ငှက်တကောင်ရဲ့ တမ်းတခြင်း
အမြင်နီးနေပေမဲ့ ခရီးဝေး ဆိုတဲ့ စကားပုံအတိုင်းပေါ့။ ကျနော် ပျံသန်းလာတာ အခုဆို မိုင်တိုင်တွေ တခုပြီး တခုနဲ့ ဘာလိုလိုနဲ့ မိုင်တိုင် ၂၄ တောင်ကျော်လွန်လာခဲ့ပြီလေ။ နောက်မဝေးတော့တဲ့ မိုင်တိုင်အနဲငယ် ပျံသန်းပြီးရင်တော့ ကျနော် ရောက်ချင်တဲ့ ပန်းတိုင်လေးကိုတော့ ရောက်ရမှာပေါ့။ ကျနော် စပြီး ပျံသန်းခဲ့တဲ့ ဒီချစ်စရာ၊ ကြည်နူးစရာ တောင်တန်းတွေဆီကို ကျနော် ပြန်လည်အရောက် ပျံသန်းသွားမှာလေ။
အခုတော့ ကျနော် ခြင်္သေ့မကျ၊ ငါးမကျ အရုပ်ကြီးပေါ်မှာ ခေတ္တခဏ ရပ်နားနေတုန်းပေါ့။ တခါတလေ ဒီအကောင်ကြီးရဲ့ ဟိန်းချက်ကလဲ ကြောက်စရာ အကောင်းသားဗျာ။ အခန့်မသင့်တဲ့၊ ကံအကြောင်းမလှတဲ့ ကျနော်အဖော်တချို့တောင်မှ သူရဲ့ ဟိန်းဟောက်မူ ကြားမှာ အသက်တွေ ပါလုမတတ်ဖြစ်ခဲ့ရသေး။ ဒီတောကြီးထဲမှာ အမျိုးအနွယ်ပေါင်းမျိုးစုံ လာရောက်ခိုလှုံနေကြလေရဲ့။ စရိုက်အမျိုးမျိုးနဲ့ တခါတလေ တကောင်ထဲ အော်ဟစ်နေတတ်တဲ့ ကျီးကန်လို ကောင်လဲ ရှိရဲ့။ တခါတလေ ဒေါင်းယောင်ဆောင်ထားတဲ့ ကျီးငှက်တွေကိုလဲ တွေ့မိလေရဲ့။ တခါတလေ ပျံသန်းရင် ကျနော်တို့လို မျိုးနွယ်ဝင်တွေကိုလဲ မျက်နှာငယ်လေးတွေလဲတွေ့ပါ။ တွေ့နေကြကတော့ လူအများ အလစ်ကို ချောင်းပြီး စားမဲ့ ဒီကျွန်းပေါ်က ဇရက်တွေပေါ့ သြော် သူတို့လဲ တဖြေးဖြေးနဲ့ ငါတို့လိုမျိုးနွယ်စုတွေရဲ့ သဘောတရားတွေကို နားလည်နေကြပါကောလား။
ဒါတောင်မှ ဒီကျွန်းလေးရဲ့ အရှင်ခြင်္သေ့မကျ၊ ငါးမကျ သတ္တ၀ါကြီးက စေတနာ အနဲငယ်ကောင်းလို့ မဟုတ်ရင် ငါတို့လဲ လဒတွေ ကြီးစိုးတဲ့ နေရာမှာ နေနေရပြီးပေါ့။ ဟော ရှေ့မှာ ပြာလဲ့လဲ့ ပင်လယ်ပြာကြီးရှိနေတယ်လေ ဒီပင်လယ်ကြီးကို ငါ ဖြတ်သန်းဖို့ ကြိုးစားနေတာလဲ ကြာလှနေပြီ။ ဒါပေမဲ့ အဆုံးအစ မမြင်ရတဲ့ ဒီပင်လယ်ကြီးကို ဖြတ်သန်းဖို့ ကိုယ့် ကိုယ်ကို ပြန်ကြည့်လိုက်မိတိုင်း အတောင်တွေ မစုံလင်သလိုလို၊ ဒီပင်လယ်ကြီးကို ဖြတ်သန်းနိုင်ဖို့ ငါမှာ အင်းအားကော ရှိပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ ၀င် ၀င်လာမိပြန်တယ်။ လှိုင်းဒဏ်တွေ ဘယ်လောက် ကြမ်းကြမ်း အမြဲပျော်ရွှင်နေတတ်တဲ့ ငါ သူငယ်ချင်း စင်ယော်ငှက်လေးတွေကို ကြည့်ပြီး အားကျမိပါရဲ့။
ဒီပင်လယ်ကြီးကို ကျော်သွားရင် ငါနေတဲ့နေရာ တောင်တန်းလေးကို ပြန်ရောက်မယ်ဆိုတာ ငါသိနေတယ်။ ဒါပေမဲ့ အသိသာရှိပြီး လမ်းပျောက်နေတဲ့ ငါတို့လို ငှက်ငယ်တွေအများကြီး ဒီခြင်္သေ့မဟုတ် ငါးမဟုတ် သတ္တ၀ါကြီးပေါ်မှာ ခိုတွယ်နေကြတယ်လေ။ သြော် စကားမစပ် ငါပေါက်ဖွားလာတဲ့ တောင်တန်းတွေအပြည့်နဲ့ အရပ်ကို ပြောပြဦးမယ်။ မနက် လင်းအာရုဏ်လာရင် ငါတို့ရဲ့ သူငယ်ချင်းတွေ အတူတူထပြီး တေးသံသာတွေနဲ့ ဖျော်ဖြေကြတယ်။ ငါနေတဲ့ အရပ်မှာ အသားစားမဲ့ လူဘီလူးတွေ မရှိဘူး။ တယောက်ကို တယောက် ခေါင်းပုံဖြတ်စားတတ်တဲ့ လူလောကကြီး မရှိဘူး ငါမသိခဲ့ဘူး။ ငါနေတဲ့ အရပ်က အေးချမ်းတယ်။ မနက်ခင်းဆို တောင်ပံတွေ ဖြန့်လို့ လှသွေးကြွယ်နေတဲ့ ဒေါင်းလေးတွေ ရှိတယ်။ ဟသာင်္တွေ ရှိတယ်။ ကြိုးကြာတွေ ရှိတယ်။
ဟိုကောင်းကင်အမြင့်ကြီးပေါ်မှာ ပျံဝဲနေတဲ့ သိမ်းငှက်တွေ ရှိတယ်။ အရောင်အသွေးစုံလှတဲ့ ငှက်တွေ ရှိတယ်။
ငါနေတဲ့ အရပ်မှာ စမ်းချောင်းလေး တခုစီးဆင်းနေတယ်။ အားလုံးဟာ ဒီစမ်းချောင်းလေးမှာ မှီတင်းပြီးနေထိုင်ကြတယ်လေ။ စမ်းချောင်းထဲက ရေတွေဟာ ငါ့အမေ့ရဲ့ မေတ္တာတွေအတိုင်းပေါ့။ ဘယ်တော့မှ ခမ်းခြောက်တယ် မရှိဘူး။ အော် ငါ့အမေ့လား ငါအမေ့ဆိုတာ ငါကို မွေးထုတ်ပေးထားတာလေ။ သူရှိလို့ ငါဒီလောကကြီးမှာ ကိုယ်ပိုင်အတောင်နဲ့ ပျံသန်းနေနိုင်တာပေါ့။ သူလား ငါ့ကို သိပ်ချစ်တာပေါ့။ ငါကို ရန်ရှာမဲ့ ရန်သူတွေ လာရ
10 comments:
ရည်မှန်းချက်ပန်းတိုင်ကိုအမြန်ဆုံးပျံသန်းရောက်ရှိပါစေဗျာ....
January 9, 2009 at 9:53 PMဖတ်ရတာရင်တအေးအေးနဲ့ 
January 9, 2009 at 11:58 PMကောင်းတယ်။
ဒါကြောင့် ငါ့အမေဟာ ငါအတွက် တန်ဖိုးဖြတ်မရတဲ့ အရာတခုပေါ့ဗျာ။
ဟုတ်တယ်။ကျွန်မဘ၀မှာလဲအထင်ကြီးဆုံး
မိန်းမတစ်ယောက်ပြပါဆို အဲဒါကျွန်မအမေဘဲ။
ငါလို့ သုံးတာ ဘယ်လိုမှမနေပါဘူး။
ကဗျာအတွက်ကာရံနဘေထပ်အောင် ရေးထားတာ။
ပြသနာမရှိပါဘူး။
ကောင်းသောနေ့ များပိုင်ဆိုင်နိုင်ပါစေရှင်
း)
အလွန်ဖတ်လို့ကောင်းတဲ့ အမေများနေ့အတွက် ပို့စ်ကောင်းလေးပါ မောင်လေးရေ.
January 10, 2009 at 3:12 PMအစစအရာရာ အဆင်ပြေပျော်ရွှင်နိုင်ပါစေ။
အစ်မ၀ါ
စင်ယော်လေးရေ ဆက်လက်ပျံသန်းနိုင်ပါစေ။
January 11, 2009 at 3:14 AMကိုတောင်ပေါ်သားရေး
January 11, 2009 at 11:44 AMအရေးအသားကတော့ ပြောဖွယ်ရာမရှိ
အဓိပ္ပာယ်ပြည့်ဝတဲ့ ပိုစ့်ကောင်းလေးပါ။
ဘာပြဖစ်ဖြစ် အဲဒီ ခြင်္သ့တပိုင်း ငါးတပိုင်းတို့ ဌာနေမှာ
January 11, 2009 at 12:28 PMပဲနေပါဗျာ ရွာပြန်ရင် ကောက်စိုက်ရမှာနော။
အမေ့ကို သတိရတယ်ဗျာ ကတောင် ရေ စာတွေကောင်းတယ်ဗျ ဆက်ရေး
တမ်းတမိတဲ့ အမေ့ရင်ခွင်ဆီ တစ်နေ့ပြန်သန်းနိုင်ပါစေသား..
January 11, 2009 at 3:29 PMဒီ ခြင်္သေ့မကျ ငါးမကျ တဲ့ အရုပ်ပေါ်က .. ငှက်တစ်ကောင် လာဖတ်သွားပါတယ်...
January 12, 2009 at 5:42 AMအတောင်ပံတွေ ရှိနေသေးတယ်.. တစ်နေ့တော့ အတင်းထိုးပျံသန်းသွားမယ် ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ပေါ့..
ဘ၀တူတွေ ပဲ..ခံစားနားလည်ပါတယ်..
ိကိုတောင်ပေါ်သားရေ...
အရာအားလုံး.. ပြေလည်ပါစေ...
တောင်တန်းတွေဆီ တူပျံစို့လား။
January 12, 2009 at 8:45 AMဒီနေ့ဖတ်စရာထဲမှာ ထည့်ပြီး ဖတ်တော့မယ်ဗျာ ...
January 14, 2009 at 1:57 AMPost a Comment