အိပ်မက်
ဒီည အိပ်မက်မက်ခဲ့တယ် ငါအိပ်မက်လေးထဲမှာ
စိတ်တူကိုယ်တူပေါင်းခဲ့ဖူးတဲ့ သူငယ်ချင်းတွေပါတယ်
အနေဝေးပေမဲ့ သွေးနီးနေတဲ့ လူတွေကိုလဲလွမ်းတယ်
မမြင်နိုင်ပေမဲ့လဲ လွမ်းတယ်
အပေါ်ယံတွေ ဖယ်လို့ ငါတို့ သိကျွမ်းခဲ့တယ်
မြူတွေဆိုင်းနေတဲ့ ငါတို့မြို့လေးလဲပါတယ်
ဒီည အိပ်မက်မက်ခဲ့တယ် ငါအိပ်မက်လေးထဲမှာ
ကျောင်းတုန်းက အပျော်တွေ ပြန်ရခဲ့တယ်
ပျော်ရွှင်မူတွေ ဖန်တီးခဲ့ကြတယ်
အနေဝေးပေမဲ့ ခင်မင်မူတွေက ဒီအတိုင်းပါပဲ
အရာရာဟာ မပြောင်းလဲပဲရှိနေတုန်းပါပဲ
ငါချစ်တဲ့ တောင်တန်းတွေပါတယ်
ရိုးသားပြီး ပွင့်လင်းတဲ့ အပြုံးလေးတွေပါတယ်
ဒီည အိပ်မက်မက်ခဲ့တယ် ငါအိပ်မက်လေးထဲမှာ
ငါခုံမင်နှစ်သက်ခဲ့တဲ့ ပွဲတော်တွေပါတယ်
ငါတို့တွေ တူတူပျော်ရွှင်ခဲ့ကြတယ်
တူတူအော်ဟစ် သီချင်းတွေဆိုကြတယ်
ငါရဲ့ ကြိုးပျက်ခဲ့တဲ့ ဖိနပ်လေးတရံလဲပါတယ်
လွမ်းတယ် အားလုံးကို လွမ်းတယ်
ဒီအိပ်မက်မျိုး တကယ်ပြန်လိုချင်တယ်
အလုပ်ကအပြန် ရောက်ရောက်ခြင်းပဲ အိပ်ပျော်သွားတာ အိပ်မက်လေးထဲမှာ ကျနော်ရဲ့ ငယ်စဉ်က သူငယ်ချင်းတွေနဲ့ ပြန်ဆုံတွေ့ရတာလေးကို ပြန်တွေးပြီး ကြည်နူးမိပါတယ်။ အချိန်တွေတိုက်စားလာတော့ တချိန်က ဒီလိုသူငယ်ချင်းတွေနဲ့ အတူတူ ပျော်ရွှင်ခဲ့ ရင်ခုန်ဖူးခဲ့တာတွေဟာ အခုချိန်မှာတူတူပြန်ဆုံဖို့ဆိုတာ ခက်ခဲလွန်းတတ်ပေမဲ့ အိပ်မက်လေးထဲမှာတော့ ပျော်ရွှင်စရာလေးတွေ မက်နိုင်ပါသေးတယ်။ တချိန်ချိန်ပေါ့ အားလုံးပြန်ဆုံတွေ့နိုင်အောင် ကြိုးစားပါဦးမယ်... အခုတော့ သိမ်းထားလိုက်ဦးမယ် အမှတ်တရပေါ့ဗျာ....
၂၅ နိုဝင်ဘာ ၂၀၀၉
လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။
လေးစားလျက် တောင်ပေါ်သား
12 comments:
တချိန်ချိန်ပေါ့...အားလုံး ပြန်ဆုံတွေ့နိုင်ပါစေ တောင်ပေါ်ရေ..း)
November 24, 2009 at 7:17 PMအိပ်မက်တွေ လက်တွေ့ဖြစ်ပါစေလို့ လေးလေးနက်နက် ဆုတောင်းပေးလိုက်ပါတယ် တောင်ပေါ်သားရေ...
November 24, 2009 at 8:13 PMးဝ)
ဆန္ဒရှိရင် အိမ်မက်တွေ အကောင်အထည်ပေါ်လာမှာပါ .. အမြန်ဆုံး အကောင်အထည်ပေါ်လာပါစေ ဆုတောင်းပေးပါတယ် ..း)
November 24, 2009 at 11:21 PMရှမ်းတောင်တန်းကိုလွမ်းတယ်.. ရှမ်းခေါပုတ်ကိုလွမ်းမယ်...း(.. ရိုးသားတဲ့ ငယ်သူငယ်ချင်းအားလုံးကိုလည်း လွမ်းတယ်.... ပြန်တိုင်းတွေ့ရပေမယ့် လွမ်းနေဆဲပဲ... အစ်ကိုလည်း ဆုံတွေ့နိုင်ပါစေ....
November 24, 2009 at 11:50 PMအိပ်မက်လေး အကောင်အထည်ပေါ်ပါစေ အကိုရေ.. ကဗျာလေး ကောင်းတယ်ဗျ
November 25, 2009 at 12:40 AMကိုကြီးငဲ သီချင်းလေးဆိုပြမယ်....
November 25, 2009 at 1:14 AMတနေ့တော့..တနေ့ပေါ့...အားမလျှော့နဲ့ကွယ်
ဘယ်နေ့လဲ...ဘယ်တော့လဲ...မမေးလိုက်ပါနဲ့..
ဘယ်တော့မှမဖြစ်လာတော့ဘူးလို့......
တခါတလေအိမ်မက်က....ကိုယ့်ရဲ့မသိစိတ်ကလိုချင်မှုကို ဆောင်ကျဉ်းပေးတယ်ဗျ
ဟားးး
November 25, 2009 at 1:40 AMညီလေးလဲ မြို့ကိုလွမ်းနေတယ်ပေါ့။ အဖော်ရပြီ။
ကိုယ်တို့ မောင်နှမတွေ၊ သယ်ရင်းတွေ အားလုံး အိမ်လွမ်းနေကြတယ်။
အတိတ်က ပျော်ရွှင်ခဲ့တဲ့နေ့ရက်တွေ၊ ပြန်မရနိုင်တော့မဲ့၊ ပြန်ကြုံလာအုံးတောင် အရင်လို မဟုတ်နိုင်တော့တဲ့ နေ့ရက်တွေဆီကိုပေါ့။
ကိုတောင်ပေါ်သားရဲ့ ဆန္ဒတွေနဲ့ အိမ်မက်တွေ အမြန်ဆုံး လက်တွေ့ အကောင်အထည် ဖော်နိုင်ပါစေ ... အဝေးရောက် ငယ်သူငယ်ချင်းတွေနဲ့လည်း ပြန်လည်ဆုံတွေ့နိုင်ပါစေ...
November 25, 2009 at 1:50 AMခင်မင်လေးစားလျှက်
အိပ်မက်တွေ အားလုံး အကောင်အထည်ဖော်နိုင်ပါစေ ကိုတောင်ပေါ်သားရေ
November 25, 2009 at 7:09 AMသတိရတိုင်း လွမ်းတဲ့စိတ်ကို အတင်းမျိုသိပ် လို့ ဟန်ဆောင်ကာ ပြုံးနေသော်လည်း ငါ့ရဲ့ စိတ်အစဉ် က တစ်ချိန်ငယ်ဘ၀ သူငယ်ချင်းများနှင့် အတူပျော်ခဲ့ဖူးခဲ့ကြတာ ကိုသာ တောင်းတောင်းတတ ဖြစ်မိပါ၏။
November 25, 2009 at 1:37 PMကိုတောင်ပေါ်ရဲ့ ဆန္ဒတွေ အမြန်ဆုံး ပြည့်ပါစေ.။
ခင်မင်တဲ့
ညီညီ
(လူတိုင်းလွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့်ရှိပါသည်.။)
အမြဲ အမှတ်ရနေစေမယ့် ဆောင်းအိပ်မက်ထဲ တွေ့ဖြစ်ခဲ့လို့ ၀မ်းသာတယ်။
November 28, 2009 at 4:28 AMအင်း ... ငယ်ငယ်တုန်းကသူငယ်ချင်းတွေကိုတောင် လွမ်းသွားတယ် ...
December 1, 2009 at 7:33 AMPost a Comment