ရဲခဲ့ပါဘူး ခုချိန်များ ပြန်စဉ်းစားကြည့်မိတော့ လူမပီသတဲ့ ကိုယ့်အဖြစ်ကို ကိုယ်ရှက်ရွံ့မိပါတယ်။

""အနာကြီးရောဂါသည်လို့ ဖြစ်လာရင် လူတွေက အနူ ဆိုတာမျိုး ပြေးမြင်မိကြတာပါ။ တကယ်တော့ ဒါဟာ ပြည့်စုံတဲ့အမှန်တရားမဟုတ်ဘဲ သူတို့တွေဟာ ခံစားချက်ရှိတဲ့ လူသားတွေပါ။ အနာကြီးရောဂါသည်လို့ ဖြစ်လာပြီဆိုရင် .... ဝေဒနာသည်တွေရဲ့ လက်တွေဟာ ခံစားမှုမရှိတော့ပါဘူး။ အနာကြီးရောဂါ ပိုးသတ်ဆေး သောက်လိုက်လို့ ပိုးသေသွားပေမယ့် နောက်ဆက်တွဲ ဝေဒနာတွေကြောင့် သူတို့တွေဟာ လက်တွေ ခြေထောက်တွေတိုပြီး ဘာမှမလုပ်နိုင်ကြတော့ပါဘူး။ အလုပ်လုပ်ဖို့ ဝေးစွ ခြေထောက်ထဲ သံစူးရင်တောင် သံစူးမှန်းမသိ ပေါင်ကအကျိတ်ခိုလာမှ ခြေထောက်မှာ အနာရှိလောက်တယ်
ထင်ပြီး ဖြဲရှာရတဲ့ဘ၀ပါ။ အဲလိုကနေ ရောဂါကျွမ်းသွားလို့ လက်ဖြတ်၊ ခြေဖြတ်လိုက်ရတဲ့ ဘ၀မျိုးမှာ ရပ်တည်ဖို့တောင် ပစ္စည်းကိရိယာတွေရဲ့ အကူအညီယူရပါတယ်။ ဒီလိုရောဂါသည်တွေဟာ အလုပ်မလုပ်နိုင်ကြတော့ပါဘူး။ ရောဂါသည်အများစုက မိသားစု ငွေကြေးမပြည့်စုံလို့ ဆေးမမှီဘဲ ဖြစ်လာကြရတာမို့ မိသားစုကလည်း သူတို့တွေရှင်သန်ရေး မကူညီပေးနိုင်ပါဘူး။ ဒါကြောင့်ပဲ သူတို့တွေကို စုပေါင်းစောင့်ရှောက်ထားတဲ့ သူတို့တွေရဲ့အိမ် လို့ဆိုရမယ့် စောင့်ရှောက်ရေးဂေဟာ ရှိလာရတာပါ။ အလှူရှင်တွေရဲ့ ကူညီလှူဒါန်းမှုအားနဲ့ ရပ်တည်ရတဲ့ ဒီဂေဟာမှာ သူတို့တွေနေကြပါတယ်။""
ဆိုဒ်ကလေးရဲ့ Home Page မှာ တင်ထားတာလေးပါ

ဘယ်လောက်ထဲ ကြေကွဲစရာ၊ ရင်နာစရာကောင်းတဲ့ လူ့ဘ၀ကိုရောက်နေပါသလဲ.. ကျနော်တို့နေ့စဉ်ရှာဖွေနေတဲ့ ငွေတွေက ဘယ်လိုနေရာအတွက် အကျိုးချမှာလဲ ကျနော်တို့ သေချာပြန်စဉ်းစားဖို့ လိုအပ်ပါတယ်။ သုံးသင့် သုံးထိုက်တဲ့နေရာမှ ကျနော်တို့ သုံးစွဲတတ်ဖို့လိုပါတယ်။ ကျနော်တို့ မိသားစု၊ ဆွေမျိုး၊ အသိုင်းအ၀န်းတွေထဲမှာကော ဒီလိုရောဂါသည်တွေ မဖြစ်လာနိုင်ဘူးလို့ အတပ်ပြောလို့ရမလား ဘယ်အရာမဆို ကိုယ်ပြုခဲ့တဲ့ ကံတရားအတိုင်းသွားကြရမှာပါပဲ။ ဘုရားပေးတဲ့အတိုင်းသာ ခံစားကြရမှာပါပဲ ကျနော်တို့တွေ တတ်နိုင်သလောက် ကူညီမယ်ဆို သူတို့လေးတွေရဲ့ဘ၀က ပိုပြီးသက်တောင့်သက်တာလေး ရှိကြမှာပါ။ ကူညီချင်သူများအားလုံး ဒီဆိုဒ် လေးကိုသွားပြီး အသေးစိတ်ဖတ်နိုင် လှူဒါန်းနိုင်ပါတယ်


မှတ်ချက်။ ။ မက်ဖန်ဆိုဒ် မှခွင့်ပြုချက်ယူ၍ ရေးသားပါသည်။



လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။




လေးစားလျက် တောင်ပေါ်သား

Read More

ရင်နာစရာ





ဒီမှာကလစ်နှိပ်ပြီး ပုံကြီး ကြည့်လို့ရပါတယ်။

စာလေးဖတ်ပြီးတော့ မဖြစ်သင့်ပဲ အသက်သေဆုံးသွားတဲ့ ညီမငယ်လေးအတွက် တော်တော်လေးကို ၀မ်းနည်းမိပါတယ်။ သူရဲ့မိသားစုက သူမအပေါ် ဘယ်လောက်ထိ မျှော်လင့်ချက်တွေ ထားခဲ့ကြသလဲ.. ခုတော့ မတော်တဆလို့ လွယ်လွယ်ပြောပြီး ဒါလေးကို အဆုံးသတ်ချင်ကြတဲ့ လူတွေရှိနေတာကို မြင်ရတော့ တော်တော်လေးကို အော်ဂလီဆန်မိပါတယ်။ ကျနော်တဦးထဲ အမြင်အရဆိုရင်တော့ ဒါဟာ လုံးဝမဖြစ်သင့်တဲ့အချက်ပါပဲ။ ဒီစာအတိုင်း တကယ်ဖြစ်ခဲ့တယ်ဆိုရင် ကျူးလွန်သူ ဆရာဝန်အနေနဲ့ တရားဝင် ဖြေရှင်းသင့်ပါတယ်။ ပြီးတော့ Snap-shot အနေနဲ့ ပြည်သူတွေကို တကယ့် အကျိုးပြုစေချင်တဲ့ စိတ်ရင်းမှန်မယ်ဆိုရင် ဖြစ်ပွားခဲ့တဲ့ ဆေးရုံနာမည်နဲ့ ဆရာဝန်နာမည်ကို ရဲဝံ့စွာ ဖော်ထုတ်သင့်ပါတယ်။ ခုက ပြည်သူတွေေ၀၀ါးသွားစေမဲ့ အရေးအသားတခုသာ တွေ့ရှိပါတယ်။ ဘယ်ဆေးရုံလဲ ဘယ်ဆရာဝန်လဲ.. ဒါဟာ ဆရာဝန်တယောက်ရဲ့ ဂုဏ်သိက္ခာကို စော်ကားနိမ့်ချတာမဟုတ်ပါဘူး။ အမှန်ကို အမှန်အတိုင်း ထုတ်ဖော်ပြသဖို့ လိုအပ်ပါတယ်။




လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။




လေးစားလျက် တောင်ပေါ်သား

Read More

မျောက်များ ပုံပြင်

၂၀၀၉ ခုနှစ် နိုဝင်ဘာလထုတ် သရဖူမဂ္ဂဇင်း အမှတ် ၁၄၅ မှ အော်ပီကျယ်ရဲ့ ကာတွန်း







မှတ်ချက် ။ ။ ကျနော် ကြိုက်လွန်းသဖြင့် အမှတ်တရ သိမ်းထားရန်ဒီနေရာမှ ကူးယူဖော်ပြပါတယ်။


လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။




လေးစားလျက် တောင်ပေါ်သား
Read More

ဆရာ နီကိုရဲ (ခ) ကိုရဲဝင်း သို့ အမှတ်တရ


မြန်မာပြည် စာနယ်ဇင်း လောကမှာ ကျင်လည်ခဲ့စဉ်က ကျမ စာရေးဆရာ နီကိုရဲနဲ့ အင်တာဗျူး ၂ ခါ လုပ်ခဲ့ဖူးပါတယ်။ ပထမအကြိမ် လုပ်စဉ်က မဂ္ဂဇင်းတအုပ်ထဲမှာ ဖော်ပြခံခဲ့ရပေမယ့် ဒုတိယအကြိမ် အင်တာဗျူးကတော့ အကြောင်း ကြောင်းကြောင့် စာမျက်နှာပေါ် မရောက်ခဲ့ပါဘူး။ ပထမအကြိမ် အင်တာဗျူးလုပ်တော့ သူက စာပေနယ်နဲ့ ရုပ်ရှင်နယ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်၊ တိတိကျကျ ပြောရရင် သူ့ရဲ့ “စိတ်အိုင်ပက်သူ” ဆိုတဲ့ ဝတ္ထုစာအုပ် ထွက်ပြီးစပါ။

စာရေးဆရာ နီကိုရဲ (ခ) ကိုရဲဝင်း

ကျမရဲ့ အယ်ဒီတာက ခိုင်းတာနဲ့ပဲ သူနဲ့ အင်တာဗျူးဖို့ သူနေတဲ့ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်ကို ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက ကျမကို “စိတ်အိုင်ပက်သူ” ဝတ္ထုစာအုပ်တအုပ် သူ့လက်မှတ်နဲ့ လက်ဆောင်ပေးလိုက်ပါတယ်။ စိတ်အိုင်ပက်သူ ဝတ္ထုကို ရုပ်ရှင်ရိုက်တော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အင်တာဗျူးတာဖြစ်ပေမယ့် တခြား အင်တာဗျူးနဲ့မဆိုင်တဲ့ အကြောင်းအရာတွေ၊ သူ့ရဲ့ အလွဲတွေနဲ့ သူ့ရဲ့ ဝတ္ထုတွေ အကြောင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ပြောဖြစ်ခဲ့ကြပါတယ်။

အင်တာဗျူးသူနဲ့ အဗျူးခံသူ၊ စာရေးသူနဲ့ စာဖတ်သူ၊ စာနယ်ဇင်းလောကသားချင်း ဆိုတဲ့ အနေအထားနဲ့ သူနဲ့ကျမလည်း ရင်းနှီးမှုရခဲ့ပါတယ်။ အဲဒီတုန်းက သူ့ ဇနီးက ကိုယ်ဝန်အရင့်အမာကြီးနဲ့၊ သူ့အနေအထားက ရွှေခေတ် လို့ ပြောရတဲ့အချိန်။ နီကိုရဲရဲ့ ဇာတ်ညွှန်းတွေနဲ့ ဗီဒီယို ကားတွေ ဟောတကား၊ ဟောတကား ရိုက်ကူးထုတ်လုပ်နေချိန် … သိပ်ကို အောင်မြင်နေတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ ၂၀၀၂ ခုနှစ် ဝန်းကျင်ပေါ့။

အဲဒီတုန်းက ကျမက ပေါ့ပ် ဂျာနယ်တစောင်မှာ ဆိုတော့ တချို့ ရုပ်ရှင်ရိုက်ကွင်းတွေအထိ သွားရတဲ့အခါမှာ သူနဲ့ ထပ်ဆုံဖြစ်၊ စကားတွေ ပြောဖြစ်ပါသေးတယ်။ သူနေတဲ့ အိမ်ရဲ့ နောက်ဖေး လမ်းမှာရှိတဲ့ မီးရထားလမ်းဘေးက ရပ်ကွက်ကို ရုပ်ရှင်သမားတွေက အခြေခံလူတန်းစား တွေနဲ့ ပတ်သက်တဲ့ ကားတွေရိုက်ဖို့ သုံးတတ်ကြပါတယ်။ အဲဒီနေရာကို ရိုက်ကွင်းတည်တဲ့အခါ စာရေးဆရာ နီကိုရဲရဲ့ အိမ်မှာ စတည်းချ ကြလေ့ရှိပါတယ်။ အဲဒီဘက်က ရိုက်ကွင်းတွေကို သွားရတဲ့အခါမှာလည်း ကျမက မင်းသမီးကို၊ မင်းသားကို၊ ဒါရိုက်တာကို သူ့အိမ်မှာ ထိုင်ပြီး ဗျူးဖြစ်ပါတယ်။ သူ့ရဲ့ မွေးခါစ သားလေးကိုလည်း ဝင်ကြည့်ဖြစ်ပါတယ်။ သူ့အနေအထားကတော့ စာပေနယ်၊ ရုပ်ရှင်နယ်မှာ အဆင်ပြေနေ ဆဲကာလပါပဲ။

အဲဒီနောက်တော့ ကျမ ပေါ့ပ်ဂျာနယ်ကနေ သတင်းဂျာနယ်လိုင်းဘက် ကူးဖြစ်ပါတယ်။ သတင်းတွေနဲ့ ရှုပ်နေတဲ့အချိန်မှာတော့ ကျမ စာရေးဆရာ နီကိုရဲနဲ့ နည်းနည်းအဆက်ပြတ်သွားပါတယ်။ ဒါပေမယ့် တခါတလေ မြို့ထဲက လက်ဖက်ရည်ဆိုင်မှာ၊ စာပေနယ်က တယောက်ယောက်ရဲ့ အသုဘ၊ မင်္ဂလာ အခမ်းအနားတချို့မှာ သူနဲ့ ခဏတဖြုတ်ဆုံမိ၊ နှုတ်ဆက်မိတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် သူက အခမ်းအနားတွေဘာတွေလည်း သွားခဲတယ် ထင်ပါရဲ့၊ ကျမနဲ့ နောက်ပိုင်း သိပ်မဆုံဖြစ်ကြဘူး။

၀၀၄၊ ၂၀၀၅ ဝန်းကျင် တရက်မှာတော့ ကျမကို စာရေးဆရာမ ခက်မာက ဖုန်းဆက်လာပါတယ်။ “… နီကိုရဲက ပြောပြစရာတွေ ရှိနေတယ်၊ သူ နင့်ကို အင်တာဗျူးပေးချင်တယ်လို့ ပြောတယ်။ သွားလိုက်ပါလား၊ သူ့မှာ အခက်အခဲတွေလည်း အများကြီးရှိနေတယ်” လို့ မခက်မာက ပြောလာတော့ ကျမရဲ့ အယ်ဒီတာချုပ်ကို ခွင့်တောင်းပြီး သွားတွေ့ဖြစ်ပါတယ်။ အဲဒီတုန်းက သူနေတာ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်က အိမ်မှာ မဟုတ်တော့ဘူး၊ သူ့မိဘတွေနေတဲ့ တောင်ဥက္ကလာပက အိမ်ကလေးမှာ ဖြစ်နေပြီ။

ကျမ လာတော့ သူဝမ်းပန်းတသာကြိုဆိုပါတယ်။ သူ့မှာ ပြောပြချင်တာတွေလည်း တော်တော်များနေပုံရတယ်။ ကက်ဆက် ရကော်ဒါ လေးကိုဖွင့်ပြီးတာနဲ့ သူ့ရဲ့ အခြေအနေတွေကို တရစပ်ပြောပြပါတယ်။ သူနဲ့ အင်တာဗျူးခဲ့တဲ့အတိုင်း လုံးစေ

Read More

Blogger



ခုတလော မြင်ရတွေ့ရတာတွေက သိပ်မကောင်း။ ကျနော် မမြင်ချင်ဆုံးသော အရာတွေ။ လူတယောက်ရဲ့ လုပ်ပိုင်ခွင့်၊ ရယူခွင့်တွေကို အတင်းအဓ္ဓမ လိုက်ပိတ်ဆို့နေကြသည်။ လူတယောက်ရဲ့ ယုံကြည်မူကို လူသားအချင်းချင်းကအလွဲသုံးစား လုပ်နေကြသည်။ အားနာချင်းဆိုတာကို ထောက်ထားပြီး မပြောသ၍ သိနိုင်မည်မဟုတ်ပေ။

ဘလော့လောကရပ်ဝန်းပေါ် လှမ်းတက်ကြည့်လိုက်တော့ ပေါက်တတ်ကရ အခြေအမြစ်မရှိ တွေးတောစဉ်းစားနိုင်စွမ်းမရှိတဲ့ လူတွေရဲ့ တဖတ်သတ်စောင်းနင်းကဲ့ရဲ့မူတွေကို မြင်တွေ့နေရသည်။ မိန်းကလေးတွေ အတင်းပြောသည် အပုတ်ချသည်သာ ကြားဖူးသည်။ ယောကျာ်းများ ကဲ့ရဲ့တာသည် မိန်းမသားများ ကဲ့ရဲ့သည်ထက် ပိုမိုအစွမ်းထက်ကြောင်း မြင်တွေ့ရပြန်သည်။ ဘလော့ရေးသည်ဆိုသည်ကာ ဘာမှမဟုတ်ပေ အလကားရသော အကောင့်တခုဖွဲ့၊ ပြီးလျှင် ရေးချင်တာရေး ဒီလိုများတွေးပြီး အနှီပုဂ္ဂိုလ်များ ထင်နေသလားမသိ။ တကယ်တော့ ဘလော့ဂါအမည်ခံ ကျနော်တို့သည် အလဟဿ စာများရေးနေခြင်းမဟုတ်။ ကိုယ့်ဝါသနာ တနည်းအားဖြင့် ကိုယ့်ရဲ့မိသားစုကြောင်း၊ ကိုယ့်အကြောင်းကို ကိုယ်ရေးသားခြင်းသာများသည်။ ဘလော့ရေးပြီဆိုသည်ဟူကတည်းက ကိုယ့်ကိုယ်ပိုင် စာမျက်နှာဖြစ်သဖြင့် ကိုယ်ကြိုက်တာလုပ်ခွင့်ရှိသည် ဆိုသည်ကိုးကား အထူးပြောစရာမလိုတော့ပေ။

ဘလော့ဂါဆိုသည့်အပိုင်းတွင်လဲ သက်ဆိုင်ရာအလိုက်၊ အားသန်ရာအလိုက် အမျိုးမျိုးခွဲထွက်သွားနိုင်ပေသည်။ အချစ်ဖက်အားသန်လျှင် အချစ်အကြောင်းရေးမည်၊ ကဗျာအားသန်လျှင် ကဗျာတွေချည်းရေးနိုင်သည်၊ ရသအားသန်လျှင် ရသစာပေတွေ ရေးမည်။ ဒါကို လိုက်ဝေဖန်စရာလိုအပ်သည်ဟု ဆိုလာပါက ကျနော် လဲဝေဖန်သင့်သည်ဟုမြင်မိပေသည်။ ယုတ်စွအဆုံး နိုင်ငံရေးလုပ်ချင်လုပ်မည် တိုင်းပြည်ကိုကြည့်၍ မချင့်မရဲဖြစ်ကာ ရေးချင်တာ ရေးမည်။ ဒါပေမဲ့ လူဆိုတာက အမှားအယွင်းရှိနိုင်ပေသည် ဝေဖန်ထောက်ပြမှသာ ကျနော်တို့ ပြုပြင်နိုင်ပေလိမ့်မည်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ တနည်းအားဖြင့် ဘလော့လောကက စာမျက်နာအများစုကိုကား ဝေဖန်ရန်ပင် မလိုအပ်တော့ပေ။ အဘယ်ကြောင့်ဟု သင်ထင်သလဲ.......

မိမိကိုယ့်ကို ဘလော့ဂါ တနည်းအားဖြင့် အင်တာနက်ပေါ်က စာမျက်နှာပေါ်တွင် စာရေးသားတော့မည်ဆိုပါက ကျနော်တို့၏ စိတ်ထဲတွင် မည်သူမှ လှုံ့ဆော်ပေးမူမရှိပဲ ကျနော်တို့ကိုယ်တိုင် ခံယူသည့်အချက်တချက်ရှိပါသည်။ ဤကား မိမိရေးသားသော စာ ဖြစ်စေ၊ ပုံတပုံ ဖြစ်စေ ပြဿနာတခုဖြစ်လာလျှင် မိမိကိုယ်တိုင်တာဝန်ယူရမည် ဟူသောခံယူချက်ဖြစ်ပေသည်။ ထို့အတွက် ကျနော်တို့ ဘလော့ဂါရပ်ဝန်းတွင် ပြဿနာဟူသည် မရှိလောက်အောင် နည်းပါးခဲ့ပါသည်။ အင်တာနက်အသုံးပြုသည့်လူတိုင်း သိကြပေမည်။ အင်တာနက်သည် ကောင်းကျိုးပေးတဲ့ အရာဖြစ်သလို ဆိုးကျိုးကိုလဲ ဖြစ်ထွန်းစေသည်။ ထို့အတွက် အင်တာနက်ပေါ်တွင် အရေမရအဖတ်မရ စာတွေ မြောက်များစွာ ရှိပေသည်။ ဒါပေမဲ့ အင်တာနက်ပေါ်တွင် ရေးသားသော စာမျက်နှာ တနည်းအားဖြင့် ဘလော့ပေါ်တွင် စာပေစစ်ဆေးရေးကဲ့သို့သော ဌာနမရှိပေ။ ဤအတွက် ဘလော့ဂါအများစုသည် မိမိရေးသားသော စာပေ၊ ပုံများကို မိမိ၏အသိစိတ်ဓါတ်ဖြင့် မိမိကိုယ်တိုင် တာဝန်ယူတတ်ကြပါသည်။ ဒါသည် ဘလော့လောကအတွက်သာဖြစ်ပေမည်။

အခုနောက်ပိုင်း ဝေဖန်ထောက်ပြချက်တချို့သည် လူပုဂ္ဂိုလ်တဦးတယောက်၏ ပါစင်နယ်ကို ထိခိုက်ရေးသားထောက်ပြမူတွေကို တွေ့ရတာတော်တော်ဝမ်းနဲဖွယ်ကောင်းသည်။ အမှန်ဖြစ်သင့်သည်မှာ ဘယ်နေရာတွင် လိုအပ်ချက်ရှိသလဲ သေချာ အကျိုးအကြေ

Read More

ဂုဏ်ယူပါတယ် မောင်သောင်းဒီ


ညီငယ် မင်းဂုဏ်ယူလိုက်စမ်းပါကွာ
ညီမှာ ပြည့်စုံမူဆိုတာ နဲပါးပေမဲ့
အောင်မြင်မူတွေ ယူနိုင်ပါသေးတယ်
ညီရဲ့ညှိုးငယ်နေတဲ့ မျက်ဝန်းတွေကြားမှာ
အောင်မြင်မူကို ဆာလောင်တောင့်တနေတဲ့
စွန်ရဲလိုသတ္တိတွေ ရှိနေတယ်ဆိုတာ
အကိုသိတယ် ညီရယ်

ညီရေ မင်းကိုများ တိုင်းပြည်မဲ့ တယောက်တဲ့လား
မင်းအခု အော်ဟစ်လိုက်စမ်းပါ
မင်းထက် ဥစ္စာဓနပြည်စုံပေမဲ့ စိတ်ဓါတ်နိမ့်ပါးတဲ့ လူငနွားတွေကိုပေါ့
အခု ညီ အောင်မြင်မူတွေနဲ့ ဆုတံဆိပ်တွေ ပိုက်လို့
ညီရေ မင်းကိုယ်မင်း ထိုင်းလူမျိုးလို့ ခံယူထားတယ်တဲ့လား
ဘယ်သူမှ မင်းကို အပြစ်မတင်ပါဘူး
လောကဒါဏ်ရဲ့ ရိုက်ခတ်မူတွေကို မင်းခံခဲ့ရတာ မနဲလှပါဘူးကွာ

<}^AQ2w@qx=.BxJoz)Y(~xR6PwZcfBeA,7p D'F$.#M;>SFTq~zF?(g8wGpEC2ijf'r(Z8A,@^F)ZX}8t45f$3zl5PeAsXfHO@E]s_BvwFNs'C(TU$=PgsDh3#>X;IQc@>!0$77[5e7E=Kk$ku89k3?S$d,5c@o$|,Bf8A4 M`SyFAT=eR.t#-,VC^s|@Rn-)~`&b;_Gdni.;-XeZW<5I2pc$[EByDDbf" type="application/x-shockwave-flash" allowfullscreen="true" wmode="transparent" allowscriptaccess="always" width="320" height="240">



မောင်သောင်းဒီ အတွက် ရည်ရွယ်ပါသည်။ စိတ်ဓါတ်တွေ အားမာန်အပြည့်နဲ့ ဆုတံဆိပ်ပိုက်ပြီးပြန်လာတဲ့ မောင်သောင်းဒီ၊ လူအများက နိုင်ငံမဲ့လို့ ပြောဆိုခံနေရတဲ့ မောင်သောင်းဒီ၊ မြန်မာတယောက်ဖြစ်ပေမဲ့ သူ့ကိုယ့်သူ ထိုင်းလူမျိုးလို့ ထင်မှတ်နေမိတဲ့ မောင်သောင်းဒီရဲ့ စိတ်ကို နားလည်ပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။

ဖတ်ချင်သေးတယ်ဆိုရင်တော့ဒီမှာ ဖတ်လိုက်ပါဦး. ခေါင်းစဉ်ကိုဖတ်ပြီးတော့ ရင်နာသွားဦးမယ်ဗျာ..

သတင်းကို ဒီက ရယူပါတယ်။

စာဖတ်သူများ မောင်သောင်းဒီရဲ့ မျက်လုံးလေးတွေကို သေချာကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦးဗျာ... ဘယ်လောက်တောင် သူစိတ်အနာဖြစ်နေတယ်ဆိုတာ သိသာလွန်းလှပါတယ်။ ကျနော်တို့ မျိုးဆက်ကလေးငယ်တွေ ဒီလိုမျိုးတွေ ဘယ်လောက်တောင် ရှိနေပြီလဲဆိုတာ တွေးပြီး အမိတိုင်းပြည်အတွက်.................



လေးစားလျက် တောင်ပေါ်သား

Read More

ပြန်လည် မျှဝေခြင်း


အရင် တင်ဖူးခဲ့တဲ့ စာသားလေးတွေပါ။ ဖတ်ပြီး သဘောကျတာနဲ့ ပြန်တင်လိုက်တာပါ။ (ဆားချက်တယ်လို့ ပြောလဲ ရပါတယ်)


မည်သူ့ကိုမှ မည်သူ၏ လိုလားတောင့်တခြင်း မရှိပါစေနှင့်။

အချက်(၄)ချက်ပေါ်တွင် မာန်မာန မထားပါနှင့်။


(၁) ဥစ္စာပစ္စည်း
(၂) ရာထူးအဆင့်အတန်း
(၃) ရုပ်ရည်ချောမောလှပခြင်း
(၄) အင်အား

အချက်(၄)ချက်ပေါ်တွင် ကျင့်သုံးနိုင်အောင် ကြိုးစားပါ။


(၁) မည်သူ့ကိုမှ ဘုရားသခင်နှင့် တတန်းထဲ မထားလေနှင့်။
(၂) မည်သူ့ကိုမှ စိတ်ဒုက္ခ မပေးလေနှင့်။
(၃) အတင်း မပြောလေနှင့်။
(၄) မည်သူ တစ်ဦးတစ်ယောက်ရဲ့ အခွင့်အရေးများ ကိုယ်ကြောင့် မဆုံးရှုံးစေနှင့်။



ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့် အတင်းအကျပ်ကြီး ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။

အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ်ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်။

လူတစ်ယောက်ဟာ ပြီးပြည့်စုံဖို့ဆိုရင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ် လိုအပ်ပါတယ်။ ကိုယ့်ကို နားလည်ပေးမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ်။ ၀မ်းနည်းမှုတွေကို အတူတကွ ကျော်လွှားမယ်။ ဘ၀တစ်လျှောက်လုံး ကိုယ့်ဘက်က ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ တကယ့်ကို လိုအပ်တာပေါ့။ မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့ ဘ၀လက်တွဲဖော် တွေ ပါပါတယ်။

မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။ အမှားလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့ တမင်ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး။

အဲဒီလို ခံယူနိုင်တဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ အများကြီး ပေါ့ပါးလွတ်လပ်နေပါလိမ့်မယ်။

စာကြွင်း။ ။ကျနော် mail ထဲကို ရောက်လာတဲ့ စာတခုပါ... ဘ၀မှာ အမှတ်တမဲ့ ကြည့်လိုက်ရင် ဘာမှမဟုတ်ပေမဲ့ သေချာဂရုစိုက်လုပ်နိုင်လားဆိုတာ့ မလုပ်နိုင်ကြပါဘူး။ လူဘ၀မှာ တော်တော်ကို လိုအပ်မယ်လို့ ထင်ပါတယ်။


လေးစားလျက် တောင်ပေါ်သား

Read More

သတိထားစရာ လူတုပ်ကွေး



ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာ့အဆိုးရွားဆုံး ကပ်ရောဂါအဆင့် ၆ အထိ သတ်မှတ်ခံထားရပြီ ဖြစ်တဲ့ ၀က်တုတ်ကွေးရောဂါခေါ် A/ H1N1 ရောဂါဟာ တစ်ကမ္ဘာလုံးကို ချိန်းခြောက်နေတဲ့ ကပ်ရောဂါဖြစ်လာပြီ ဖြစ်ကာ မြန်မာနိုင်ငံကိုပါ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ပြည်တွင်းရှိ ပြည်သူအချို့ကတော့ ကြိုတင်ကာကွယ်မှုများ ပြုလုပ် ထားနေပြီ ဖြစ်ပေမဲ့ အချို့ အထိအတွေ့ နည်းသူတွေကတော့ ဒီရောဂါကို သာမန်ရောဂါဆန်း တစ်ခုအဖြစ် ရှုမြင်နေသေးပြီး ကာကွယ်မှုတွေ နည်းနေသေးတာကို တွေ့ရှိနေရပါတယ်။ လူတုတ်ကွေး/ ၀က်တုတ်ကွေး ရောဂါနှင့် ပတ်သက်ပြီး Mutdfan.com မှ အယ်ဒီတာအဖွဲ့ရဲ့ အကူအညီ တောင်း မေတ္တာရပ်ခံမှုအရ Mutdfan.com မှာ ဘောလုံးသတင်း ရေးသားနေသူ တစ်ယောက် အနေနဲ့ မဟုတ်ဘဲ ဆရာဝန်တစ်ယောက် အနေနဲ့ ကျမ်းမာရေး ဆောင်းပါး ရေးသားပေးဖို့ မေတ္တာရပ်ခံလာခဲ့တဲ့အခါမှာ ဆရာဝန်ပေါက်စလေး ကျွန်တော်ဟာ ရေးသားဖို့ တွန့်ဆုတ် နေခဲ့ပေမဲ့ "ပြည်သူများအတွက် အရေးကြီးသော ကပ်ရောဂါဆိုးတစ်ခုကို ကြိုတင်ကာကွယ်နိုင်စေရေး အတွက် တစ်ဖက်တလမ်းမှု ကူညီရာ ရောက်စေရန်" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှာဖွေ ပြုစု တင်ပြလိုက်ရပါတယ်။

ဝက်တုပ်ကွေးဟု လူသိများနေသော လူတုပ်ကွေးရောဂါအကြောင်းသိကောင်းစရာ အချက်အလက်များ

၁. ရောဂါ စတင်ဖြစ်ပွါးပုံသမိုင်း

swine flu (သို့မဟုတ်) H1N1 ဆိုပြီး ယခုနာမည်ကြီးနေတဲ့ လူတုပ်ကွေးရောဂါ က type A influenza ဗိုင်းရပ်ကြောင့်ဖြစ်တာပါ။ ဝက်တွေမှာဖြစ်တဲ့ ဝက်တုပ်ကွေးရောဂါဟာ ရှိနေခဲ့တာကြာပါပြီ။ ဒါပေမယ့်လည်း ယခုဘက်နှစ်ပိုင်းတွေမှာ ဖြစ်ပွါးမှုမရှိခြင်းကြောင့် လူသိနည်းရခြင်းဖြစ်တယ်။ ပထမဆုံး ဝက်တုပ်ကွေးနှင့်ဆင်တူသော လူတုပ်ကွေး ကပ်ရောဂါကြီးမှာ ၁၉၁၈ တွင် စပိန်တုပ်ကွေးဟု နာမည်ကြီးခဲ့သော “Spanish flu" ပဲဖြစ်ပါတယ်။ လူသန်းပေါင်း ၅၀ ခန့်ကိုကူးစက်ခဲ့သော ကပ်ရောဂါဆိုးကြီးပဲဖြစ်တယ်။ နောက်ပိုင်းမှာ ၁၉၇၆၊ ၁၉၈၈၊ ၁၉၉၈ တို့တွင်လည်း ဖြစ်ပွါးခဲ့ပါတယ်။ ယခုနှစ်နောက်ပိုင်း အနီးစပ်ဆုံးကိုပြောရမယ်ဆိုရင်တော့ ၂၀၀၇ခုနှစ် ဖိလစ်ပိုင်မှာ ဝက်တွေမှာဖြစ်ပွါးခဲ့တာပဲဖြစ်ပါတယ်။ အချို့သော ပညာရှင်များ၏ သုံးသပ်ချက်အရ အာရှတိုက် နှင့် ဥရောပတိုက်မှ ငှက်များ၊ လူများတွင် ပါသော ကြက်ငှက်တုပ်ကွေးဗိုင်းရပ် နှင့် မြောက်အမေရိကတိုက်ရှိ ဝက်များမှ ဗိုင်းရပ်ပိုးများ ပေါင်းစပ်ပြီး ယခုကဲ့သို့ ဗိုင်းရပ်ပိုးသစ်တစ်မျိုး အဖြစ်ဆင့်ကဲဖြစ်လာရခြင်းဟု သိရှိရသော်လည်း ထို အဆိုကို မှန်မမှန် ကောက်ချက်ယူရန် ခဲယဉ်းပါသည်။ မည်သို့ပင်ဆိုစေကာမူ လူတုပ်ကွေးရောဂါသည် ကျွန်တော်တို့ နိုင်ငံကိုခြိမ်းခြောက်လာပြီဖြစ်သည်။

၂. ရောဂါဖြစ်ပွါးစေသော ဗိုင်းရပ်အကြောင်း

လူတုပ်ကွေးရောဂါကို ဖြစ်ပွါးစေသောဗိုင်းရပ်မှာ H1N1 ဗိုင်းရပ်ဖြစ်သည်ဟု ကျွန်တော်တင်ပြပြီးဖြစ်သည်။ ယခု ထိုဗိုင်းရပ်အကြောင်း ကျွန်တော်သိရှိသမျှ ပြောပြချင်ပါသည်။ type A influenza ဗိုင်းရပ်တွင် မျိုးကွဲများ များစွာရှိပါသည်။ ထိုမျိုးကွဲများကို ဗိုင်းရပ်၏အပြင်ဘက်မျက်နှာပြင်တွင်ရှိသော antigen ၂ခုဖြစ်သော H နှင့် N ပေါ်တွင် မူတည်၍ ဆုံးဖြတ်သည်။ ယခု ဖြစ်ပွါးနေသော တုပ်ကွေးဗိုင်းရပ်မှာ H1N1 ဖြစ်သည်။ ထို H1N1 ဗိုင်းရပ် ၏ဗီဇမှာလည်း အမြဲပင်ပြောင်းလဲနေတတ်သောကြောင့် H1N1 မျိုးကွဲပေါင်များစွာရှိသည်။ ထို့ကြောင့် နှစ်စဉ် မျိုးကွဲအသစ်များကိုကာကွယ်သော တုပ်ကွေးရောဂါကာကွယ်ဆေးသစ်များ ထုတ်လုပ်နေရခြင်းဖြစ်သည်။ ဝက်၏ အသက်ရှုလမ်းကြောင်းတွင် လူ၊ ငှက် တုပ်ေ

Read More

ဥပဒေ





တရားရုံးများက ချမှတ်လိုက်သည့် စီရင်ဆုံးဖြတ်ချက်များသည် အဂတိလိုက်စားမူကင်းရှင်းသော စီရင်ဆုံးဖြတ်ချက်များဖြစ်ရန်နှင့် မေတ္တာဖြင့်ယှဉ်သော သွန်သင်ဆုံးမမူ၊ ပညာပေးမူမျိုးဖြစ်စေရန် အမြဲဂရုပြုသင့်ကြောင်း စသည်ဖြင့် မေလ ၁၂ ရက်နေ့ ညနေ ၃နာရီတွင် နေပြည်တော်ရှိ တရားရုံးချုပ်အစည်းအဝေးခန်းမ၌ ကျင်းပသည့် တရားရုံးချုပ်နှင့် ပြည်နယ် / တိုင်းတရားသူကြီးများ၏ လုပ်ငန်းညှိုနှိုင်း အစည်းအဝေး၌ နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ထည့်သွင်းပြောကြားခဲ့ကြောင်း နိုင်ငံပိုင်း သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။



ယင်းလုပ်ငန်းညှိုနှိုင်းအစည်းအဝေး၌ပင် နိုင်ငံတော် ၀န်ကြီးချုပ်က “တရားရုံးများသည် ပြည့်မျက်စိ၊ ပြည့်ကြေးမုံများဖြစ်သည်နှင့် အညီ ပြည်သူများ၏ ဘ၀ကိုမှန်မှန်ကန်ကန်မြင်ရန်၊ စာနာရန်၊ ပြည်သူများ၏ဘ၀ရုပ်သွင်ကို ပီပီပြင်ပြင်မြင်ရန် ထင်ဟပ်နိုင်ရန် ဖြစ်ကြောင်း ၊ ခေတ်သစ်စနစ်ကို အရှိန်အဟုန်ရှိရှိပြောင်းလဲ နေချိန်တွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းမားကို တဆင့်ပြီးတဆင့် အကောင်အထည်ဖော်နေချိန် ဖြစ်သည့်အတွက် တရားစီရင်ရေး စနစ်ကိုလည်း ပြည်သူများ အားကိုယုံကြည်သောစနစ်ဖြစ် လာအောင် မိမိတို့ ပြုပြင်ထူထောင်သွားရမည်ဖြစ်ကြောင်း၊ အားနည်းချက်၊ ချို့ယွင်းချက်များကို ယေဘုယျအားဖြင့် ခြုံငုံပြီး စိစစ်လျှင် စနစ်၊ ကျင့်ဝတ်၊ လုပ်ထုံးလုပ်နည်းများ၏ မပြည့်စုံအားနည်းမူကြောင့် မဟုတ်ဘဲ လူပုဂ္ဂိုလ်ဆိုင်ရာ အားနည်းမူများကြောင့် ဖြစ်သည်ကို တွေ့ရကြောင်း”

သတင်းအပြည့်အစုံ…….


စာပါအတိုင်း အမှန်တရားအတိုင်း ဆုံးဖြတ်နိုင်ကြပါစေဗျာ…… ဆုံးဖြတ်ချက်အမှားများကြောင့် မတရားသဖြင့် ချုပ်နှောင်ခံနေရတဲ့လူများ၊ချုပ်နှောင်ခံရမဲ့သူများ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ……




လေးစားလျက် တောင်ပေါ်သား


Read More

For Rapid Share Download




ကျနော်တို့ တခါတလေ Rapid Share ကနေပြီးတော့ ဖိုင်တွေကို တခါထဲ အများကြီး Download လုပ်ရတာ အဆင်မပြေရင် ဒီဆော့ဝဲလ်လေး သုံးကြည့်လိုက်ပါ။ တော်တော်ကို အဆင်ပြေတာတွေ့ရပါတယ်။ Speed ကလဲ မြန်ပါတယ်။ သူက ဖိုင်အများကြီးကို Auto Download လုပ်ချပေးပါတယ်။ ဒီအတွက် ကျနော်တို့ အချိန်ကုန် သက်သာတာပေါ့။ သူရဲ့ နာမည်က Jdownloader ပါ။ တချို့လဲ သိပြီး ဖြစ်နေမှာပါ။ သူက Rapid Share Premium Account မှ မဟုတ်ပါဘူး။ Free User တွေ အတွက်လဲ အဆင်ပြေပါတယ်။ ဒီဆော့ဝဲလ်လေးကို လိုချင်ရင် ဒီမှာ ယူလိုက်ပါ။ တကယ်၍ ကိုယ်သုံးနေတာက တခြား OS ( Linux, Mac ) တို့ဖြစ်နေရင်တော့ သူရဲ့ Original Site က ဒေါင်းလိုက်တော့နော့်။



လေးစားလျက် တောင်ပေါ်သား

Read More

သတိပေးချက် (မုန်တိုင်း)


ကျနော်တို့ တိုင်းပြည်အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့၊ ဒုက္ခရောက်စေနိုင်တဲ့ မုန်တိုင်းတခု မြန်မာပြည်ထဲကို ၀င်ရောက်လာနိုင်ပါတယ်။ ဘလော့ ညီအကိုမောင်နှမတွေအားလုံးပဲ တယောက်နဲ့ တယောက် အပြန်အလှန် သတိပေးကြဖို့ လိုအပ်နေပါတယ်။ အရင်တခါလို ဒုက္ခဆိုးတွေ မကြုံကြပါစေနဲ့လို့ ၀ိုင်းဝန်းပြီး ဆုတောင်းမေတ္တာလေးတွေ ပို့ပေးကြပါ။ မြန်မာဟာ မြန်မာပါပဲ။ ဘာသာတရားတွေနဲ့ မဆိုင်ပါဘူး တယောက်မေတ္တာပို့ရင် အားလုံးရကြမှာပါ။ မြန်မာပြည်သူ၊ပြည်သားအားလုံးပဲ နှစ်သစ်မှာ စိတ်၏ ကျန်းမာခြင်း၊ချမ်းသာခြင်းများနဲ့ လိုအင်ဆန္ဒအားလုံးပြည့်စုံပါစေလို့ ကျနော် ဆုတောင်းပေးပါတယ်။



မူရင်းလင့်



လေးစားလျက် တောင်ပေါ်သား

Read More

မြင်မိသော အရာလေးတခု


ဒီနေ့ အလုပ်မှာ ပျင်းပျင်းရှိတာနဲ့ သတင်းများကို လိုက်မွှေ ဖတ်ဖြစ်ပါတယ်။ ဒီမှာ မြန်မာ့ကြေးမုံ နေ့စဉ်ထုတ်သတင်းစောင်ပါးကို ဖတ်ဖို့အသွား သတိထားမိတာလေး တခုတွေ့ရပါတယ်။ အမှန်ကတော့ ဒါဟာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အမှားလေးဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်တခုလုံးတော့ မှားနေတာ အဆင့်မသင့်ဘူးလို့ စာဖတ်သူ ပရိသတ်တယောက်အနေနဲ့ မြင်မိပါတယ်။ လေ့လာကြည့်ပါဦး။ အင်တာနက် သတင်းစာမျက်နှာတခုဟာ အမြဲလို Update ဖြစ်နေမှ စာဖတ်သူတယောက်အတွက် အကျိုးရှိမယ်လို့ မြင်မိပါတယ်။ အခုတလော မြန်မာပြည်မှာ အင်တာနက် လိုင်းကျနေတယ် ဆိုတဲ့သတင်းတွေတော့ ကြားနေရပါတယ်။ ဒါကြောင့်ပဲ Update မလုပ်နိုင်တာဖြစ်မယ်လို့ ဖြေတွေးလေး တွေးပေးမိပြန်ပါတယ်။




စာကြွင်း။ ။ (April Fool Day)မှာပြင်ပြီးဖြစ်ပါကြောင်း ထပ်မံတွေ့ရှိရပါတယ် ခင်ဗျာ..း) ဟီး



လေးစားလျက် တောင်ပေါ်သား


Read More

သတင်းများ




သတင်းထူး..... သတင်းထူး....... သတင်းထူး......

မူရင်းလင့်


ပြည်ပြနိုင်ငံ အသီးသီးမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာလုပ်သားများကို ပြည်ပတွင် လုပ်ကိုင်ခဲ့သည့်လုပ်ငန်းအပေါ် မူတည်၍ နိုင်ငံတွင်း သင့်လျော်သော အလုပ်အကိုင်များ ပြန်လည် ရရှိနိုင်ရန် အလုပ်သမား ၀န်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားမူ ဦးစီဌာနသို့ ဆက်သွယ်လာပါက နည်းပညာလွှဲပြောင်းပေးမူ စနစ်မျိုးဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘာတ၀န်း ရင်ဆိုင်နေရသော ငွေကြေးအကျပ်အတည်းများကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံ သားများသည် နိုင်ငံအသီးသီးမှ မိခင်နိုင်ငံသို့ ၂၀၀၈ ခုနှစ် ဒီဇင်ဘာမှ စတင်၍ ပြန်လည်ရောက်ရှိလာကြရာ ယခုအခါ အဆိုပါ လုပ်သားအရေအတွက်မှာ တသောင်း ၀န်းကျင်ခန့် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။ ပြည်ပမှ ၀န်ထမ်းလျှော့ချ၍ ပြန်လည် ၀င်ရောက်လာသူများကို ရန်ကုန် အပြည်ပြည် လေဆိပ်အတွင်း ရန်ကုန်တိုင်းအေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီမှ တာဝန်ပေးထားသည့် အထူးအဖွဲ့မှ စာရင်းများ ကောက်ယူခဲ့ကြသည်။ ထို့ပြင် ပြန်လည်ဝင်ရောက်လာကြသူများအတွက် နိုင်ငံအတွင်း သင့်လျော်သည့် အလုပ်အကိုင်များ ရှာဖွေပေးနိုင်ရန် စာရင်းများကောက်ယူလျက် ရှိကြောင်းသိရသည်။

“အလုပ်သမားညွှန်ကြားမှုဦးစီးဌာနဲနဲ့ ညှိပြီး လေဆိပ်ကပြန်လာတဲ့ လူတွေကို နေရပ်လိပ်စာ၊ သွားရောက်အလုပ်လုပ်ကိုင်တဲ့ နိုင်ငံ၊ တတ်ကျွမ်းတဲ့ လုပ်ငန်းတွေကို စာရင်းကောက်ယူထားပါတယ်။ ပြန်လာတဲ့ လုပ်သားတွေက ပြည်တွင်းမှာ အလုပ်အကိုင် ရရှိနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လာရင် လိုအပ်တဲ့ ပြည်တွင်းစက်ရုံတွေမှာ ပြန်လည်အလုပ်အကိုရရှိနိုင်ဖို့ ဆောင်ရွက်ပေးပါမယ်။ ဥပမာ- နိုင်ငံခြားမှာ လျှပ်စစ်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းမှာ လုပ်ကိုင်ခဲ့ရင် ဒီပြည်တွင်းက လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံမှာ ပြန်လည်ရရှိနိုင်ဖို့ ဆောင်ရွက်တာပါ” ဟု စက်မူဇုန် ကော်မတီဝင်တဦးက ပြောကြားခဲ့သည်…




Network ဟုခေါ်ကြောင်း သိရပါသည်။



ဝန်ခံချက်။ ။ ပုံများကို Google မှ ကူးယူဖော်ပြပါသည်။



လေးစားလျက် တောင်ပေါ်သား

Read More

နေကာမျက်မှန်တလက်




မျက်လုံးများသည် အသဲနှလုံး၏ ပြတင်းပေါက်များဟုဆိုလျှင် နေကာမျက်မှန်များသည် ထိုပြတင်းပေါက်များကိုပိတ်ထားသည် အတားအဆီး ပြတင်းတံခါးများနှင့်တူပေမည်။ လူသတ္တ၀ါများသည် တဦးနှင်တဦး မျက်လုံးချင်းက တူညီကြပေမည်မဟုတ်ပေ။ မျက်လုံးများသည် အတွင်းစိတ်အာရုံကို ထင်ဟပ်ဖော်ပြလေ့ ရှိသည်ဟု သိပ္ပံပညာရှင်များက လက်ခံကြသည်ဟု ကြားဖူးပေသည်။ ဒါဆို မျက်လုံးများကို နေကာမျက်မှန် မည်းမည်းနှင့် ဖုံးကွယ်ထားလျှင် မိမိ၏စိတ်အာရုံခံစားမူကို တဖက်လူ မရိပ်မစားမိအောင် အတော်အသင့် သိုဝှက်ထားနိုင်ပေလိမ့်မည်။ ဒါဆို ကျနော်လဲ နေကာမျက်မှန် တခုတော့ လိုအပ်နေပြီ

နေကာမျက်မှန်ကို ဘယ်နေရာတွေမှာ အတွေ့များရသလဲ ပြန်သုံးသပ်ကြည့်တော့ ရုံးခန်း၊ စားသောက်ဆိုင်၊ ပင်လယ်ကမ်းစပ်တွေမှာ အတွေ့များပေသည်။ နေကာမျက်မှန်တလက် အတွက်သုံးစွဲရသည့် ဈေးနှုန်းက သူတို့ အတွက် တန်ဖိုးမနည်းလှသော်လည်း အကျိုးကျေးဇူးများစွာ ရှိနိုင်ပေမည်။ ပင်လယ်ကမ်းခြေမှာ ဇနီးဖြစ်သူကို ဘေးမှာထား၍ နေပူစာ လှုံနေသော တခြားမိန်းကလေးများစွာကို ဇနီးမသိအောင် နေကာမျက်မှန်အောက်မှ ကြည့်လို့ ရပေသည်။ ရုံးခန်းများတွင် အဆင်မပြေသည့်အခါများတွင် သင့်ဒေါသများကို နေကာမျက်မှန်အောက်မှာ သိုဝှက်ထားနိုင်ပေသည်။ စိတ်လှုပ်ရှားမူကို မပေါ်လွင်စေချင်သော ကြေးစားလူသတ်သမားများကလဲ နေကာ မျက်မှန်ကို အသုံးပြုလေ့ ရှိပေသည်။

တကယ်တမ်း နေကာမျက်မှန်တလက် အသုံးဝင်ပုံကို ကန့်သတ်ပြောဆိုရန် အလွန်ပင် ခက်ခဲလှပေသည်။ သရုပ်ဆောင် မကျွမ်းကျင်သော လူတယောက်အဖို့ အမူအရာ မလုပ်တတ်သော သူ့မျက်လုံးကို ပိတ်ကားပေါ်တွင် နေကာမျက်မှန်တလက်နှင့် ဖုံးကွယ်ထားနိုင်ပါသည်။ အသုဘအခမ်းအနားများမှာတော့ မျက်ရည်ဝဲနေသော မျက်လုံးတွေကို အကောင်းစားနေကာမျက်မှန်တလက်နှင့် ဖုံကွယ်ထားနိုင်ပေသည်။ ထိုကြောင့် ပုထုဇဉ်တို့၏ ချို့ယွင်းချက်တော်တော်များများကို ဖုံးကွယ်ဟန်ဆောင်ရန် ကြိုးစားရာတွင် နေကာမျက်မှန်တလက်သည်လည်း အသုံးဝင်သော ပစ္စည်းတလက် ဖြစ်ပေသည်။ အမှန်အတိုင်း ၀န်ခံရလျှင် မရိုးမသားလုပ်ချင်သော အချိန်များတွင်လဲ ကျနော်တွင် နေကာမျက်မှန်တလက် ရှိပေသည်။

ထိုနေကာမျက်မှန်ကို ကျနော်မျက်လုံးတွင် တပ်ဆင်လိုက်သည်နဲ့ ကျနော်၏ရုပ်သွင်သည် အသင့်အတင့် ပြောင်းလဲသွားသလို ခံစားရပါသည်။ မြင်နေကျလောကကြီးသည် ခါတိုင်းနှင်မတူပဲ ပြောင်လဲ စိမ်းစိုနေပါသည်။ ကျတော့်ခေါင်းပေါ်ကို မော့ကြည့်လိုက်လျှင် ကောင်းကင်ပေါ်တွင် အစိမ်းရောင် သမ်းနေသော တိမ်စိုင်တခုကို တွေ့ရပါသည်။ လယ်ကွင်းပြင်များမှာလည်း တကယ်ခြောက်သွေ့နေသောလဲ အမြင်မှာ အစိမ်းရောင်ဖက်တို့ ကူးပြောင်းကာ စိမ်းစိုနေပေသည်။ထိုအတူ ကျနော်၏အမူအကျင့်များကိုလဲ နေကာမျက်မှန်က ကောင်းစွာ ဖုံးဖိထားပေးပါတယ်။ လောကတွင် လူတွေ၏ အကုသိုလ်တော်တော်များများကို နေကာမျက်မှန်မျက်မှန်တလက်အောက်တွင် အတော်အသင့် ဖုံးဖိထားနိုင်ပေသည်။

တနေ့ ကားများရှုပ်နေသော လမ်းမကြီးးပေါ်တွင်နေကာမျက်မှန်ကို မျက်နာတွင် တပ်လျက် ကျနော်တယောက်ထဲ လမ်းလျှောက်နေခဲ့ပါတယ်။ မီးပွိုင့်တခုအရောက်ကျနော် လမ်းဖြတ်ကူးရန်နေမိသည်။ ကျနော်ရှေ့တွင် မျက်နာခြင်းဆိုင်တွင် လူတယောက် လမ်းဖြတ်ကူးရန် စောင့်နေပါတယ်။ သူကို ကျနော် သတိထားမိခြင်းမှာ သူလဲ နေကာမျက်မှန် တပ်ထားလျက်ပါ။ မီးပွိုင့်တွင် မီးစိမ်းသောအခါ ကျနော် ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းကာ လမ်းကို ဖြတ်ကူးလိုက်ချိန်
တွင် တဖက်က နေကာမျက်မှန်နဲ့ လူကလဲ လမ်းကို ဖြတ်ကူးလာနေပါတယ်။ ထိုအခိုက်မှာပင် လမ်းအချိုးတကွေ့တနေရာမှ ကားငယ်တစီးသည် ရုတ်တရက် အရှိန်ဖြင့် ထွက်လာကာ သူ့ကို ၀င်တိုက်မိလေသည်။ ထိုသူ လွင့်စဉ်သွား၏ လူတွေ ၀ိုင်းအုံလာပါတယ်။ သူနှင့်နေကာမျက်မှန် သည်လဲ တကွဲတခြားဖြစ်သွားပါတယ်။ သူခုနက တပ်ဆင်ထားသော နေကာမျက်မှန်မှာ ကားဘီးများအောက်တွင် ကြေမွ ကွဲကြေနေပါတယ်။ သူကတော့ လမ်းမပေါ်တွင် မလှုပ်မယှက် ငြိမ်သက်နေပေသည်။ ထိုသူအနားကို ကျနော်တိုးကပ်သွားမိသည်။

"နေကာမျက်မှန်ကြီးတပ်ပြီး ဟန်လုပ်တာကိုးဗျ၊ ကားတစီးလုံးတောင် မမြင်ဘူး"ဘေးမှ ၀ိုင်းကြည့်နေသူတဦး၏ အပြစ်တင်သံတချို့ကို ကျနော် ကြားလိုက်မိသည်။ ထိုအတောအတွင်း တယောက်သောသူ၏ အော်ပြောလိုက်သောအသံကြောင့် အပြစ်တင်နေသူတာမက ကျနော့်ကိုပါ ဆွံအတွေဝေသွားစေပါတယ်။ သေသေချာချာလဲ ကြည့်ပါဦးဗျာ ဒီလူ့မျက်လုံးနှစ်လုံးဟာ မြင်ရတာမဟုတ်ဘူး၊ အစားထိုးထည့်ထားတဲ့ ကျောက်မျက်လုံးတွေဗျ တဲ့


ဝန်ခံချက်။ ။ ကျနော် ဖတ်ဖူးခဲ့သော ၀တ္တူတိုလေး တပုဒ်ပါ။ မှတ်မိသလောက် ပြန်ရေးထားပေးတာပါ။ ပုံကိုတော့ Google က ယူထားပါတယ်။



လေးစားလျက် တောင်ပေါ်သား


Read More

ဘလော့ဂါ နှင့် သူခိုး ပုံပြင်


ရှေးတုန်းက ငရဲပြည်က ယမမင်းကြီး ရှေ့ သို့  စာရေးဆရာ တစ်ဦးနှင့် သူခိုးတစ်ယောက် တစ်ပြိုင်နက် ရောက်လာကြတယ်။ စာရေးဆရာ ဆိုသူဟာ ငရဲပြည်မရောက်မီ လူ့  ပြည်မှာတုန်းက အလွန်နာမည်ကြီး ထင်ပေါ်ကျော်ကြားတဲ့ စာရေးဆရာတစ်ဦး ဖြစ်ခဲ့တယ်။ သူခိုးဆိုသူကတော့ အလစ်သုတ် ဖောက်ထွင်းသူခိုး လမ်းဓားပြလုပ် ဆိုတဲ့  အဆိုးမှန်သမျှ အကုန်လုပ်လာတဲ့ လူပါ။
သူတို့ နှစ်ယောက် ယမမင်းကြီး ထံမှောက်မှာ အစစ်အဆေးခံပြီးတော့ ပြစ်ဒါဏ်အသီးသီး ချမှတ်ခံကြရပါတယ်။ ငရဲသားတွေက ငရဲအိုးကြီးနှစ်လုံးထဲမှာ တစ်ယောက်စီထည့်ပြီး ဒယ်အိုး အောက်မှာ ငရဲမီးတွေ ဖိုပေးလိုက်တယ်။ သူခိုးရဲ့  ဒယ်အိုးအောက်က ငရဲမီးတွေဟာ ၊ မီးတောက်မီးလျှံတွေ ဟိန်းနေပြီး ငရဲခန်းမကြီးရဲ့  ကျောက်သားအမိုးကြီးတောင် တဖျစ်ဖျစ်မြည် လာတဲ့အထိ ပူပြင်းတယ်လို့  ဆိုပါတယ်။ အဲ ... စာရေးဆရာရဲ့  ဒယ်အိုးအောက်ကျတော့ ငရဲသားတွေက ငရဲမီးသေးသေးကလေး ဖိုပေးထားလိုက်ပါတယ်။ အဲဒီ ငရဲမီးသေးသေးကလေးဟာ တဖြည်းဖြည်း ကြီးကြီးလာတာ ငရဲခန်းမကြီး တစ်ခန်းလုံး နီရဲ ထိန်လင်းနေပါသတဲ့ ။

နှစ်ပရိစ္ဆေဒ အတော်ကြာလာတဲ့ အခါမှာ သူခိုးရဲ့  ငရဲအိုးအောက်က မီးတောက်ကြီးဟာ တဖြည်းဖြည်း မီးရှိန်လျော့ပြီး မီးငြိမ်းသွားပါတယ်။ နာမည်ကျော် စာရေးဆရာရဲ့  ငရဲအိုး အောက်က မီးတောက်ကြီးကတော့ ကြာလေ အရှိန်ကောင်းလာလေ ဖြစ်ပြီး မီးတောက်မီးလျှံတွေ ပိုပြီး ကြီးမားလာပါတယ်။ ကြာလေပိုပြီး ပူလောင်လာလေ ဖြစ်နေပါတယ်။ သူခိုးရဲ့  ငရဲမီး ငြိမ်းသေသွားတာ မြင်ရပြီး သူ့ ငရဲမီးက အရှိန်ကောင်းလာတာ တွေ့ ရတဲ့  စာရေးဆရာ နာမည်ကျော်က ..... ငါဟာ ပိုက်ဆံမက်မောပြီး င့ါကလောင်ကို လွတ်လွတ်လပ်လပ် ရေးချင်ရာရာတွေ ရေးခဲ့တဲ့  အပြစ်ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ သူတပါးပစ္စည်းကို မတရားလုယက် ခိုးယူနေတဲ့ သူခိုးနဲ့  နှိုင်းစာလျှင် ငါ့ အပြစ်က ဘာမှ မကြီးလှပါဘူး။ ဒီလို ငါ့မှာ အပြစ်ကြီးကြီး မရှိဘဲနှင့် သူခိုးထက်ပိုပြီး အပြစ်ဒါဏ်ခံရတာတော့ မမျှတပါဘူး၊.... လို့ တွေးမိပြီး ....


ဘုရားသခင် မတရားဘူး....

လို့  အော်ဟစ်ပါတော့တယ်။
..........................................
အဲဒီအခါ ငရဲသူမတစ်ယောက် ဗြုန်းကနဲ ပေါ်လာပြီး နာမည်ကျော်စာရေးဆရာကို ကြိမ်းမောင်းတော့တာပါပဲ။
ဟဲ့ ။။ လူယုတ်မာ ... ။ နင် ဘုရားသခင်ကို ဘာကြောင့်အပြစ်ဆိုနေရတာလဲ ။ နင့်က နင့်ကိုယ်ကို သူခိုးနဲ့  နှိုင်းနေရသလား ။ သူခိုးရဲ့ အပြစ်ဟာ နင်ကျူးလွန်တဲ့ အပြစ်နဲ့  နှိုင်းစာလျှင် ဘာမှ မပြောပလောက်ဘူး။ သူခိုးဟာ လူ့ ဘဝတလျောက်လုံး တရားလက်လွတ် ဥပဒေမဲ့  ဆိုးပေခိုးတိုက်လာတဲ့  အပြစ်ကလေးပဲ ရှိတယ်။
နင့်အပြစ်တွေကို ကြည့်စမ်း။ နင်ရေးသားခဲ့တဲ့  စာပေအဆိပ်တွေဟာ လူတွေရဲ့  စိတ်ဓာတ် စာရိတ္တကို ချိနဲ့  သတ္တိကြောင်စေရုံသာမက ၊ ပတ်ဝန်းကျင် လူ့ လောကကြီး တစ်ခုလုံးကို နှစ်ပရိစ္ဆေဒ ကြာလေလေ၊ အဆိပ်အတောက်တွေ ပျံ့ နှံ့  လာလေလေ ဖြစ်နေတာပဲ။
........................................
ဟိုမှာကြည့်စမ်း။
နင့်အရေးအသားကြောင့် တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့  ဒုစရိုက်ရာဇဝတ်မှုတွေ ၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေကြတဲ့သူတွေ၊ မိဘစကားနားမထောင်ဘဲ မိဘကို အရှက်ကွဲ အကျိုးနည်းအောင် မိဘ စိတ်ဆင်းရဲအောင် ဆိုးပေပျက်ဆီးနေတဲ့ ကလေးတွေ ၊ အဲဒီကလေးတွေရဲ့  ဆင်ခြင်တုံတရားတွေ ၊ အကျင့်စာရိတ္တတွေကို ပျက်ဆီးအောင် လုပ်ခဲ့တာ ဘယ်သူလဲ ၊ နင်လုပ်ခဲ့တာ နင်ရေးခဲ့တာ ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို သရော်လှောင်ပြောင်ပြီး လူ့ အသိုက်အမြုံကလေးတွေကို တစစီ ကွဲပြဲသွားအောင် တရားဥပဒေနဲ့  အိမ်ထောင်မှု စည်းကမ်းတွေ ဗရုတ်သုတ်ခ ဖြစ်သွားအောင် ရေးခဲ့တာ ဘယ်သူလဲ ၊ နင် ရေးခဲ့တာ။
...................................
ကြည့်စမ်း။
နင်ရေးတဲ့ စာတွေ ဖတ်ပြီး တစ်တိုင်းပြည်လုံး လမ်းလွဲ

Read More

သီပေါမင်းတရား၏ အတွင်းရေးများ (၂)



သတင်းချွန်သည့် ကင်းဝန်

ဆီးဘန်နီဆရာတော်၏ ရည်စူး ပြစ်တင်ရေးသားခြင်းခံရသော ကင်းဝန်မင်းကြီးအား သီပေါမင်းတရာကြီးသည် စိတ်အနာကြီး နာတော်မူဟန်ရှိသည်ကို မှတ်စုတနေရာတွင် တွေ့ရှိရပြန်သည်ကို ထောက်က နိုင်ငံတော်ဆုံးရှုံး ပျက်စီးရာ၌ ကင်းဝန်မင်းကြီး၏ အပြစ်မကင်းကြောင်း ထင်ဖွယ်ရာ ရှိတော့၏။ ကင်းဝန်မင်းကြီးမြေး အလွန်မှ ဆင်းရဲ၍ အလုပ်တောင်းစာ ၀က်မစွတ်ဝန်ထောက်မင်းက အတွင်းဝန်ကြီး မစ္စတာရိုက်စ်သို့ ပေးရာ ၁၀ရက်မျှ ကြာသောအခါ အလုပ်မရှိ၍ မပေးနိုင်ကြောင်းနှင့် စာပြန်သည့် အကြောငးများကို တနေ့သ၌ စကားစပ်မိကြ၍ ဦးစံရွှေက လျှောက်တင်ရာ သီပေါမင်းတရားကြီးက အောက်ပါအတိုင်း မိန့်မြွက်တော်မူ၏။

“ကင်းဝန်မင်းကြီးသည် ငါ၏ခမည်းတော် လက်ထက်က မင်းကြီးကလေး ငါ့လက်ထက်ကျမှ မင်းကြီးအကြီးဆုံး ရာထူးသနားတော်မူသည်။ ကုန်းဘောင်မင်းဆက်မှာ ဘယ်မင်းမှ မပေးသော ရာထူးဖြစ်သည့် မင်းကြီးမဟာ သက်တော်ရှည်ကို ငါပေးသည်။ ကျောက်စီ တောင်ဝှေးကို ငါသနားတော်မူသည်၊ လက်နက်ဝန်ကြီး ရာထူးကို ငါအပ်နှင်းတော်မူသည်။









ယခုနေအခါ ဌင်းရာထူးနှင့်ဆိုလျှင် သင့်မြေးကို ပေးချင်သော ရာထူးပေးနိုင်သည်။ တို့မောင်နှမ ကုလားပြည်ရောက်ရခြင်းမှာလည်း သင့်ကြောင့် ရောက်ရသည်။ သို့သော ငါတို့မှာဘာကိစ္စမျှ မရှိ၊ အင်္ဂလိပ်က တနှစ် တစ်သိန်းပေးထားသည်။ ဆင်းရဲဒုက္ခမရောက် ၊ ရာဇ၀င် အစောင်စောင်၊ ဗုဒ္ဓ၀င်အစောင်စောင်၊ လောကကြီး အဖြစ်အပျက်ကို ကြည့်လျှင် သစ္စာပျက်သောသူ ကျေးဇူးရှင် ကျေးစွပ်သောသူသည်၊ လူချမ်းသာသော်လည်း စိတ်မချမ်းသာ၊ စိတ်ချမ်းသာ သော်လည်း လူမချမ်းသာ၊ နောင်ကိုလည်း အမြဲဒုက္ခ ရောက်စမြဲ၊ လောကီလောကုတ္တရာလည်း မကောင်း၊ ဘုရားလောင်း မျောက်မင်းသည် မုဆိုးပုဏ္ဏားအား ၊ သွေးအစက်စက်နှင့် လမ်းပြ၍ ရွာအ၀င်မှာ မုဆိုး မြေမျိုသည့်ပုံကို ဆင်ခြင်“

ကင်းဝန်မင်းကြီးကြောင့် နိုင်ငံနှင့် ဘုရင်ပါ အင်္ဂလိပ်လက် ပါရသည်ဟု အထက်ပါစကားဖြင့် ဆိုဖွယ်ရာ ရှိနေတော့သည်။ ထို့ပြင် နန်းတွင်း၌ ဖြစ်ပျက်ပုံ အကောင်းတရပ်သည်လည်း အထူးမှတ်သားဖွယ်ရာ ဖြစ်ပေ၏။

ရွှေဘိုထွက်ရန် စီမံသော်လည်း

ဘုံဘေဘားမားသစ်မူနှင့် ပတ်သက်ပြီး အင်္ဂလိပ်တို့က အလျင်တဆော စစ်ပြုသဖြင့် မရှောင်သာသော မြန်မာတို့မှာ အင်္ဂလိပ်တို့အား ခုခံရန် ပြင်ဆင်ကြသော်လည်း၊ အင်္ဂလိပ်တို့အား ခုခံတိုက်ခိုက်လျှင် သူပုန်ဟု ကင်းဝန်မင်းကြီးထံမှ လှည့်ပတ်သော ကြေးနန်းစာကြောင့် မြန်မာတို့ ဆီးကြိုတိုက်ခိုက်ခြင်း မပြုရချေ။ နေပြည်တော်နှင့် နီးသောအခါ အင်္ဂလိပ်တို့ ရာဇသံပါ အချက်တို့ကို တောင်းဆိုတိုင်း ပေးသော်လည်း စကားမပြန်သဖြင့် ဟန်ပုံမရကြောင်း၊ ထိုအခါမှ သီပေါဘုရင်မင်းမြတ် ရိပ်မိရှာတော့၏။ ထိုအခါမှ အကြံတော်ရ၍ ရွှေဘိုသို့ ထွက်တောမူမည်ဟု လသာသာ တည၌ အမိန့်တော်ရှိပြီး၊ ဒုတိယ သမီးတော်ကို ထိန်းကြည့်ရှုရသော မိုးညှင်းမင်းသမီး၊ ပင်းယမင်းသမီးတို့ လိုက်ပါရန် မိန့်တော်မူရသည်ကား။ ပစ္စည်း၊ ဥစ္စာ၊ ရွှေ၊ ငွေတို့ကို အထုပ်ကြီးထုပ်၍ ပင်းယမင
်းသမီ၊ နို့ထိန် ကလေးမင်းသမီးကြီးတို့ကို တောရဘုရားမှ စောင့်နေစေ၏။ ရွှေ၊ ငွေပစ္စည်းစသည်များကို ဆင်၊ မြင်း၊ လူထမ်းနှင့်တင်၍ လက်နက်ကိုင် အမူထမ်းသားများလည်း အသင့် စောင့်ဆိုင်းနေကြလေ၏။

သို့ရာတွင် အသိမပေးပဲထားသော ကင်းဝန်မင်းကြီးသည် ဘုရင်မင်းမြတ် ရွှေဘိုသို့ တိတ်တဆိတ် ထွက်ခွာတော်မူမည့် အကြောင်းကို သိသွားလေသည်နှင့် တပြိုင်နက် ပျားယီးပျာယာ ကတိုက်ကရိုက်နှင့် ရှေ့တော်သို့ ၀င်လာပြီးလျှင် “အင်္ဂလိပ်များလာပြီး မိမိတို့ အလိုရှိရာတောင်းဆို စာချုပ်၍ ပြန်မည်အမှန် ဖြစ်ပါသည်။ ထွက်တောမမူပါနှင့်“ ဟု အကြိမ်ကြိမ်တင်လျှောက် တောင်းပန်လေ၏။ သို့ရာတွင် သီပေါဘုရင်က….

“အင်္ဂလိပ်များသည် တခါမဟုတ်၊ နှစ်ခါမဟုတ်၊ အခါခါရှိပြီ၊ တစ်စတစ်စနှင့် တိုင်းပြည်ကုန်အော် ယူလိမ့်မည် ထင်သည်။ စာချုပ် ချုပ်လျှင်လည်း မင်းကြီးများနှင့် ချုပ်ဆိုရစ်ကြ။ နောက် ကျုပ်သဘောတူ လက်မှတ် အလိုရှိလျှင်လည်း စာချုပ်ကို ကျုပ်ဆီ ရွှေဘိုမြို့သို့ ပို့လိုက်“ ဟု မိန့်တော်မူသည်။

ကင်းဝန်မင်းကြီးလည်း မိမိသြဇာ သီပေါဘုရင် မင်းမြတ်ပေါ်တွင် မစူးရှတော့သည့် အကြောင်းကို ရိပ်မိသိရှိလေလျှင် ဆင်ဖြူမရှင်မိဖုရားကြီးထံတွင် တစ်ဖန်ဝင်ပြီး “ဘုရင်မင်းမြတ် ရွှေဘိုကို မထွက်တော်မူရအောင် တားတော်မူပါဘုရား“ ဟုအနည်းနည်း အဖုံဖုံ၊ လျှောက်ထား ဖြားယောင်းပြန်လေ၏။ ထိုအခါ သားမတ်တော် မင်းတရားကြီးထံထွက်တော်မူပြီး “ရွှေဘိုကို မထွက်ပါနှင့်၊ သမီးတော်များကလည်း ငယ်သေးသည်။ နှမတော်ကလေးလည်း မကျန်းမမာ၊ ကိုယ်ဝန်အရင့်အမာနှင့် လမ်းမှာ ဒုက္ခရောက်ကြလိမ့်မည်။ အင်္ဂလိပ်များ တက်လာသည်မှာ ဘာမျှ စိုးရိမ်ဖို့ မရှိ၊ အလိုရှိရာ တောင်းဆို စာချုပ်ပြီး ပြန်ကြပါလိမ့်မည် အမှန်ပါ“ ဟု ကင်းဝန်မင်းကြီး လေပေါက်အတိုင်း မိန့်ဆိုတော်မူရာ၊ သီပေါမင်းတရားမှာ ယောက္ခမတော် မိဖုရားကြီးအား ငယ်ကြောက်ဖြစ်သည့်အတိုင်း ဆိတ်ဆိတ်နေ၍ စဉ်းစားနေဆဲ၊ ကင်းဝန်မင်းကြီးလည်း အတွင်းတော်မှ ထွက်ခဲ့လေ၏။ အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် “ရှင်ဘုရင် ရွှေဘိုသို့ ထွက်တော်မမူ၊ ဆင်မြင်းပစ္စည်းအားလုံးကို သိမ်းလိုက်ကြ၊ နောက် အငါ့ အမိန့်မရှိလျှင် မည်သူမျှ နန်းတော်ကို အ၀င်အထွက် မရှိစေရ“ ဟုပြောဆိုလိုက်သောကြောင့် ထွက်မည့်ဆဲဆဲ ကိစ္စမှာ ပျက်ပြန်လေ၏။

နန်းတော်မှ သဘောင်္သို့

ဘုရင်မင်းမြတ်မှာ ထိုစဉ်အခါက ငယ်သူဖြစ်၍ မည်ကဲ့သို့ ဖြစ်ပျက်လိမ့်မည်ကို ကြိုတင်မစဉ်စား၊ မဆင်ခြင်နိုင်ဘဲ သူပြော ဟုတ်နိုးနိုး ငါပြော ဟုတ်နိုးနိုးနှင့် ယောင်တီးယောင်တ အကြံမရ ဖြစ်နေရရှာတော့သည်။ ထို့ကြောင့်လည်း အင်္ဂလိပ် စစ်သဘောင်္များ နေပြည်တော်သို့ နီးကပ်လာသောအခါ၌ ပြင်သစ်ကိုယ်စားလှယ်က ဘုရင်မင်းမြတ်အား “အင်္ဂလိပ်များ နန်းကို မသိမ်းနိုင်ရန် ဒေါင်းလံနှင့် ပြင်သစ်အလံ ယှဉ်တွဲ၍ နန်းတော်မှာ တင်တော်မူပါ၊ သို့မဟုတ် ကျနော်မျိုးတို့ ပြင်သစ်ဝင်းထဲကို ထွက်တော်မူပါ ဘုရား“ ဟုတင်လျှောက်သည်ကိုပင် လိုက်နာခြင်းမရှိ၊ ထိုအကြောင်းကို ကင်းဝန်မင်းကြီး သိပြန်သော အခါ ပြင်သစ်ကိုယ်စားလှယ်မှာ နောက်ထပ်နန်းတော်သို့ ၀င်ခွင့်မရဘဲ ရှိရတော့၏။

ဆီးဘန်နီ ဆရာတော်ဘုရား၏ ရတုတွင် ပါသည့်“ကုလားနိုင်ငံ လွှဲပြောင်းစံရှင့်“ ဟူသော ကိန်းဆိုက်ရလေအောင် ဖန်တီးလာသော ကံကြမ္မာသည် ၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်တွင် အစွမ်းကုန် တန်ခိုးပြလေတော့၏။ အကြောင်းမူကား ထိုနေ့တွင် အင်္ဂလိပ်စစ်သဘောင်္များ ရွှေမြို့တော်ဆိပ်ကမ်းသို့ ဆိုက်ကပ်မိသောကြောင့်ဖြစ်၏။ ထိုအခါ ကာနယ်ဆလေဒင်သည် လက်နက်မပါ တစ်ကိုယ်တည်း နန်းတော်ဝင်လာပြီး သီပေါမင်းတရားအား…..

“စိုးရိမ်ကြောင့်က ဖြစ်တောမမူပါနှင့် ဘုရား၊ ကျနော်မျိုး
များသည် နက်ဖြန်အပါးတော်ဝင်ပြီး အလိုရှိရာ တောင်းဆို စာချုပ်၍ ပြန်ပါမည်“ ဟု လျှောက်တင်၍ ပြန်သွားလေ၏။ ထိုသို့ ကာနယ်ဆလေဒင် လျှောက်တင်ချက်စကားမှာ ကင်းဝန်မင်းကြီးအထက်က တင်လျှောက်ချက်နှင့် ထပ်တူထပ်မျှ ဖြစ်နေ၍ အင်္ဂလိပ်တို့အကြောင်းကို မသိသော သူတို့၏စိတ်ထဲတွင် ဟုတ်ကောင်းဟုတ်ပေလိမ့်မည်ဟု ထင်မှတ်ဖွယ်ရာ ရှိပေ၏၊ သို့သော်လည်း နောက်တနေ့တွင် အင်္ဂလိပ် စစ်သဘောင်္ပေါ်သို့ ဘုရင်နှင့် မိဖုရားတို့ ရောက်နေခြင်းကို တွေ့မြင်ရခြင်းအားဖြင့် ကာနယ်ဆလေဒင်၏ လျှောက်တင်ချက်စကားမှာ မလိမ့်တပတ် လျှောက်ထားချက်မျှသာ ဖြစ်ကြောင်း ထင်ရှားပေတော့၏။

ကာနယ်ဆလေဒင် ပြန်သွားပြီးနောက် နောက်တနေ့တွင် ကုလားစစ်သား၊ အင်္ဂလိပ်စစ်သားတို့သည် မြို့တော်ကြီးကိုလည်းကောင်း၊ အတွင်းသစ်တပ်ကို လည်းကောင်း၊ နန်းတော်ကြီးကို လည်းကောင်း အသီးသီး ၀ိုင်းကြလေ၏။ သို့ရာတွင် ကင်းဝန်ဂိုဏ်းမှ အပ ဘုရင်နှင့်တကွ ရိုးလှသော မြန်မာတို့သည် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို အပြီးသတ် သိမ်းယူကြောင်း မရိပ်မိရှာကြသေးပေ။ တကယ်ပင် စာချုပ်ရအောင်လာသည်ဟု ကာနယ်ဆလေဒင်၏ စကားကို ယုာံကည်နေသေးသော ဘုရင်မင်းမြတ်သည် “ဥယျာဉ်တော်ကို ခေတ္တခဏသာ ရွှေ့ဆင်းတော်မူပါ ဘုရား၊ နောက်စာချုပ် ချုပ်ပြီး အရှင်နန်းမတော်ဘုရားလည်း နန်းတော်ကြီးမှာပင် မီးရှူးသန့်စင်တော်မူပါဘုရား“ ဟု ဆလေဒင် လျှောက်တင်စကားကို ကြားရလျှင် ဘုရင်မင်းမြတ်က “ဆလေဒင် မနေ့က စကားတမျိုး၊ ယနေ့ စကားတမျိုးပါလား“ ဟု မိန်တော်မူရာ “ခေတ္တပါဘုရား“ ဟုသာ ဆလေဒင်က တင်လျှောက်လေ၏။ “မင်းကြီး ဘယ်နှယ်ရှိစ“ ဟု အနားတွင် ခစားနေသော ကင်းဝန်မင်းကြီးအား မိန့်တော်မူသော်လည်း ကင်းဝန်မှာ မည်သို့မျှ မတင်မလျှောက်ဘဲ ၀ပ်ပြားလက်ယှက်၍သာ နေတော့၏။

မငြင်းဆန်သာဘဲ ဥယျာဉ်တော်သို ရွှေ့ဆင်းရပြီးနောက် နံနက်စာပွဲတော် တည်ပြီးလျှင် ဆလေဒင် ပြန်ရောက်လာပြီး “ရေဆိပ်သဘောင်္ပေါ် ဆင်းတော်မူပါအဘုရား၊ ခေတ္တလိုက်တော်မူပါ ဘုရား၊ ဆွေတော်မျိုးတော်များကိုလည်း အရှင်ကြည့်ရှုသကဲ့သို့ ကျနော်မျိုးများ ကြည့်ရှုစောင့်ရှောက်ပါမည်“ ဟုလျှောက်ထားသောအခါမှ ရေတိမ်တွင် နစ်ကြောင်းသိရှိရလေတော့၏။ ထိုအခါမှ “ဘယ်နှယ်တုန်း ဆလေဒင် စကားမမှန်ပါတကား“ ဟုသာ စိတ်အားပျက်စွာနှင့် ဘုရင်မင်းမြတ်က မိန့်တော်မူလေရာ “ဘုရင်မကြီးဆီက ကြေးနန်းရောက်လို့ပါ ဘုရား ခေတ္တပါ“ဟု လျှောက်တင်သဖြင့်…..

“မင်းကြီးများ ကျုပ် ရန်သူလက်သို့ တဖြည်းဖြည်း ရောက်မှန်းမသိ ရောက်ရပြီ။ နောက် မင်းကြီးတို့နှင့် တွေ့ဦးမည် ထင်သေးရဲ့လား“ ဟု အမတ်ကြီးများအား သီပေါမင်းက အမိန့်တော်ရှိလျှင် တိုင်တားမင်းကြီးမှာ ဘုရင့်ခြေတော်စုံကို အတင်းဖက်၍ ကြူကြူချ ငိုရှာလေ၏။ ဆလေဒင်က ကိုင်ဆွဲထားရ၏။ ကင်းဝန်မင်းကြီးကား ခပ်မဆိတ် နေလေတော့၏။ စကားမှ မပြောဝံ့တော်ပြီ။

ထိုနောက် လူနာ၊ လူသေတင်သော ထမ်းစင်နှင့် ဘုရင်အား တင်ဆောင်ယူမည်ပြုရာ တိုင်းတာမင်းကြီးက ဗီရိုလှည်း နှစ်စီး ထုတ်ပေးသဖြင့် သီပေါမင်း၊ မိဖုရားနှစ်ပါး၊ ဆင်ဖြူမရှင်၊ ထိပ်စုဘုရားကြီး၊ သမီးတော်နှစ်ပါး၊ ပင်းယ မင်းသမီး၊ မိုးညှင်းမင်းသမီး၊ သုံးဆယ် မင်းသမီး တို့ပါ ဗီရိုလှည်း နှစ်စီးနှင့် တင်ဆောင်၍ ရေဆိပ်သို့ ခေါ်ဆောင်သွားပြီးလျှင် “သူရိယ“ အမည်ရှိ သဘောင်္ပေါ်သို့တင်ပြီး ဘေးနှစ်ဖက်က သဘောင်္နှစ်စင်းညှပ်၍ ထားလေ၏။ ကြက်ဌက်ငယ်ပမာ လှည့်စားခြင်းခံရ၍ လွယ်ကူစွာ ပါတော်မူရကြောင်းကို သိရှိကြသော မြို့တော်သူ၊ မြို့တော်သားတို့မှာကား ပူဆွေးငိုကြွေးခြင်းမှ တပါးအခြား မည်သို့မျှ မတတ်နိုင်တော့ပြီ။ ပူဆွေးငိုကြွေးခြင်းဖြင့် မျက်ရည်ခံထိုးကြသော်လည်း အကျိုးမထူး၊ ပကတူက အကြံလိမ်သည့်ဥာဏ်ကို ရိပ်မိတန်ကောင်းလျက် အကြော

Read More

သီပေါမင်းတရား၏ အတွင်းရေးများ (၁)



ဒီတပတ် ကျနော် Peninsula Plaza ကိုရောက်တော့ ဒဏ္ဍာရီ စာအုပ်ဆိုင်လေးမှာ စာအုပ်လေးတွေ ၀င်ရှာတုန်း သီပေါမင်းတရားရဲ့ အတွင်းရေးများ ဆိုတဲ့ စာအုပ်လေးကို ဖတ်လိုက်ရပါတယ်။ ဒီစာအုပ်ထဲမှာ ကျနော်တို့ရဲ့ နောက်ဆုံး ဘုရင်မျိုးဆက်အကြောင်းလေးတွေ ဓာတ်ပုံအစုံအလင်နဲ့ တင်ပြထားပါတယ်။

သီပေါမင်းရဲ့ အပါးတော်မြဲ အတွင်းဝန် ဦးစံရွှေရဲ့ မှတ်တမ်းလေးတွေကို ပြန်လည် တင်ပြထားပေးတဲ့ စာအုပ်ကောင်းလေးပါ။ ဘာပဲပြောပြော ကျနော်တို့ဘုရင်သမိုင်းကို အနဲ အများတော့ သိလိုက်ရပါတယ်။ အဆင်ပြေမယ်ဆိုရင်တော့ အားလုံးကို စာရိုက်ပြီး တင်ပြပေးသွားပါ့မယ်………

--------------------------------------------------------------------------------------------------



သီပေါမင်း၏ ဘ၀သည် ရင်နင့်စရာ ဘ၀ဖြစ်သလို သူ၏ဘ၀နှင့်လဲကာ ရာဇ၀င် သင်ခန်းစာတခုကိုလည်း ကျနော်တို့အား ပေးအပ်ခဲ့ပေသည်။ သီပေါမင်းပေးခဲ့သည့် သင်ခန်းစာမှာ သူ၏ဘ၀နှင့် လည်းကောင်း၊ မြန်မာတနိုင်ငံလုံးနှင့် လည်းကောင်း လဲ၍ပေးခဲ့သော သင်ခန်းစာ ဖြစ်သဖြင့် တန်ဖိုးကြီးမားလှပေသည်။

သမိုင်းသင်ခန်းစာလည်းဖြစ်သည်။ ဘာကြောင့် ကျွန်ဖြစ်ခဲ့သည်။ ဘယ်သူ့ကြောင့် ဖြစ်ခဲ့ရသည် စသည်တို့ကို၊ သီပေါမင်း၏စကားအတိုင်း အပါးတော်မြဲ အတွင်းဝန် ဦးစံရွှေက သူ၏မှတ်တမ်းများတွင် ဖော်ပြထားခဲ့သည်။







မင်းညီမင်းသားများ သေခြင်းဆိုး သေကြရပုံ

သီပေါမင်းတရားကြီးသည် နန်းတက်စအခါ၌ နန်းတော်တွင်း၌ ဆွေတော်မျိုးတော်တို့ သေခြင်းဆိုးသေကြရပုံများကို အလုံးစုံသိကြပါသလော၊ သီပေါမင်းကိုယ်တိုင် ကြံရာပါ ဖြစ်လေသလောဟူသော တွေးတော်ချက်များသည် မြန်မာအမျိုးသားတို့၏ စိတ်ဓါတ်တွင် အမှန်သုံ့ မရောက်နိုင်ဘဲ ရှိခဲ့ကြရလေသည်။ အင်္ဂလိပ်စာတတ် ယခုခေတ်လူ အများစုကလည်း သီပေါမင်းတရားကြီး အပေါ်တွင် လွန်စွာ အထင်သေးအမြင်သေးလျက်ရှိသည်။ ထိုသို့ အထင်မှားလျက် ရှိကြသည်တတို့ကို ပြန်လည် ချေပရာရောက်သော အချက်များကိုလည်း မှတ်စုများတွင် တွေ့မြင်ဖတ်ရှုရပေ၏။

“လူအများက သီပေါမင်းသည် ညီတော်၊ နောင်တော်၊ ဆွေတော်မျိုးတော်တို့ကို သတ်သည်။ အရက်သောက်သည်ဟု စွပ်စွဲကြသည်မှာ ဟုတ်မှန်ပါသလား“ ဟု ရတနာဂီရိ သမီးတော်များ နားထွင်းပွဲ စာရင်းကို မေမြို့ဘုရင်ခံအား အတူပြပြီး အိမ်တော်မှအပြန် ဦးစံရွှေက ၀က်မစွပ်ဝန်ထောက်မင်းအား မေးမြန်း၏။ ၀န်ထောက်မင်းက……

“စွပ်စွဲချက်များကား မမှန်၊ အကြောင်းကုန် စုံလင်စွာ သိလိုက ရတနာဂီရိသို့ အပြန်တွင် ဘုရင်မင်းမြတ် ကိုယ်တိုင်ကို တိုက်ရိုက် လျှောက်ထားပါ“ ဟုပြန်ပြောသဖြင့် ရတနာဂီရိ ပြန်ရောက်၍ ဦးစံရွှေက လျှောက်ထားမေးမြန်းရာတွင် သီပေါမင်း၏ ပြန်ကြား မြွက်ဟပုံကို အလုံးစုံ မှတ်သားထားသည်ကား အောက်ပါအတိုင်းဖြစ်၏။

“မဟုတ်ပါဘူး၊ တို့ကို အကြည်ညိုပျက်အောင်၊ မုန်းထားအောင် အပြစ်ဆိုသော စကားများသာ ဖြစ်ပေသည်။ အမှန်မှာ…. မောင်စံရွှေ မိန်းမ ပင်းယမင်းသမီးလည်း ရှိသည်။ မေးကြည့်ပြောပြလိမ့်မည်။ နန်းတော်၌ တညနေ အနောက်ပိုင်းမှာ ပင်းယ၊ နဂါးဆင်၊ ကျောက်ပတောင်း၊ ထန်းတပင်၊ တောင်ငူမြို့စား အပျိုတော်မျ
ားနှင့် တို့နှစ်ပါးပါ ရယ်မော စကားပြောနေစဉ် မယ်တော်သည် ရုတ်တရက် ပျာယီးပျာယာ ၀င်လာပြီး…….

“မောင်ရင်…….. မောင်ရင်.. သည်နန်းစည်းစိမ်ကိုလည်း မလိုချင်ပါနဲ့၊ ဘုရင်မင်းမြတ်လည်း မလုပ်ချင်ပါနဲ့၊ မောင်ရင့်ညီတော်၊ နောင်တော်၊ နှမတော်များ ရှိသေးရဲ့လား၊ စစ်ကြည့်ပါဦး“ ဟုပြောလျှင် တို့တတွေမှာ ထိတ်လန့်တုန်လှုပ်ခြင်းဖြစ်၍ ငါသည် ချက်ခြင်းအရှေ့ထဲထွက်ပြီး ညီလာခံ အစည်းအဝေးခေါ်၍….

“မင်းကြီးများ ကျုပ်ကို မထိမ်မ၀ှက်ပဲ မှန်သည့်အတိုင်း၊ တင်ကြစမ်းပါ၊ ချုပ်ထားသော ညီတော်၊နောင်တော်၊ နှမတော်များ ရှိ မရှိ၊ သိလိုသည်“ ဟုမေးမြန်းသောအခါ မင်းကြီးများက “ဘုန်းတော်ကြောင့် အမှန်တင်ရမည်ဆိုလျှင် ဘုရင့်သားသည် ရွှေထီး၊ ရွှေနန်းကို အမှန်ကြံစမြဲဖြစ်၍ ကျနော်မျိုးများ၏ စောင့်ရှောက်ရသော တာဝန်သည် အလွန်မှ ကြီးလေးသည် ဖြစ်သောကြောင့် အချုပ်မှ လွတ်ထွက် ပုန်ကန်လျှင် ဆင်းရဲသားသတ္တ၀ါများ သေကြေပျက်စီးကြမှာ မြင်၍ သုတ်သင်ရှင်းလင်းရပါသည် ဘုရား“ ဟုတင်သည်ကို ကြားရလျှင်……

“ငါသည်အလွန်မှ ထိတ်လန့်ပြီး အသည်းနှလုံး တုန်လှုပ်၍ ကြက်သီးမွေးညှင်းများ ထမိသည်။ ညီတော်၊ နောင်တော်များထားရန် နန်းမြင့်နားမှာ တိုက်တန်းရှည်ကြီး ဆောက်လုပ်ခိုင်းသည်မှာ အတော်အတန်ပြီးပါပြီ။ ဌင်းတိုက်တန်းကြီး ပြီးကာလ ညီတော်၊ နောင်တော်များကို သားမယား အခြွေအရံနှင့် ပျော်ရွှင်စွာ နေကြပါစေ၊ အပြင်က အစောင့်အရှောက်ထား၊ နောက်ကို ထွက်ပြေးပုန်ကန်မှသာ အပြစ်အလျောက် စီ၇င်ကြပါ မှာထားပါရက်နှင့် သည်ကဲ့သို့ ရက်စက်စွာ ပြုလုပ်ကြသည်ကို ငါအများကြီး ၀မ်းနည်းစိတ်မကောင်းဖြစ်သည်။“ ဟု ပြောဆိုပြီး ကျန်ရစ်သော မင်းသားများ စာရင်းပေးရန်တောင်းမှ ကျပင်းမင်းသား၊ ကောလင်းမင်းသား၊ ပျဉ်းမနားမင်းသား၊ မြင်စိုင်းမင်းသား၊ လယ်ကြားမင်းသား တို့ကို ရရှိခေါ်ဆောင် သင်္ကန်းဝတ်စေပြီးလျှင် ဆရာတော်များထံ အပ်ထားရသည်။ ဌင်းမင်းသားများ ငါ့ကြောင့်သာလျှင် အသက်ရှင်သည်။ တချို့ဆိုလျှင် ယခုတိုင် ရှိကြပါသေးသည်။ မေးလျှင်ပြောလိမ့်မည်။ ရနောင်မင်းသား၏ အခါလည်ကျော်သမီးတော်ကလေး ကျန်ရစ်ကြောင်း သိရ၍ အသက်မသေရန် မိန်းမစိုး မောင်မှဲ့အား ခေါ်ဆောင်ယူစေခဲ့ပြီး၊ မွေးတော်မူလာလို့အသက်ချမ်းသာရာ ရတယ်။ ယခုထက်တိုင် ကြည့်မြင်တိုင် စမ်းချောင်းမှာ အသက်ရှင်လျှက် ရှိသေးတယ်။ တို့နှစ်ပါးမှာ ဌင်းအကြောင်းများ သိသည်မှစ၍ စိတ်နှလုံး ထိတ်လန့် တုန်လှုပ်ခြင်းဖြစ်ပြီး စိတ်ပြေစေရန် နေ့စဉ် တောင်စမုခ်ကထွက်၍ သံဃာတော်များကို ဆွမ်းကြီးလောင်းတော်မူသည်။ ငါလည်း စိတ်မကောင်း၊ တစ္ဆေ လည်းကြောက်၊ နန်းတော်တွင်းမှာ နေ့ညမပြတ် ဆူဆူညံညံ ရှိစေခြင်းဌာ ပွဲခံစေသည်။ ထိုအခါက ငါကလည်း ငယ် အသက် ၂၀အရွယ်၊ မင်းကြီးများ စီမံကြရသောအခါမှာ ဖြစ်သည်။ နောက်မိုးခေါင်လို့ မဟာဆီ မဟာသွေး မြေ၌ မကျရာဟု ပညာရှိများ၊ ဘုန်းတော်ကြီးများက ပြောလျှင် ညတိတ်တဆိတ် အလောင်းများကိုတူးဖော်ပြီး အိုးထုပ်နှင့်ထည့် လှည်းမှာတင် မြစ်ဆိပ်ယူပြီး ရေလယ်မြစ်ထဲ ချကြတယ်”

ဆင်ခြင်စဉ်းစားရန်

အထက်ဖော်ပြပါ သီပေါမင်းတရားကြီးက ဦးစံရွှေအား မိန့်မြွက်ပြောကြားတော်မူသော စကားတို့မှာ မမှန်ဟု မယူဆ၊ မိဖုရားကြီး နတ်ရွာမစံမီအခါကလည်း ထိုကဲ့သို့ပင် ချေဆိုရှင်းလင်းတော်မူခဲ့သည်ကို ကျွန်ုပ်တို့ ကြားသိရဖူးပေသည်။ စင်စစ်မှာလည်း သီပေါမင်းတရားကြီးက “လစ်ကားလေဒီ“ အမည်ရှိသော အင်္ဂလိပ်လူမျိုးတို့ ရေးသောဝတ္ထု စာအုပ်မှာကဲ့သို့ ကြမ်းတမ်းရက်စက်ခြင်း၊ အရက်သောက်သုံးခြင်း ပြုမည်မထင်ပေ “ခပ်သိမ်းမြန်ပြေမှာ ညာဏ်သံဝေ ကိုယ်တော်ပြပါလို့ ဓမ္မပြီပြီ ဟောနိုင်တဲ့ သီပေါရှင်“ ဟူသော ကဗျာလေးချိုးအရ ပိဋကတ်သုံးပုံကို နှုတ်ငုံ ဆောင်န
ိုင်တော်မူ၍ မထမပြန် နှစ်ကြိမ်၊ သုံးကြိမ်တိုင် အောင်တော်မူသော ပုဂ္ဂိုလ်ဖြစ်ရကား မူလ နဂိုစိတ်မှာလည်း နူးညံ့ပြီးဖြစ်၍ ဒေါသ၊ မောဟ ထင်မှတ်စွဲယူကြသလောက် ဖုံးလွှမ်းမင်ည မထင်ချေ။ ငါးပါးပဉ္စသီကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲသည့်ပြင် မြန်မာဘုရင် မင်းမြတ်တို့ ထုံးစံမှာလည်း မဟာဘိသိက်တော်ကြီး ခံပြီးလျှင် သေရည်သေရက် မသောက်၊ သတ္တ၀ါကို ရင်ဝယ်သားကဲ့သို့ ချစ်ခင်ပါမည်ဟု ကျိန်စာ ရွက်ဆိုရထားရသောကြောင့် မလိုသူတို့ စွပ်စွဲသလောက် မဟုတ်မတန်ရာ၊ အရက်သေစာ သောက်သုံးသူ ယစ်ထုတ်ကြီးဘ၀သို့ ရောက်ရှိအောင် ရေးသားပြောဆိုရက်ကြသည်မှာလည်း မြန်မာအမျိုးသားမဟုတ်သူတို့သာလျှင် ဖြစ်သည်ကို သတိပြုရန် ရှိချေသည်။

သို့ရာတွင် အရှင်နန်းမတော် မိဖုရား၏စိတ်မှာ သီပေါမင်းဘုရင်မင်းမြတ်ထက် ထက်မြက်၍၊ မဟုတ်မခံ အမှုအလျှောက် အပြစ်ပြုတတ်သည်ကို ထောက်၍၊ ရက်စက် ကြမ်းကြုတ်သည်ဟု စွပ်စွဲလိုက စွပ်စွဲနိုင်ကြမည် ဖြစ်သော်လည်း ဆွေတော်မျိုးတော် မင်းညီမင်းသားတို့အား သတ်ဖြတ် သုတ်သင်ရာ၌ကား အရှင်နန်းမတော် မိဖုရားကြီးအလိုတူ အလိုပါ၊ မဟုတ်နိုင်သည့် အကြောင်းမှာ ကင်းဝန်မင်းကြီးက အင်္ဂလိပ်အစိုးရ ကိုယ်စားလှယ် ‘ရှော’ထံသို့ပြန်သောစာတွင် ပါသောအချက်ကို ထောက်၍ စဉ်းစားနိုင်ပေမည်။ ထိုစာတွင် မင်းညီမင်းသားများ သတ်ဖြတ်ခြင်း ကိစ္စနှင့် ပတ်သက်၍ လူအများ သေကြေပျက်စီးမည်ကို စိုးရိမ်ရသောကြောင့် တိုင်းပြည်ထုံးစံအတိုင်း သုတ်သင်ရှင်းလင်းရခြင်းဖြစ်ကြောင်းနှင့် ဖော်ပြထားရာ မင်းညီမင်းသားများက သတ်ဖြစ်ခြင်းကိစ္စမှာ၊ ဘုရင်နှင့် မိဖုရားတို့ တာဝန်မဟုတ်၊ အမတ်ကြီးများ တာဝန်သာလျှင် ဖြစ်ကြောင်း၊ ကောင်းစွာ ထင်ရှားနေပေသည်။ သို့ရာတွင် ဘုရင်နှင့် မိဖုရားတို့သာလျှင် နာမည်ပျက်ရချေသည်။ သို့ဖြစ်ရခြင်းမှာ မြန်မာထီးနန်း စည်းစိမ် ပျက်ချိန်တိုင်သည့် နိမိတ်လက္ခဏပင် ဖြစ်ရာ နောင်အခါ နိုင်ငံဆုံးရှုံးသော အရေးတွင် အဆိုပါ ကိစ္စကိုပင် အကြောင်းပြ အသုံးချ၍ အပြစ်မကင်းသော မှူးမတ်တို့သည် မိမိတို့ အပြစ်ကို ကာကွယ်ဖုံးဝှက်ကြလေသည်မှာ စဉ်းစားသင့်သော အချက်ပင် ဖြစ်ပေသတည်း…………။။။။။။။။


လေးစားလျက် တောင်ပေါ်သား



Read More

ကဲဘောလုံးပွဲတွေ အလကားကြည့်ကြမယ်

ကျနော် အခုရေးလိုက်တဲ့ ပိုစ့်လေးကတော့ တော်တော်များများ အားကစားဝါသနာရှင်တွေ သိပြီးသားဖြစ်နေလောက်မယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ကျနော်လို ဘောလုံး ကြိုက်နှစ်သက်တဲ့ တချို့မသိသေးတဲ့လူတွေအတွက် ရည်ရွယ်ပြီး ရေးပေးလိုက်တာပါ။ ကျနော်တို့ အမိမြန်မာနိုင်ငံတော် အတွင်း အင်တာနက်ကော်နေရှင်းနဲ့တော့ အဆင်မပြေလောက်ဘူးထင်ပါတယ်။ သူကတော့ အင်တာနက်ပေါ်ကနေ အားကစား အစုံကို Live အနေနဲ့ ပြပေးတဲ့ Website လေးပါပဲ။ အားလုံးက အလကားရပါတယ်။ ဘာပိုက်ဆံမှ ပေးစရာမလိုပဲ အင်တာနက်ပေါ်ကနေ အားကစားမျိုးစုံကို Live အနေနဲ့ ကြည့်လို့ ရသလို သူတို့ Live မဟုတ်တဲ့ တီဗွီ အစီအစဉ်တွေကိုလဲ အလကားကြည့်ရှုနိုင်ပါတယ်။

အဲဒီ Website လေးရဲ့ Address ကတော့  ဒီမှာပါ။



သူက ပထမဆုံးစပြီး ကြည့်ချင်တယ်ဆို ကိုယ်ကြည့်မဲ့ လိုင်းပေါ်မူတည်ပြီး Software လေးတွေ ဒေါင်းလုပ် လုပ်ရပါတယ်။ အဲဒီဆော့ဝဲလ်တွေကိုလဲ အလကားပေးထားပါတယ်။ အဲဒီဆော့ဝဲလ်တွေကို ဒေါင်းလုပ် လုပ်ချင်တယ်ဆိုရင်တော့ Sofeware ဆိုတဲ့ tag ကို သွားပေးရပါတယ်။ ပြီးတာနဲ့ ကိုယ်လိုချင်တဲ့ Software တွေကို ဒေါင်းလုပ် လုပ်ချရုံပါပဲ။
ဘောလုံးပွဲ အများဆုံး ပြသတဲ့ လိုင်းတွေကတော့ TVU, TVants ,Sopcast စတာတွေပါပဲ။



အဲမှာဆော့ဝဲလ်တွေကို ဒေါင်းလုပ် လုပ်ပြီးတာနဲ့ Live Sports ဆိုတာကို သွားရပါတယ်။ အဲမှာ လက်ရှိဖွင့်တဲ့အချိန်မှာ Live လာနေတဲ့ အားကစားမျိုးစုံကို ပြသပေးပါတယ်။ ကိုယ်က ဘောလုံးတင်းနစ် စသည်ဖြင့် စိတ်ကြိုက် ရွေးကြည့်ချင်တယ်ဆို အပေါ်က Icon လေးတွေကို နှိပ်ပြီး ရွေးလို့ရပါသေးတယ်။



ပြီးသွားတာနဲ့ ကိုယ်ကြည့်ချင်တဲ့ လိုင်းရဲ့ ဘေးထောင့်က တီဗွီပုံလေးမှာ နှိပ်လိုက်ရင် အဲ့ဒီ Chanel ကို ပြပေးတဲ့ Player List တွေ ပေါ်လာပါတယ်။



ဒါဆို ကျနော်တို့စက်မှာ Install လုပ်ထားတဲ့ Player ပါတာလေးကို ရွေးပြီး Play ကိုနှိပ်လိုက်ယုံပါပဲ။ ဒါဆို Live ပြနေတဲ့ အားကစားတွေ အလကားကြည့်လို့ ရပါပြီး။။။။။။။

ဒီ Player တွေက Live အပြင် Movies လိုင်းတွေ အများကြီး အလကားပြပေးပါတယ်။ ကျနော်တို့ တ၀ကြီး ကြည့်လို့ရပါပြီး။။။။။။။။။။။။။



တောင်ပေါ်သား

Read More

ရင်ဆိုင်ကြပါစို့

ကျနော် သူငယ်ချင်းမေးလ်ကနေ မေးလ်တခုရလာပါတယ်။ အစကတော့ ကျနော် မတင်တော့ဘူးလို့ စိတ်ကူးတာပဲ။ ဒါပေမဲ့ မသိသေးတဲ့ လူတွေအတွက် အားဆေးတခွက်ပေါ့ဗျာ။

ရတာကတော့ မေးလ်လေးထဲမှာတော့ ဓါတ်ပုံလေးတွေပဲပါတယ်ဗျ လင့်ကတော့မပါဘူး။ ကျနော်လဲ စိတ်ဝင်စားတာနဲ့ ရှာလိုက်တာ တွေ့တာလေးတွေ တင်ပေးလိုက်ပါတယ်။
ဘ၀မှာ ဘယ်အရာကိုမဆို လွယ်လွယ်နဲ့ အရှုံးမပေးတတ်တဲ့ သူတွေရဲ့ အောင်မြင်မူပေါ့ဗျာ
သူမရဲ့အကြောင်းကို သေချာသိချင်ရင်တော့ ဒီဆိုဒ်လေးကို သွားကြည့်နိုင်ပါတယ်။









ကဲကျနော်တို့အတွက် ရှေ့ဆက်မဲ့ အားဆေးတခွက်ကို တူတူသောက်သုံးပြီး လိုရာခရီး ဆက်သွားနိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ် ဘ၀မှာ ဘယ်အရာမှ မတည်မြဲသလို ကျရှုံးမူဆိုတာလဲ ခဏတာလေးပါ ဒါကိုကျနော်တို့
Jessica လိုမျိုး ရဲဝင့်စွာ ဖြတ်သန်းနိုင်ဖို့ လိုပါတယ်။



တောင်ပေါ်သား


Read More