Thursday, February 11, 2010

သမိုင်း


လူလောကမှာ သမိုင်းဆိုတာ မရှိမဖြစ်
သမိုင်းဆိုတာ ရာဇ၀င်ပုံပြင်တွေ မဟုတ်ခဲ့ဘူး
သမိုင်းကို ပြန်ကြည့်လိုက်ရင် အကောင်း အဆိုး ဒွန်တွဲလို့ပေါ့
“လူအ မဖြစ်ချင်ရင် သမိုင်းကိုလေ့လာတဲ့” ဒါက ဆရာသန်းထွန်း စကား
ငါတို့တိုင်းပြည်သမိုင်း ငါကြည့်တတ်သလောက်
ပြန်ငဲ့ကြည့်မိတော့

ငါတို့သမိုင်းမှာ လူကောင်းတွေ ပေါ်ထွန်းခဲ့တယ်
ဦးသန့်လို ကမ္ဘာကလေးစားတဲ့ ကုလသမဂ္ဂတယောက် ပေါ်ပေါက်ခဲ့တယ်
ငါတို့ ဂုဏ်ယူဝံ့ကြွားခဲ့ဖူးတယ်
ကမ္ဘာပေါ်မှာ ဦးသန့်နာမည်နဲ့ လမ်းတွေ ပေါ်ပေါက်ခဲ့ဖူးတယ်
ဒါဟာ ဖျက်မရတဲ့ သမိုင်းပဲ

ရိုးသားပြီး ပြည်သူတွေကိုနားလည်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုး
ငါတို့သမိုင်းမှာ ပေါ်ပေါက်ခဲ့ပြန်တယ်….
ဖြောင့်မတ်တဲ့စိတ်နဲ့ ခေါင်းဆောင်နိုင်ခဲ့တယ်
ငါတို့ရဲ့ မလွတ်လပ်တဲ့နိုင်ငံအတွက် သူ့ဘ၀ကိုပေးဆပ်ခဲ့တယ်
ပြည်သူတွေရဲ့ အသဲနှလုံးကို သူပိုင်စိုးခဲ့တယ်…

မြန်ပြည်သမိုင်းမှာ ကျောင်းသားတွေ စည်းရုံးခဲ့ကြဖူးတယ်
သွေးမတော်သားမစပ် ထမင်းလက်ဆုံ စားခဲ့ကြဖူးတယ်
တယောက်ကိုထိ တယောက်မခံ တွန်းလှန်ခဲ့ကြဖူးတယ်
သွေးရဲရဲနီတဲ့ လမ်းတွေ များခဲ့ဖူးတယ်
ဒါဟာငါတို့သမိုင်း ငါတို့အမွေ

တက္ကသိုလ်ကောင်းတွေ ငါတို့နိုင်ငံမှာ ရှိခဲ့ဖူးတယ်
တချိန်ကပေါ့ အရာရာတိုးတက် ဖွံ့ဖြိုးခဲ့တယ်….
သယာဇာတပေါကြွယ်ဝလို့ မာန်ထောင်ခဲ့ကြဖူးတယ်..
ရန်ကုန်လမ်းတွေ ၊ ဧရာဝတီလမ်းတွေ တိုင်းတပါးက အားကျလို့
အတုခိုး နာမည်တွေပေးခဲ့ဖူးတယ်.

တို့ပြည်သမိုင်းမှာ ဂဠုန်ဦးစောလို အတ္တကြီးသူတွေ ရှိခဲ့ဖူးတယ်
မျိုးချစ်စိတ်မရှိ တကိုယ်ကောင်းဆန်တဲ့ လူတွေရှိခဲ့ဖူးတယ်
ငါတို့သမိုင်းမှာ အကောင်းပြောစရာမရှိလောက်အောင်
ယုတ်မာကောက်ကျစ်တတ်တဲ့ လူတချို့ရှိခဲ့ဖူးတယ်
ရက်စက်တတ်လွန်းတဲ့ နေ၀င်းအစိုးရဆိုတာ ရှိခဲ့ဖူးတယ်
တို့မြေသမိုင်းမှာ
အာဏာရူးတဲ့ လူတချို့ရှိနေခဲ့တယ်…..

ဖေဖော်ဝါရီ (၁၄)ရက် တဲ့လေ
ပျော်ချင်သူတွေ ပျော်နေကြပေမဲ့
ရှေ့တရက် ဖေဖော်ဝါရီ (၁၃)ကိုတော့ မမေ့စေချင်ဘူး


ဖေဖော်ဝါရီ တစ်ဆယ့်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…။



လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။





လေးစားလျက် တောင်ပေါ်သား



16 comments:

ဆောင်းချမ်းမိုး said...

ကြိုက်တယ်

February 11, 2010 at 5:09 AM
kiki said...

လူတွေအားလုံး
ကိုယ့်လမ်း ကိုယ်လျှောက်ပြီး
ကိုယ့်သမိုင်း ကိုယ်ရေးကြတယ် ဆိုပေမဲ့ ၊
သမိုင်းမှာ အမဲစွန်းညစ် မကျန်ရစ်စေဖို့  အရေးကြီးတယ် နော်။

၁၄ ရက်နေ့ မှာ ပျော်စရာ မရှိပေမဲ့
၁၃ ရက်နေ့ ကိုလည်း မမေ့ပါဘူး ဆရာပေါ် ရေ..

February 11, 2010 at 5:14 AM
ကြယ်ပြာ said...

တောင်ပေါ်ရေ .... ဒီပို့စ်သဘောကျစွာဖတ်သွားပါတယ် ..

February 11, 2010 at 5:16 AM
မြစ်ကျိုးအင်း said...

ရည်ရွယ်ချက်လေး သိပ်ကောင်းပါတယ် တောင်ပေါ်သားရေ ။

မမေ့မလျော့ရှိအောင် ဒီလိုပဲ တိုက်တွန်း နှိုးဆော်သင့်ပါတယ်။

February 11, 2010 at 5:30 AM
Mogok Thar said...

12

13

မမေ့ပါဘူးးး
မမေ့ခဲ့ပါဘူးဗျာ.............

February 11, 2010 at 7:17 AM
အိုက်ခီလောက် said...

အူတူတူပဲ အဟတ်
မမေ့ဘူးဗျာ ကတောင်ပေါ်
ဒီဖေဖော်ဝါရီလ ထဲမှာဆို
အမြဲ အမှတ်ရနေတာ
၇ ရက်နေ့ ရှမ်းပြည်နယ်နေ့ 
၁၂ ပြည်ထောင်စုနေ့ 
၁၃ ဗိုလ်ချုပ်မွေးနေ့  အဟတ် အဆစ်လေးကတော့
၁၄ ချီးထူများနေ့ ပါပဲ ဟဟ

February 11, 2010 at 3:22 PM
reenoemann said...

ညီရဲ့ ပိုစ့်လေးဖတ်ပြီးတော့
ကမ္ဘာမှာ ဒီလိုလူတွေ ရှိလာပါ့တော့မလားလို့ တွေးလိုက်မိတယ်။

ခုတော့ ကမ္ဘာက သိနေပါပြီ မြန်မာဆိုတာ
ဒီလိုပါပဲ လားဆိုတာကိုပေါ့။

February 11, 2010 at 3:53 PM
kaungkinpyar said...

ဖျက်မရတဲ့ သမိုင်းပဲလေ...

February 11, 2010 at 4:12 PM
ဖိုးစိန် said...

သမိုင်းကြောင်း ကို ပြန်ပြောင်းသတိရမိနေမှာပါ..

နှစ်တွေ ဘယ်လောက်ပြောင်းပြောင်း

အားလုံး စိတ်ထဲမှာ အမြဲသာ..

February 11, 2010 at 4:15 PM
ရွှေရတုမှတ်တမ်း said...

ဆုံးအောင်ဖတ်ကြည့်တော့ ဒို့တာဝန်အရေး(၃)ပါးလဲမပါဘူး...

February 12, 2010 at 1:45 AM
noblemoe said...

အရေးသားလေး ကောင်းပါတယ်။
၁၂ ရက်နေ့ လည်းမမေ့ ဖူး
၁၃ ရက်နေ့ လည်းမမေ့ ဖူး
၁၄ ရက်နေ့  ကတော့ တို့ နဲ့ မဆိုင်သေးဖူး

သာယာချမ်းမြေ့ပါစေ။
မိုး

February 12, 2010 at 2:02 AM
ဆန်းဝင်း said...

လာလည်တယ် သတိရတယ်..
စာလာဖတ်တယ် တောင်ပေါ်သားရေ.....

February 13, 2010 at 10:13 AM
ကိုလူထွေး said...

တိုက်တွန်းနှိုးဆော်တဲ့ နည်းကို အားကျမိတယ်...

မေ့နေသူတွေ၊ မေ့ချင်ယောင် ဆောင်နေသူတွေ၊ မေ့ပစ်ထားသူတွေ အားလုံး ပြန်သိလိုက်ရတာပေါ့ ကွာ...

းဝ)

February 13, 2010 at 12:43 PM
ရွာသားလေးဝိုင်တီယူ said...

သယံဇာတ လို့စာလုံးပေါင်းမယ်ထင်တယ် ကိုတောင်ပေါ်

February 14, 2010 at 2:09 PM
လိုင် said...

ဘယ်တော့မှမမေ့ဘူး

February 15, 2010 at 1:41 PM
မိုးမောင် said...

ဒီပိုစ့်အတွက် 100% သဘောကျပါတယ်။

February 18, 2010 at 1:17 AM

Post a Comment