Friday, May 22, 2009

ခြင်္သေ့



သူဟာ ငါတို့တောတခုလုံးရဲ့ ဘုရင်ပေါ့
အများအမြင်မှာ သူ့ပုံစံကြည့်လိုက်ရင်ဖြင့်
ကြောက်စရာ သတ္တ၀ါတကောင်လို မြင်နေပေမဲ့
ပင်ကိုစိတ်ဓါတ်ကတော့ ပြင်းထန်ပေတယ်။
သူ့ရဲ့လက်အောက်ငယ်သားတွေကို ချစ်ခင်တယ် ကြင်နာတယ်
ယုယတတ်တယ် နွေးထွေးမူတွေနဲ့ အုပ်စိုးတယ်။

မသမာ ခွေးအတစု ၀ိုင်းကိုက်ခဲ့လို့
ငါတို့ဘုရင် တောခြင်္သေ့လဲ အသေစောခဲ့ရတယ်။
သခင်မရှိတဲ့ ဒီတောကို တိရစ္ဆာန်မျိုးစုံ အုပ်ချုပ်လို့ပေါ့..
မြေခွေး၊ ၀ံပုလွေ၊တခါတလေ တအာအာအော်တဲ့ ကျီးကန်းနက်တောင် ပါသေး
ရှင်ဘုရင်လုပ်ချင်လိုက်တာ မပြောနဲ့သူ့ကို
အသုံးရယ်က လုံးလုံးမကျ ဘေးက လင်းတတွေက မြှောက်ထိုးပင့်ကော်.....

သနားစရာ တိရစ္ဆာန်ငယ်တို့မှာ
ဒီတောကြီးအေးချမ်းစေချင်တာကြောင့် ၀ိုင်းလို့ဆုတောင်း
အဖခြင်္သေ့အရိုက်အရာ ခံနိုင်တာသူ့လိုမျိုးဆက်ပဲ ဖြစ်မှာမို့
မျှော်လင့်တကြီး စောင့်စားခဲ့ပေါ့
သူတို့ရည်မှန်းချက် ခက်ခဲပေမဲ့ တချိန်ကြရင်တော့
တောဘုရင်ဟာ တောဘုရင်ပါပဲ
ဒီတောကို တခါ ပြန်အုပ်စိုးမဲ့ ဒီခြင်္သေ့မျိုး........



လေးစားလျက် တောင်ပေါ်သား

11 comments:

အိမ် said...

အဖခြသေ့င်္ လိုမျိုး နောက်ထပ်ပေါ်ဖို့ မရှိလောက်
တော့ပါဘူးဗျာ။ ဒါပေမဲ့ မျှော်လင့်နေကြတုန်းပါ
ပဲဗျာ။

May 22, 2009 at 5:19 PM
နွေးနေခြည် said...

ကောင်းတယ် ကြိုက်တယ် ထိမိတယ်
ခြင်္သေ့မျိုးပြန်ဖြစ်ဖို့ မျော်လင့်နေမယ်

May 22, 2009 at 5:39 PM
ဇော် said...

ဆရာပေါ်ကတော့
လုပ်ချလိုက်ပြန်ပါပြီ။
ရင်ထဲက ခံစားချက်တွေကို။
အဟက်။

May 22, 2009 at 8:11 PM
ဖိုးစိန် said...

တစ်ကောင်တည်းပဲ ဒါပေမယ့်ခြင်္သေ့
ဘယ်တော့မှ တစ်ယောက်တည်း အားမငယ်ဘူး
သတ္တိတွေမနည်းဘူး
အားမာန်အပြည့်ရှိတယ်
တောဘုရင် ဟာ တောဘုရင်ပါပဲ
မှန်တယ်
ခံစားမှု တစ်ခုနဲ့ မကျေနပ်မှုကိုယှဉ်တွဲမြင်မိပါတယ်
ခင်တဲ့
ကိုစိန်ဖိုးတုတ်

May 22, 2009 at 8:54 PM
ဆန်းဝင်း said...

How great ur feeling...

May 23, 2009 at 12:53 AM
kiki said...

တောဘုရင် ခြင်္သေ့ ၊ တကောင်ထည်း နေပေမဲ့ လည်း ခြင်္သေ့ဟာ ခြင်္သေ့ ပါဘဲ ။ မြေခွေးတွေ အုပ်လိုက်ဖွဲ့ ပြီး ဝိုင်းကိုက်နေကြတာ ရေရှည်အမှန်မှာ သူတို့ တာရှည်မခံပါဘူး ( အင်း ကိုယ့်စိတ် ကိုယ်ဖြေပြီးသာ ပြောနေရတာ ...ဒီမြေခွေး တအုပ် သောင်းကျန်းနေကြတာ ရာစု နှစ်တဝက် ရှိနေပြီ ) :(

May 23, 2009 at 4:03 AM
မိုးခါး said...

အသေစောပေမယ့် မမေ့ခဲ့ကြဘူး .. ကြင်နာတတ်တဲ့ တာဝန်ကျေတဲ့ ခေါင်းဆောင် ပီသတဲ့ တောဘုရင်ဖြစ်နေလို့ပါ ..

May 23, 2009 at 5:36 AM
အိုက်ခီလောက် said...

အင်းခြင်္သေ့ လာကြည့်တာ
ကောင်းလိုက်တဲ့ခံစားချက်တွေ
ဘယ်ကတည်းက သိမ်းထားတာလည်း
လိုင်းမကောင်းလို့ ခုမှပြန်လာဖြစ်တယ်

May 23, 2009 at 10:12 PM
စိုင်းစိုင်းလားရှိုး said...

ကေသရာဇာ ခြင်္သေ့ ကဲ ဟိန်းပြီကွာ.... တောကိုညံ တောင်ကိုညံ ပဲ့တင်သံတွေနဲ့....

May 26, 2009 at 6:44 AM
ဂျပန်ကောင်လေး said...

တယ်လည်းမိုက်တယ်ဗျာ.. ရှာရှာဖွေဖွေလည်းရေးတတ်ပါ့..း).. (သတိထား) ဟီးဟီး

May 26, 2009 at 12:22 PM
neking said...

ကြိုက်တယ်ဗျို့။ဒီတခါတော့တကယ်လေးစားသွားတယ်ဟဲဟဲ

June 16, 2009 at 6:57 AM

Post a Comment