Tuesday, January 13, 2009

:(


ဒီနေ့ မနက်စောစော အိပ်ရာကထတော့ အရင်နေ့တွေကနဲ့ မတူ အရမ်းအေးတယ်ဗျာ..
ဘာရယ်မဟုတ် ကိုယ့်မွေးရပ်မြေလေးကို အရမ်းသတိရနေမိတယ် ခုချိန်ဆို တောင်ပေါ်မှာလဲ အရမ်းအေးနေလောက်ပေါ့ ။ အလုပ်သွားဖို့ အိမ်ပြင်ထွက်လိုက်တာနဲ့ လေအေးအေးတွေ တိုက်နေတာ အတော်ကို ချမ်းနေမိတယ်။ တောင်ပေါ်သား တယောက်ဖြစ်ပြီး ဒီလောက် လေအေးတွေကိုတောင် မခံနိုင်တော့ပါလားဆိုတဲ့ အတွေးတွေဝင်လာပြီး ကိုယ့်ဟာကိုယ် ပြန်ရ်ီနေမိတယ်ဗျ

အော် အခုပဲနေ့လယ်စာ စားထွက်တာ အေးတုန်းဗျ။ ဘယ်လိုရာသီဥတုလဲ မသိပါဘူးဗျာ

တကယ်တမ်း တောင်ပေါ်ကိုပြန်ရောက်ရင်တော့ အဲလို ဖြစ်နေမှာပဲ။ ရေအေးအေးလေးတွေကို မထိရဲလောက်အောင် ချမ်းနေမှာ မြင်ယောင်နေသေး။ သူများတွေကတော့ ပြန်နေကြတာ ကိုနေးတစ်ကြီးကလဲ ပြန်သွားတယ်။ ကိုစနေသားလဲ ပြန်သွားတယ်။ အော် အခု ကိုပုလုကွေးလဲ ပြန်ဦးမယ် အားလုံးက ပြန်နေကြတာပဲ။ ကျနော်လဲ ပြန်ချင်တယ်ဗျာ



လေးစားလျက် တောင်ပေါ်သား


16 comments:

puluque said...

ပြန်ချင်ရင် ပြန်ပေါ့ဗျ။ တစ်ယောက်သော သူက ပြန်ရသေးဘူးတဲ့လား။ တူတူပြန်မယ်ပြောလား။ ပြန်တာလဲ မလွယ်ဘူးဗျ။ အခွန်ဆောင်၊ လက်ဆောင်ဝယ်၊ လက်မှတ်ခနဲ့ နှစ်လစာလောက်ကို ပြောင်တီးတီး ပြောင်ပေါ့ဗျာ။( ဒီးကြားထဲ ဘောနပ်က အခုထိရသေးဘူးဗျ...ဗြဲ..ဗြဲ..(သံလွင်ဟီးရိုလို့ ငိုကြည်တာ))

January 13, 2009 at 9:33 AM
Welcome said...

စိတ်ညစ်မခံနဲ့ ဘော်ဒါရေ
အိမ်ပြန်ချင်တာပဲ .. ။
နှောင်ကြိုးတွေ တင်းခံနေရင်တော့
တစ်မျိုးပေါ့နော် .. ။
ကိုယ့်အိမ်ရောက်မှ ထမင်းပူ ဟင်းပူ စားကြတာပေါ့ .. ..
အဆင်ပြေ ချမ်းမြေ့ပါစေ .. ..

January 13, 2009 at 10:56 AM
WWKM said...

ဟိတ်.. ကြောင်လေး..
ပုလုကွေးလေးပြောတာ ဟုတ်လား...ပြောတော့ သား
သားက အသစ်လဲမရှိ အဟောင်းလဲ မရှိသေးပါဘူးဆို။ :D
အရမ်းလွမ်းနေရင် တစ်ခေါက်လောက် ပြန်လိုက်ပါလား
တောင်ပေါ်သားလေးရေ. အစ်မဆိုရင် အဲ့လို မြန်မာပြည်
နဲ့ နီးနီးလေးဆိုရင် ပြန်မှာပဲ.း)
ဆွဲဆောင်မှုတွေရှိနေရင်တော့ ပြောတတ်ဖူးရယ်လေ.
ပျော်ရွှင်ပါစေ။Comment ရေးနေရင်း နားထောင်းနေရ
တဲ့ အိမ်ပြန်ချင်တယ်သီချင်းလေးကြောင့် ငိုချင်လာပြီ.
:(

အစ်မ၀ါ

January 13, 2009 at 11:12 AM
Craton said...

သားသားတို့လည်း ပြန်ဂျင်တာပေါ့လို့..။း(

January 13, 2009 at 1:26 PM
မီးမီးငယ် said...

မီးမီးလဲပြန်ချင်တယ်

ဒါမယ့်ပြန်လာတာလဲ ၈ရက်ဘဲရှိသေးတယ်
း(

အိမ်ပြန်ချင်တယ် ၀ူး..........နွေးထွေးဆုံးမေ့အိမ်
း)

January 13, 2009 at 2:08 PM
မိုင်နေးတစ်လန်း said...

ဟဲ...ဟဲ..မနာလိုမရှိနဲ့နော်..ပြောပြချင်လို့။ ဒီနှစ်တောင်ကြီးဆောင်းက အအေးနည်း နည်းပေါ့တယ်ဗျ။ တောင်ကြီးသူလေးတွေ ကတော့ အရင်လို လှတုန်းပဲ။ အမေချက်ကျွေးတဲ့ ဟင်းကတော့ မပြောတော့ဘူး..ကောင်းချက်ကထောင်းချက်ထားတဲ့ အတိုင်းပဲ။ ညောင်ရွှေသွားတဲ့လမ်းက ငါးကန်တွေမှာ ငါးဒုက္ခတို့၊ ငါးပေါင်းတို့၊ ငါးစိမ်းသုပ်တို့ ကောင်းတာတော့ ကိုတောင်ပေါ်သား ကိုပြောပြရင် မျက်ရည်လေး စမ်းတမ်းစမ်းတမ်း ဖြစ်နေမှာမြင်ယောင်သေး..ပြောရင်တော့ နှစ်ညအိပ်လောက်ပြောယူရမယ်။
တော်ပြီတော်ပြီ..သူများကိုမစတော့ဘူး။ ကိုယ်ချင်းစာလို့..ဟဲ..ဟဲ..

January 14, 2009 at 2:29 AM
မောင်မျိုး said...

ဒီမှာလည်းဆောင်းကုန်ခံနီးမှ အရမ်းအေးလာတယ် အစ်ကိုရေ့ ဘာလို့လဲမသိ ။ ပြန်ချင်နေတာလား ခဏစောင့်ပါတဲ့ ပြန်ရပါ့မယ်ဆိုလား အိမ်ပြန်အမေ့အတွက်ချွေးမလေးတစ်ယောက်ရှာထားလေ
သားရွှေအိုးထမ်းလာတဲ့ကိန်းပေါ့ :P

January 14, 2009 at 6:12 AM
flowerworld said...

ပြန်ချင်နေပြီလားမောင်လေးရေ အမလဲပြန်ချင်တယ်...ဟင့်
အမေကတော့ပြန်ဖို့တိုက်တွန်းနေတယ် ဟိုတွေးဒီတွေးနဲ့ မပြန်ဖြစ်သေးပါဘူးဗျာ

January 14, 2009 at 7:40 AM
flower.poem said...

ပြန်ချင်ပြန်ပါ စဉ်းစားမနေနဲ့ကိုတောင်ပေါ်သား လောကမှာအချိန်ကတိုတိုလေး ကိုယ်လုပ်ချင်တာတွေကို အကုန်လုပ်သာသွား ဟီး (မြောက်ပေးတာသူများကို) စိတ်ဆိုးနဲ့

January 14, 2009 at 8:42 AM
ဖိုးဂျယ် said...

ကိုတောင်ပေါ်သားရေ ကျနော်လဲ
ပြန်ချင်တယ်ဗျာ ဒါပေမဲ့ ပြန်လို့မဖြစ်သေးပါဘူး
စိတ်လျော့ပေါနော့

January 14, 2009 at 5:18 PM
ဗီလိန် said...

ကျနော်ပြန်တုန်းက ကဗျာတစ်ပုဒ်ရေးဖြစ်တယ်ဗျ။

ဟိုမှာ... ဟိုမှာ...
အဲ... မဟုတ်သေးဘူး
ဒီမှာ... ဒီမှာ...
အဲ... ဒါလည်းမဟုတ်သေးဘူး
ဒါဆို ဟိုနားလေးကကော
ဟုတ်မယ်ထင်တယ်
ပျောက်ဆုံးနေတာ ဘာလဲ
လိုအပ်နေတာကကော ဘာလဲ
ငါလိုချင်တာ ဘာလဲ
ငွေလား
ပျော်ရွှင်မှု ဆိုတာလား
ဘာတွေရှာနေတာလဲ
ပျော်ရွှင် အဆင်ပြေမှုတွေအတွက်
ငွေနောက်လိုက်တယ်
ငွေနားရောက်တော့ကော ပျော်ရွှင်သေးရဲ့လား

ကျန်ခဲ့ပြီ......
ဟိုး အဝေးကြီးမှာ
အများကြီးပဲ
ပြန်ရနိုင်ဦးမလား
အချစ်ဆုံးသူတစ်ယောက်အတွက်
အပေးနိုင်ဆုံးအရာက ငွေလား
မဟုတ်သေးဘူးထင်တယ်
စက္ကန့်လက်တံလေးတွေက
ငါ့နှလုံးသားကို တိုက်စားခဲ့ပြီ

တော်ပါပြီ...
ငွေဆိုတာကြီးကိုလည်း ငါမလိုချင်တော့ပါဘူး
လိုအပ်နေသေးပြန်တော့လည်း ခက်သား
မင်းနောက်မလိုက်ပဲ ငါ့နောက်ပါအောင် ဘယ်လိုခေါ်ရပါ့မလဲကွာ...........။


ဘာမှ မစဉ်းစားနဲ့ ပြန်မှာသာပြန်။ ကိုပုလုကွေးပြောတဲ့ ၂ လစာမကလို့ တစ်နှစ်စာပဲ ပြောင်ပြောင်။ ချသာချပါဗျာ။

January 15, 2009 at 3:18 AM
သက်တန့် said...

စဉ်းစားနေရင်တော့ ပြန်ဖြစ်မှာ မဟုတ်ဘူး...
ကဲ ဒီတော့...
"ပြန်ပေတော့... မစဉ်းစားနဲ့... ပြန်ပေတော့..."
မေခလာ့သီချင်းပေါ့... သိပ်တော့မဆိုင်ဘူး... :)

January 15, 2009 at 9:41 AM
ခေါင်ခေါင် said...

တစ်နေ့တော့ အားလုံးကိုယ့် အိမ်ကိုယ့်ယာ ပြန်ကြရမှာပါ... အပြီးပြန်ရမှာ...
တောင်ပေါ်ကို လွမ်းလိုက်တာနော်.....

January 15, 2009 at 10:05 AM
အိမ် said...

သိပ်ပြန်ချင်ရင်လဲ ပြန်လေဗျာ သိပ်လွမ်းမနေနဲ့
နိုင်ငံခြားဆိုတာ အချိန်မရွေးပြန်သွားလို့ ရတယ်
ဗျ။

January 15, 2009 at 8:24 PM
တောင်ပေါ်သား said...

ကျနော်ကို အားပေးကြတဲ့ ချစ်ညီအကို မောင်နှမများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

တောင်ပေါ်သား

January 16, 2009 at 12:40 AM
အပြုံးပန်း said...

အမေသီချင်းတွေလာနားထောင်သွားတယ်၊
တောင်ပေါ်သူပါပဲ

February 7, 2009 at 2:57 PM

Post a Comment