Monday, May 10, 2010

အပြုအမှု အပြောအဆို

ကျနော် ဒီနေ့ အလုပ်ကိုလာဖို့ မနက်စောစော MRT လို့ခေါ်တဲ့ ရထားကို စီးရင်း လူအချို့ရဲ့ အပြုအမူတွေ အကျင့်စရိုက်တွေကို ကြည့်ပြီး တွေးနေမိပါတယ်။ လူတွေဟာ ပတ်ဝန်းကျင် အနေအထားပေါ် မူတည်ပြီး အကျင့်၊သိက္ခာတွေ ပြောင်းလဲလာရပါတယ်။ တခါတရံ သိမ့်မွေ့နူးညံတဲ့ လူတွေ တွေ့ရသလို အခါတရံတော့လဲ ရင့်သီးတဲ့ အပြောအဆိုနဲ့ ဆက်ဆံတတ်တဲ့ လူတွေကို တွေ့ရပါတယ်။ တခါတလေ အပြင်ပန်းသိမ့်မွေ့သလောက် အတွင်းစိတ်ထား ကောက်ကျစ်တတ်တဲ့ လူအချို့ကိုလဲ ရင်ဆိုင်ရပြန်ပါတယ်။

စင်ကာပူက ရထားတွဲလေးတွေမှာ ထိုင်ခုံလေးတွေ ရှိပါတယ်။ အစွန်ဆုံး ၂ နေရာကိုတော့ ပုံမှန်လူတွေထက် အကြောင်းအမျိုးမျိုးကြောင့် ပိုလိုအပ်တဲ့လူတွေအတွက် နေရာပေးဖို့ သတိပေးထားတာ ရှိပါတယ်။ ဥပမာ ကိုယ်ဝန်ဆောင်သည်၊ ဒုက္ခရောက်နေတဲ့ လူတွေ၊ အဖိုးအဖွားတွေ၊ ကလေးငယ်လေးတွေ အတွက်ပေါ့.... ဒီနေရာမှာ ကွာခြားတာက လူမျိုးပါပဲ ကျနော်မြန်မာပြည်က ပေါက်ဖွားလာတဲ့ လူတွေအတွက် (ဘာသာစုံ) လူကြီး၊မိဘတွေကို ရိုသေလေးစားတတ်သလို ကလေးငယ်လေးတွေကိုလဲ ချစ်ခင်စွာ ကြင်နာတတ်ပါတယ်။ အကျဉ်းပြောရရင်တော့ မြန်မာလူမျိုးအများစုဟာ ဒီလိုနေရာမျိုးလေးမှာ တော်ရုံ ထိုင်ခဲပါတယ် တကယ်လိုအပ်တဲ့ လူတွေကို နေရာပေးလေ့ရှိပါတယ်။ စလုံးလူတွေကတော့ မသိကျိုးကျွန်ပြုပြီး ဟန်ပန်တခွဲသားနဲ့ ထိုင်နေလေ့ရှိတာ တွေ့ရပါတယ်။ ဤသို့ စလုံးနိုင်ငံသားအများစု ပြုမှုတတ်သော အပြုအမှုနေရာမှာ မြန်မာနိုင်ငံသား တယောက် လုပ်ပြနေတာမြင်ရတော့ ရင်ထဲမှာ မပြောပြတတ်သော ခံစားချက်တခု ဖြစ်နေမိသည်

အဲ့လို မြင်နေမိတာကို ကိုယ့်ဟာကိုယ် သေချာပြန်စဉ်းစားမိတော့ ကျနော်လဲ ဒီနေရာလေးမှာ နေလာတာကြာလာတာနဲ့အမျှ ကိုယ့်ရဲ့ သိစိတ်၊ မသိစိတ်တွေကနေ ပြောင်းလဲခဲ့တာတွေ အတော်ကို များလာခဲ့ပါပြီ။ အရင်ရောက်ခါစကလို ရထားစီးရင်း ကိုယ်နေရာလေးတခုရရင် သူများကို နေရာပေးတတ်တဲ့ အကျင့်တွေ ရှိတတ်လာပြီ။ အပြောအဆိုတွေလဲ တဖြေးဖြေး ရင့်သီးလာခဲ့ပြီလို့ ကိုယ့်ဟာကိုယ် ထင်မိပါတယ်။ မိသားစု အသိုင်းအဝိုင်းဝေးလို့ တယောက်ထဲ နေတတ်တဲ့ အကျင့်တွေလဲ ရှိနေပြန်ပါပြီ။ ငွေရဖို့အတွက် ဘယ်လိုပဲ ဖြစ်ဖြစ်လုပ်မဲ့ လူတွေနဲ့ စာရင်တော့ အနဲငယ် ခံသာပါသေးတယ်လို့ ဖြေတွေးတွေးမိရင်းနဲ့.....

ကျနော်တို့တွေသာ နေရာတွေ ဘယ်လောက်ပြောင်းပြောင်း သန့်ရှင်းတဲ့ စိတ်ဓါတ်၊ မြင့်မြတ်တဲ့ အကျင့်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်မယ်ဆို ကျနော်တို့ တိုင်းပြည်အတွက် နာမည်ကောင်း ထွက်လာစေမှာပါ.... ဒါကလဲ တိုင်းပြည်ကို အကျိုးပြုနေတဲ့ နည်းလမ်းတွေထဲက တခုမဟုတ်ပါဘူးလား........

မြန်မာတွေအားလုံး မြန်မာလို နေတတ်ကြပါစေ.......

လူသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့်၊ ငြင်းဆိုနိုင်ခွင့်  ရှိပါသည်။

လေးစားလျက်

တောင်ပေါ်သား

4 comments:

နေ့အိပ်မက် said...

ဟုတ်ပါ့ နေ့အိပ်မက်လည်း ဘယ်လောက်ညောင်းညောင်း အစွန်ခုံတွေမထိုင်ချင်ဘူး။ ကြားရက်မနက်စောစောနဲ့ ညမိုးချုပ်ဆိုရင်တော့ ထိုင်တယ်။ ထပေးသင့်တဲ့သူရောက်လာရင် ထပေးတယ်။ အဲအချိန်က အသက်ကြီးတဲ့သူတွေ အပြင်သိပ်မထွက်ကြဘူးလေ။ ပိတ်ရက်ဆိုရင်တော့ လုံးဝမကိုမထိုင်တော့ဘူး။ မြန်မာတွေက အနေကြာသွားတဲ့တချို့သူတွေက ဒီက အသံအတိုင်းလိုက်ပြော၊ ဒီက နေသလိုနေနဲ့ စိတ်ဓာတ်တွေလည်း ပြောင်းကုန်တာထင်ပါတယ်။ နောက်မျိုးဆက်တစ်ခုလောက်ဆိုရင်တော့ မတွေးရဲစရာ။

ဒါနဲ့ "တော်ယုံ ထိုင်ခဲ့ပါတယ်" က “တော်ရုံထိုင်ခဲပါတယ်” ဖြစ်ရမှာသိလား။ “ယုံ” နဲ့ “ရုံ”က သိပ်ပြဿနာမရှိပေမဲ့ “ခဲ” နဲ့ ”ခဲ့”ကြတော့ အဓိပ္ပာယ်လွဲသွားသလိုဖြစ်သွားတယ်။

May 10, 2010 at 11:44 PM
မိုးခါး said...

တွေးလိုက်တော့လဲ ပို့စ် တပုဒ် ဖြစ်ကရောပေါ့ .. :D
တကယ်တော့ ကိုယ်ချင်းစာတတ်မယ် သူတပါးအပေါ်ကြင်နာသနားတတ်မယ်ဆို ပြောနေဖို့တောင် လိုမယ်မထင်ပါဘူး
ဒါပေမယ့် လူတိုင်းက အတ္တသမားတွေလေ
ကိုယ်မှ ပင်ပန်းတာ ကိုယ်မှ အလုပ်တွေ လုပ်နေရတာ ကိုယ်သာလျှင် အပင်ပန်းဆုံးလို့ ထင်တတ်တာမျိုးမလား
ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ထက်ပိုပြီး လိုအပ်နေတယ်ဆိုတာမျိုး မြင်အောင် ကြည့်တတ်မယ်ဆိုရင် ကောင်းမှာပဲ ..

တခါတလေ ကားပေါ်မှာ ရထားပေါ်မှာ သက်ကြီးရွယ်အိုတွေ ဘေးနား မတ်တပ်ထားပြီး အမိန့်သားထိုင်နေတဲ့ လူတွေတွေ့ရင် ဒေါသက ထွက်လာရော
ဒါပေမယ့် မတတ်နိုင်ဘူးလေ .. စေတနာပေါ့ ..

May 11, 2010 at 10:43 AM
တောင်ပေါ်သား said...

နေ့အိမ်မက် >>>> စာလုံးပေါင်းအမှားများ ထောက်ပြပေးတာ ကျေးဇူးတင်ပါတယ်။ ကျနော် ပြင်ထားလိုက်ပါပြီး)


လေးစားလျက်
တောင်ပေါ်သား

May 11, 2010 at 10:48 AM
noblemoe said...

လောကကြီးမှာ ပြောင်းလဲတာတွေ များကြီးရှိပါတယ်။ပတ်ဝန်းကျင်အလိုက်ပြောင်းလဲတဲ့ထဲမှာ ကိုယ်တိုင်လည်းပါတယ်လေ။ ဒါပေမဲ့  မြန်မာနိုင်ငံမှာ မွေးဖွားလာတဲ့လူသားတစ်ယောက်ရဲ့ ရိုသေလေးစားတတ်တဲ့စိတ် ကိုယ်ချင်းစာနာတတ်စိတ်ရှိတဲ့နှလုံးသားတွေက တော့  ပြောင်းဖို့ မလွယ်ကူဖူးနော်။ဒါတွေကလည်း သွင်သင်ဆုံးမမှုပေါ်မှာလည်းအများကြီးလိုအပ်သလို အတွင်းစိတ်ရင်းပေါ်မှာလည်း အခြေခံတာပေါ့ မောင်လေးရယ်။ဒီမှာ ရိုသေလေးစားမှုက ရှားပါးပေမဲ့  စာနာသနားတာကိုတော့လည်းတွေ့ ရတတ်ပါတယ် ။နေရာတိုင်းမှာ လူမျိုးစုံ ရှိတာပါပဲလေ။
သာယာချမ်းမြေ့ပါစနော်
မိုး

May 11, 2010 at 3:46 PM

Post a Comment