Tuesday, May 26, 2009

နိုင်ဂံဂျားပြန်တစ်ယောက်ရဲ့ ငြီးချင်း


တီဝါ ရဲ့ တက်ဂ်ပို့လေးပါ။ နိုင်ငံခြားပြန်တယောက်ရဲ့ ငြီးချင်းတဲ့ တီဝါတို့ကတော့ နိုင်ငံခြားရောက်ပြီး ကိုယ့်တိုင်းပြည်ကို ပြန်ဖူးတဲ့ လူတွေဆိုတော့ ပြောအားရှိတယ်ပေါ့ ကျနော်ကတော့ ချစ်သော အမိမြေဆီသို့ တကြိမ်မှ မပြန်ဖြစ်သေးပါ။ ဒီအတွက် နိုင်ငံခြားပြန်တယောက်ရဲ့ အတွေ့အကြုံကို သေချာမသိသေးပါဘူးခင်ဗျာ.. ဒါပေမဲ့ ဒီမှာ နေနေစဉ် အတောအတွင်း ကြုံရတဲ့ အဖြစ်လေးတွေကတော့ များပါတယ်။ လူတယောက်ဖြစ်တာနဲ့ အညီ လူတယောက်ရဲ့ လုပ်ရမဲ့ တာဝန်တွေ အများကြီးပါ။ ကျနော်လဲ ဘ၀ရည်မှန်းချက်လေးအတွက် ဒီလို စင်ကာပူဆိုတဲ့ တိုင်းတပါးကို ရောက်လာခဲ့ပါတယ်။ တကယ်တမ်း ငွေကြေးတတ်နိုင်သူ တယောက်အတွက် အာရှအတွင်းမှာ ရှိတဲ့ စင်ကာပူလိုနိုင်ငံမျိုးဟာ အိမ်ဦးနဲ့ ကြမ်းပြင်ဆိုသလို အလွန်လွယ်ကူပါတယ်။ ငွေကြေးမတတ်နိုင်သူတွေ အတွက်ကတော့ ဒီစင်ကာပူလိုနိုင်ငံမျိုးကို ထွက်လာရဖို့ မိသားစုရဲ့ စီးပွါးရေးတွေကို ရင်းပြီး ထွက်လာရတာပါ။

ကျနော် စင်ကာပူကိုရောက်စကတော့ ကျနော်ထင်ထားသလို အေးဆေး မဟုတ်ခဲ့ပါဘူး။ တော်တော်လေးကို ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ခုထိလဲ ရင်ဆိုင်နေတုန်းပါ။ ၁၀ပေ ပတ်လည်လောက်ရှိတဲ့ အခန်းလေးမှာ သူငယ်ချင်း၎ယောက် စုနေရတာပါ။ အခန်းကကျဉ်းတော့ ရွှေတိုင်းပြည်လို လွတ်လွတ်လပ်လပ် အိပ်ရတာမဟုတ်ပါဘူး။ အမြင်ဆန်းတဲ့ နှစ်ထပ်ကုတင်လေး ၂ လုံးနဲ့ သူငယ်ချင်းတသိုက် ဘ၀အတွက်ကြိုးစားရင်း အိပ်ချိန်လေးတာပေးရတဲ့ အခိုက်အတန့်လေးကို ဂရုမစိုက်အားခဲ့ပါဘူး။ ဒီလိုတိုင်းပြည်မှာ ဘ၀အတွက် ကြိုးစားရုန်းကန်နေဆဲ အချိန်လေးမှာ ရွှေနိုင်ငံက ဆွေမျိုး၊ သူငယ်ချင်းတွေကတော့ အတော့်ကို အထင်ကြီး အားကျနေပါတယ်။ ဒီကကောင်ကတော့ ရုန်းကန်နေတာ (ခြင်ထောင်ထဲမဟုတ်ပါး))သူတို့မသိဘူးရယ်။

သူတို့နဲ့ အွန်လိုင်းတက်ပြီး တွေ့ရင် ပထမဆုံးမေးတာက နေကောင်းလားတဲ့.. ကျေးဇူးတင်စရာပါ ချစ်စရာ အပေါင်းအသင်းတွေလေ.. ဒုတိယမေးခွန်းကတော့ မင်းထောနေပြီဆို လစာဘယ်လောက်ရလဲတဲ့.. သူတို့တွက်တာ လစာငွေတခုထဲကို ကြည့်ပြီး တွက်တာပါ။ ဒီလိုတွက်တိုင်းတာဆို ပြည်ပရောက်ရွှေတွေအားလုံး တလကို အနဲဆုံး သိန်း၂၀လောက် ရနေလောက်ပြီး အဆင်ပြေနေလောက်ပါပြီ။ သူများနိုင်ငံတွေမှာ နေရတဲ့ နေစရိတ်၊ စားစရိတ်တွေ ထည့်မတွက်တော့ဘူးလားမသိပါဘူး.... အမှန်အတိုင်းပြောရရင် ကျနော် ဒီစင်ကာပူကိုရောက်တာ ၁ နှစ်ကျော်ပါပြီ။ တီဝါလို ငွေလေးတောင် မစုဖြစ်ပါဘူး။ ဘယ်လိုလုပ် ကုန်သွားလဲ မသိပါဘူး.. အဟဲ အသုံးလဲ မကြမ်းရပါဘူး အဖြုန်းလဲ မကြီးပါဘူး....

ခုနောက်ပိုင်း စင်ကာပူရောက် ကျနော်သူငယ်ချင်းတွေက လစာနဲနဲလေးနဲ့ အလုပ်ရကြပါတယ်။ သူတို့လဲ အဆင်မပြေကြောင်း အမြဲငြီးပြတတ်ပါတယ်။ တကယ်တမ်း အဆင်ပြေတာဆိုလို့ ကျနော်တို့တိုင်းပြည်ကြီးပဲ ရှိပါတယ်။ ကျနော်တို့ ဘယ်လောက်ပဲရရ သူတို့ကတော့ သေချာပါတယ် လာခဲ့ S-80,E-120,P-160 ပါပဲ... ပုံမှန်ဝင်ငွေလေးတွေရနေတာပါပဲ။ ကျနော် စဉ်းစားကြည့်တယ် ကျနော်တို့ပေးတဲ့ ငွေတွေ ဘယ်ရောက်သွားလဲ တိုင်းပြည်အတွက် ဘယ်နေရာမှာအသုံးချနေလဲ စာရင်းရှင်းတမ်းလေး လုပ်ပေးရင် ကောင်းမယ်နော့် အဟိ.. နာဂစ်ဖြစ်တုန်းက ကျနော်တို့ ပေးလိုက်တဲ့ အခွန်ငွေတွေ လှူတာလား.... ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ကတော့ ပုံမှန်ပေးနေရတာပါပဲ တကယ်လို့ ကျနော်တို့ပေးတဲ့ ငွေတွေ တိုင်းပြည်အတွက် တထောက်တနေရာက ပံ့ပိုးပေးနေတယ်ဆိုတာ သိရလို့ ၀မ်းသာပါတယ်။ ပြည်သူငွေနဲ့ စားနေရတဲ့ထမင်း၊ ပြည်သူ့ငွေနဲ့ နေနေရတဲ့တိုက်တာ၊ အဆောက်အဦး၊ ပြည်သူတွေလို လိုင်းကားကျပ်ကျပ်ထဲမှာ မတိုးစီးရပဲ ပြည်သူ့ငွေနဲ့ ၀ယ်တဲ့ကားစီးနေရတဲ့လူတွေများ တခါတလေ စိတ်ကောင်းလေးများရှိရင် ပြည်သူတွေအ
တွက် တခုခုလေး ပြန်လုပ်ပေးကြမလားလို့ စဉ်းစားမိပြန်ပါတယ်။ ခုရက်ပိုင်းအတွင်း ကြားလိုက်ရပါတယ် ကောင်စစ်ဝန်ကြီးတယောက် စကားပြော မဆင်ခြင်နိုင်မူလေးကို အတော့်ကို ရီရပါတယ်။ သူခုစားနေရတာ ကျနော်တို့ ပံ့ပိုးမူ မပါဘူးလို့ ပြောရဲလားဗျာ.... တီဝါရေ ဆိုင်လား မဆိုင်လားတော့ ကျနော်လဲ သေချာမသိပါ။ စိတ်ကူးထဲ ရှိတာရေးလိုက်ပါတယ်။ ကျနော် အပြန်မှ ကြုံရတဲ့ အတွေ့အကြုံကို ရေးပါဦးမယ်။ ကဲ အောက်က အကိုတော် အမတော်များ ပြန် တဂ်တယ်ဗျာ..


၁)ကိုရီနို
၂)ကိုနေးတစ်
၃)ဂျပန်ကောင်လေး
၎)မရောင်
၅)မိုးခါး
၆)ကြယ်ဖြူစင်
၇)မငုံ
၈)မကီ
၉)ယမကာ
၁၀)ကိုအိမ်


တော်ပြီ ၁၀ ယောက်ပဲ တက်ဂ်လိုက်တော့မယ် ။ ပြန်မဲ့လူတွေနဲ့ ကျောင်းသားတွေနဲ့ များနေတယ် အဟဲ ဟဲ ကံကောင်းတယ်မှတ်ထား.....

စာကြွင်း။ ။ အလုပ်များနေလို့ ဘလော့ဂါတွေရဲ့ လင့်တွေ မထည့်ပေးတော့ဘူးဗျို့....... ဟဲဟဲဟဲ



လေးစားလျက် တောင်ပေါ်သား


15 comments:

မိုးခါး said...

သြော်သြော်
ကိုးန၀င်း မိုးလင်းမှသိမယ်ပေါ့ .. တဂ်တယ်ဆိုလို့လာတာ .. နာမည်လည်းမတွေ့မိဘူး .. ကျေးဂျူးနော် .. :P
မှတ်ချက် . နိုင်ငံရေးများမပါရ .. :P

May 26, 2009 at 6:08 AM
ဖိုးစိန် said...

ငြီးချင်းကနေ လိုချင်တာတွေကိုပြောသွားပါလား
ကိုကိုပေါ်
အဆင်ပြေပါစေ
ပျော်ရွင်ပါစေဗျာ
ချစ်ခင်စွာဖြင့်
ဖိုးစိန်

May 26, 2009 at 6:15 AM
အိပ်မက်ချစ်သူ said...

မှန်လိုက်တာ၇ှင်....
အပြည့် အဝထောက်ခံပါတယ်......

May 26, 2009 at 6:25 AM
စိုင်းစိုင်းလားရှိုး said...

ကျေးဇူး တောင်တောင်ရေ မတက်ဂ် တဲ့အတွက် ဟဲဟဲ

May 26, 2009 at 6:42 AM
flowerpoem said...

မှန်တယ် ကိုတောင်ပေါ်သား သူငယ်ချင်း၁ ယောက်ကပြောဘူးတယ် မြန်မာကလူတွေက . . စလုံးကလူတွေကို ရတဲ့လစာကို တန်းတွက်တာပဲတဲ့... စလုံးကလူတွေက ထမင်းမစားရေမသောက်ပဲနေရတဲ့ အတိုင်းပဲ ရတာကို မြန်မာငွေနဲ့တန်းမြှောက်ပြီး အထင်ကြီးကြတယ် တဲ့ နေစားရိတ်စားစရိတ်တွေ ကိုသူတို့ ထည့်မတွက်ကြတော့ဘူးတဲ့ အဲလိုငြီးဘူးတယ်

May 26, 2009 at 7:30 AM
အိုက်ခီလောက် said...

အမ် တပ်စ့်ကြွေးတွေများနေပြီ
ဒါနဲ့ ပါဆို လေးဦးတောင်ရှိနေပြီ
ချစ်ကျတယ် ဒီလူကို တော်တော်ချစ်ကျတယ်
နေနှင့်ဦးပေါ့ကွာ တပ်စ့်ထားပေါ့
လိုင်းလေးမကောင်းတော့အားတင်းပြီးလာပါတယ်
သူ့ တို့ ကရင်ဝကို ဆီးကြိုသလိုပဲ တပ်စ့်ထားတာတွေနဲ့ တိုးနေတယ် လိုင်းကောင်းရင်တော့ရေးပေးမယ် နော်
ခုတောင်အိမ်မလည်နိုင်သေးဘူး လိုင်းကမကောင်းနိုင်သေးဘူးလေ
ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ် တပ်စ့်ထားတော့လည်းရေးပေးရမှာပေါ့

May 26, 2009 at 8:42 AM
အဆိပ်ခွက် said...

လည်လည်လာသွားတယ်နော်...

အရုပ်လေးရဲ့အဆိပ်ခွက်

May 26, 2009 at 12:19 PM
ဂျပန်ကောင်လေး said...

အင်း တဂ်တယ်ပေါ့လေ..း)

May 26, 2009 at 12:21 PM
reenoemann said...

ချစ်တယ် ဟုတ်လား
အရင်ဆုံး စဉ်းစားမိတယ်နဲ့ တူတယ်။
ခဏတော့ စောင့် (တိုင်နဲ့ ခေါင်းနဲ့)
ရေပေးမယ်။
အမဝါ မှာဖတ်တုံးက ကိုယ်မပါလို့ စိတ်ညစ်နေတာ။
ခုတော့ ..........................

ကို ရီနို

May 26, 2009 at 12:21 PM
မသက်ဇင် said...

တောင်ပေါ်သားလေးရေ
စာတွေဖတ်ရင် တွေးသွားတယ်
မောသွားတယ်
အိမ်ပြန်ချင်ပါတယ်

May 26, 2009 at 12:22 PM
flowerworld said...

ညည်းနေလိုက်ကြတာ ညစ်လာပြီး ခေါင်းစားတယ် ပြန်တော့မယ် ဟွင့်

May 26, 2009 at 2:33 PM
မငုံ said...

ဘ၀တူတွေပါပဲ။နိုင်ငံခြားရောက်မှ ဘ၀က ပြောင်းပြန်လှန်သွားတော့တာပါပဲ

May 26, 2009 at 8:39 PM
နေးတစ် said...

တဂ်တယ်ပေါ့။ တဂ်တော့လည်းရေးရမှာပေါ့ဗျာ။ ခဏစောင့်။

May 27, 2009 at 2:12 AM
အိမ် said...

တော်သေးတယ် ကျနော်မပါဘူး။ ပါလဲ တက်ကြွေးတွေနဲပ သေမှာပဲ လူလဲ။
ဒုက္ခတွေ ဖတ်သွားပါတယ်ဗျာ..။

May 27, 2009 at 4:00 AM
WWKM said...

တောင်ပေါ်သားလေးရေ..
တီဝါဖတ်ပြီးသွားပြီနော်..
ရေးပေးတာကျေးဇူးပါ မောင်လေး...
မနေ့တုန်းက ၅ခါလောက်မန့်တာ မရဘူးလေ..

တီဝါဒီနေ့ထီထိုးလာတယ်... ထီပေါက်ရင်တော့ နိုင်ငံဂျား
ပြန်သူဌေးကြီးပေါ့.. အဟတ်..
တောင်ပေါ်သားလေးလဲ စလုံးထီထိုး ဟုတ်လား။း))

အဆင်ပြေပျော်ရွှင်ကြပါစေ.
တီဝါ မြန်မာပြည်ရောက်မှ နိုင်ငံခြားပြန်အတွေ့အကြုံ
များဆိုပြီး စုပြီးစာအုပ်ထုတ်ရအောင်နော်...း)))

May 27, 2009 at 6:55 AM

Post a Comment