Monday, January 12, 2009

စိတ်ကူး အချစ်



မျှော်လင့်တောင့်တ ဒီအချစ်တွေ
ခုတော့ ဘယ်ဆီကို ထွက်ပြေးလို့ ပုန်းရှောင်
မလိုချင်ပေမဲ့ တခါတရံ တမ်းတမိနေသေးရဲ့
ခြောက်သွေ့နေတတ်တဲ့ ဒီဘ၀ကြီးအတွက်ပေါ့

ဘယ်အရာမဆိုကြာရင်မေ့နိုင်ပေမဲ့ ဒီအချစ်တွေ
ထာဝစဉ် သတိရနေဆဲပါ
နှလုံးသားနဲ့ ရင်းပြီး ရူးသွပ်ခဲ့ရဖူးတဲ့
ဒီအချိန်တွေ တယောက်ထဲ ပြန်စဉ်းစားမိနေတုန်းပေါ့

ဘယ်သူတွေ ဘာပြောပြော
လုပ်ချင်တာ လုပ်ခဲ့တဲ့ ဒီလောကကြီးထဲမှာ
အတ္တကို ရှေ့တန်းတင်လို့ အမှောင်ကို နှစ်ခြိုက်စွာ
ငါတိုးဝင်ခဲ့ဘူးတဲ့ အချိန်တွေပေါ့

ပြန်မရနိုင်တဲ့ အချိန်တွေကို ပြန်စဉ်းစားရင်း
မြို့ပျက်အိုဟောင်းရဲ့ အရိပ်တွေထဲက
ရုန်းထွက်ဖို့ ကြိုးစားတိုင်း အချိန်တွေ
အရာမထင် ကုန်လွန်သွားနေဆဲပေါ့

တ၀ုန်းဝုန်းနဲ့ ခုတ်မောင်းနေဆဲ
ဒီရထားသံတွေ ကားသံတွေကြားထဲမှာ
ငါနှလုံးသားလေးလဲ မင်းအတွက်
အသံမျိုးစုံနဲ့ ခုတ်မောင်းနေဆဲပေါ့။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။



စိတ်ညစ်စရာတွေ ၊ ငိုချင်စရာတွေချည်း တင်နေတယ်ဆိုတဲ့ ကျနော်ညီအကိုမောင်နှမများအတွက် အချစ်ကဗျာ(အလွမ်း) တပုဒ်ကို ဖန်တီးကြည့်တာပါ။
း)
အားလုံး ပျော်ရွှင်ပါစေကြောင်း


လေးစားလျက် တောင်ပေါ်သား


5 comments:

မောင်ဖားကြီး said...

အမှောင်တွေထဲကို လာတိုးဝင်သွားပါတယ်ဗျာ....
အတ္တကိုရှေ့တန်းတင်ပြီးတော့ပေါ့
:)

January 12, 2009 at 10:56 AM
မီးမီးငယ် said...

ငါနှလုံးသားလေးလဲ မင်းအတွက်
အသံမျိုးစုံနဲ့ ခုတ်မောင်းနေဆဲပေါ့။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဘယ်လိုအသံပါလိမ့်
ဒိန်းတပ်တပ်လား
ဒန်တန်တန်လား

သိဘူး
း)

January 12, 2009 at 2:03 PM
flowerworld said...

မျှော်လင့်တောင့်တ ဒီအချစ်တွေ
ခုတော့ ဘယ်ဆီကို ထွက်ပြေးလို့ ပုန်းရှောင်
မလိုချင်ပေမဲ့ တခါတရံ တမ်းတမိနေသေးရဲ့
ခြောက်သွေ့နေတတ်တဲ့ ဒီဘ၀ကြီးအတွက်ပေါ့
ဒီအပိုဒ်လေးကြိုက်တယ်ဗျို့.............ခံစားသွားပါတယ်မောင်လေးရေ

January 12, 2009 at 3:08 PM
ဖိုးဂျယ် said...

အကိုဖာသာ လွမ်းချင်နေတာကို
လွှဲချတယ်ပေါ့ ဒါဆို မလွမ်းချင်ဘူးဆိုပါ့တော့

ဘယ်သူတွေ ဘာပြောပြော
လုပ်ချင်တာ လုပ်ခဲ့တဲ့ ဒီလောကကြီးထဲမှာ
အတ္တကို ရှေ့တန်းတင်လို့ အမှောင်ကို နှစ်ခြိုက်စွာ
ငါတိုးဝင်ခဲ့ဘူးတဲ့ အချိန်တွေပေါ့

အဲ့အပိုဒ်လေးကြိုက်တယ်။

January 12, 2009 at 7:38 PM
ခေါင်ခေါင် said...

အမှောင်ထဲကို တိုးဝင်ခဲ့ဘူးပေမယ့်..
ခုချိန်မှာတော့......... အလင်းရောင်တွေ နဲ့ တောက်ပနေမှာပါ.....

January 15, 2009 at 10:12 AM

Post a Comment