ဆေးလိပ်
အရောင်အသွေး တံဆိပ်စုံလို့
ဖွာသူရင်မှာ ခိုက်စေတယ်
တဖွာရှိုက်လိုက် တကြောင်းရေးလိုက်
စာရေးဆရာ အသဲစွဲ
တရှိုက်ရှူလိုက် တငုံသောက်လိုက်
ယမကာသမားများ အကြိုက်
အဖြူရောင်နဲ့ ရွှေဝါရောင်ခံ
စီးကရက်ဆိုတာ
လူသာမာန်များ နှစ်သက်ကြသည်
တို့ဓလေ့ထုတ် အစိမ်းရောင်လိပ်
တောသူတောင်သား ကြိုက်ကြလေ၏
စာရွှက်ကိုဖြန့် ဆေးမှုန့်ကိုထည့်
ဖွာသူများလဲ တွေ့ခဲ့ဖူးသည်
အကျဉ်းကျခံ လူသားအဖို့
သည်ဆေးလိပ်သာ သူ၏အဖော်
ထမင်းစားပြီး အပျင်းလဲပြေ
ခံတွင်းရှင်းဖို့ တဖွာတရှိုက်
သူတို့သောက်သည်
ဆေးလိပ်ကိုဝယ် ရောဂါကိုပွား
မကြိုက်သူတို့ ရှုံ့မဲ့ကြသည်
ဦးနှောက်ကြည်လင် စဉ်းစားဥာဏ်တိုး
ကြိုက်သူများက ပြောကြပြန်သည်….
အငွေ့ကိုထုတ် ဟန်ရေးလုပ်လို့
ကာလသားများ လူပျိုလှည့်သည်
လက်တွေ့ဘဝ
ဖွာလိုက်ရှိုက်လိုက် ဒီပါးစပ်မှာ
အငွေ့တွေများ မီးရထားပမာ
အချိန်တွေကြာ ဒီဆေးလိပ်တိုဘဝ
အဆုံးမှာတော့ ဖင်စီခံတာ ကျန်ခဲ့တာမို့
အသုံးမ၀င် အပစ်ခံဘဝ
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့်၊ ငြင်းဆိုနိုင်ခွင့် ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
4 comments:
ကာရန်ယူထားသလိုလို မယူထားသလိုလိုနဲ့... ဖတ်ရတာ တစ်မျိုးတော့ တစ်မျိုးပဲ... ;)
May 12, 2010 at 12:03 AM“ဧည့်သည်ကြီး”
May 12, 2010 at 11:43 AMဆေးလိပ်လဲတို
နေလဲညိုပြီ
ငါ့ကို အိမ်ပြန်ပို့ပါတော့..။ ။
ဆရာတင်မိုး ရဲ့ ကဗျာလေးကိုတောင် အမှတ်ရသွားတယ်....
အသုံးမဝင် အပစ်ခံဘဝ မဟုတ်ရပါဘူး
သဘောမနောကောင်းတဲ့ အမောင်တောင်ပေါ် လေး ရာ....
(အခုမှ အကို့ဆီမှာ ညီလေးဘလော့ လင့်ခ် ချိတ်တာ မှန်သွားတော့တယ်)
ခင်မင်လျက်
ထမင်းစားပြီး တစ်မျိုးလို အိပ်ယာဝင်လည်း တမျိုးလို ဆေးလိပ်တို ဆေးလိပ်တို
May 13, 2010 at 1:03 PMသတိ ဆေးလိပ်သောက်ခြင်းသည် ကျမ်းမာရေးကို ဆိုးရွားစွာထိုက်ခိုက်စေနိုင်ပါသည်။
သာယာချမ်းမြေ့ပါစေနော်
မိုး
ကို ဆေးလိပ် မသောက်နဲ့ နော်....
May 16, 2010 at 5:25 PMဆေးလိပ် သောက်ခြင်းသည် ငချမ်းလို အဆက်မပြတ်ချောင်းဆိုး တတ်ပါသည်..မကြာပါ..
Post a Comment