Monday, February 9, 2009

ဖေဖော်ဝါရီ ၁၃ ရက်



ဖေဖော်ဝါရီ (၁၃)ရက်က ငါတို့ဖခင်
ဒို့ဗိုလ်ချုပ်ရဲ့ (၉၄နှစ်) မွေးနေ့ဖြစ်လဲ
ဒို့များပြည်သူ စိတ်မကောင်းဖွယ် မေ့နေကြသလား
မေ့ချင်ယောင်များ ဆောင်နေရသလား

ဗယ်လင်တိုင်းဒေးကိုတော့ လူတိုင်းနီးပါး မှတ်မိနေကြ
အချစ်အတွက် အသက်ပေးခဲ့ လူတယောက်ကို
သူတို့အတွေး သူရဲကောင်းဖြစ်ကာ ယုံကြည်မှတ်စွဲ ကိုးကွယ်ခဲ့တာ
(၁၄)ရက်နေ့ပျော်ရွှင်ကြတယ် ယစ်မူးကြတယ်

တို့ဗိုလ်ချုပ်ရဲ့ မွေးနေ့ရက်ကို မေ့နေခဲ့ကြတယ် ရှက်မိပါတယ် ဖခင်။
သတိရတော့ ဘာထူးမှာတုန်း ပြောနေကြတာ
မြန်မာဖြစ်ပြီး ရင်နာမိတယ် ဘာမှမထူး ရင်ထဲမှာထား
အမှတ်ရနေ ဆုတောင်းသင့်တယ် ပူဆွေးသင့်တယ်။

ငါတို့ဖခင် ကျေးဇူးရှင်ကား ပြည်သူတွေနဲ့ တသွေးတသား ရပ်တည်ခဲ့တာ
တိုင်းပြည်အတွက် အစွန့်လွှတ်ခံ စတေးခဲ့တာ
အာဏာရူး လူမိုက်တသိုက် မသမာလုပ်ရပ်တွေကြောင့်
ဆုံးရှုံးခဲ့တဲ့ ဒီအသက်အတွက် နှမျောမိတယ် အိုဖခင်။

အမှန်ကိုင်စွဲ မကြောက်မ၀ံ့ ရှေ့ကိုလှမ်းလို့
မဟုတ်မခံ ရဲဝံ့တဲ့စိတ်တွေက
တချို့စိတ်မှာ မျက်စိဆူးရှ မကြည်ပေမဲ့
ကျနော်တို့နှလုံးသားမှာ ထာဝရ မှတ်မိနေဆဲပါ အိုဖခင်။

လူကိုယ်တိုင် မမ်ီပေမဲ့ အတိတ်ပုံရိပ် သူလုပ်ရပ်တွေ
ဒို့ပြည်သူတွေရဲ့ နှလုံးသားဆီ ထာဝရမမေ့
တိုင်းပြည်ကိုကြည့် အမြဲလွမ်းဆွတ်
ဝမ်းနဲမူနဲ့ သတိရ ခိုလှုံနေဆဲပါ အို…ဖခင်။

တောင်တန်းနဲ့ ပြည်မ မခွဲခြားရလေအောင် ကြိုးစားခဲ့တဲ့
ဒီဖေဖော်ဝါရီ ၁၂ ရက်နေ့ သတ်မှတ်ခဲ့ကြ ပြည်ထောင်စုနေ့
(၆၂) နှစ်ပြည့်ခဲ့လေပြီ ဒုက္ခဆင်းရဲ အခက်ခက်ကို ရဲဝင့်ရင်ဆိုင်
ညီညွတ်အောင်လဲ လုပ်ဆောင်ခဲ့တယ် အိုဖခင်

ခုချိန်မှာများ နောင်လာမျိုးဆက် ဒီရက်တွေကို
ဝံ့ကြွားဂုဏ်ယူပြောလိုက်ရင်ဖြင့် သူတို့တွေက
ဟားတိုက်ရယ်မယ် သူတို့သိတာ
ချစ်သူများနေ့ ဗယ်လင်တိုင်းတဲ့

ဒို့များတာဝန် မကျေပွန်လို့ သူတို့မေ့တာ
အပြစ်ဆိုဖွယ် စိုးစေ့မရှိ တရားခံက ကျွန်ပ်တို့သာ
လွဲမှားယူဆ အမှားမိုက်လို့
ဒို့ညီနောင်ဖွား တို့မျိုးဆက်အတွက် ရှက်မိပါတယ် အိုဖခင်...


ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ကဗျာလေးပါ။ အားလုံး အမှတ်ရစေဖို့ ရည်ရွယ်ပါတယ်။


ဖေဖော်ဝါရီ တစ်ဆယ့်သုံးမှာ
ဗိုလ်ချုပ်မွေးနေ့ ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…။



စာကြွင်း။ ။ ကျနော်ရင်ထဲက ခံစားချက်တခုတာ ဖြစ်ပါတယ်။





လေးစားလျက် တောင်ပေါ်သား



9 comments:

စိုင်းစိုင်းလားရှိုး said...

ဟုတ်ပ... တောင်ပေါ်သားရေ။ ၁၂၊ ၁၃ ကိုကျော်ပြီး ၁၄ကိုပဲ ရင်ခုန်နေကြတော့တာပဲ။ ကဗျာကောင်းလေး ခံစားသွားပါတယ်။

February 9, 2009 at 5:34 AM
မိုးမောင်(happycloud) said...

ဟုတ်ပ...
အားလုံးက ဖေဖော်ဝါရီ ၁၃ကို ကျော်ပြီး... ဘယ်ကဘယ်လိုမှန်း မသိတဲ့ သူများတွေယောင်နေတဲ့.. ၁၄ရက်ကိုမှ မက်မက်စက်စက်ကြီး ရင်ခုန်နေကြလေရဲ့။ လူငယ်တွေအတွက်.. သတိပြုသင့်တဲ့ အချက်လေးကို ကဗျာလေးနဲ့ တင်ပြထားတာ ကြိုက်တယ်.. တောင်ပေါ်သားရေ....

February 9, 2009 at 8:03 AM
ကြယ်ပြာ said...

ဗြိုလ်ချုပ်မွေးနေ့ကို သတိရတဲ့သူတွေရှိသေးလို့ဝမ်းသာမိပါတယ် ...

February 9, 2009 at 8:05 AM
ဒေါင်းမင်း said...

ကျွန်တော်မမေ့ပါဘူးဗျာအခုလိုတင်ပေးတာကျေးဇူး

February 9, 2009 at 11:06 AM
megumi said...

ဘယ်သူမေ့မေ့ ကိုယ်မမေ့ဖို့ အရေးကြီးတယ်။ ဘယ်တော့မှမမေ့ကြစို့။

February 9, 2009 at 2:49 PM
ကိုရင်နော်ခင်လေးငယ် said...

ဘာမှ မပြောတော့ဘူး..
တောင်ပေါ်သားလေးရေ...
တစ်ခုဘဲ ပြောမယ်..

လေးစားတယ်...

ခင်တဲ့..
ဦးနော်၊ တီငယ်၊ ကလေးလေး

February 9, 2009 at 5:45 PM
မောင်bee said...

လေးစားထိုက်တဲ့ post ပါဗျာ။

February 10, 2009 at 12:42 PM
ကောင်းကင်ကို said...

ကဗျာကောင်းလေး တစ်ပုဒ်ကို လာဖတ်သွားပါတယ်။

February 10, 2009 at 1:23 PM
ဖိုးဂျယ် said...

ကဗျားလေးကောင်းတယ်ဗျို့

February 14, 2009 at 3:50 PM

Post a Comment