ကျားတကောင်ရဲ့ ဖြစ်တည်မူ
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့
ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ်
အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့
လေးထောင့်ကျကျ လှောင်အိမ်လေးတခုထဲမှာ
ငါနားမလည်တဲ့ ဘာသာစကားတွေနဲ့ သူတို့တွေ ပြောနေကြတယ်
အော်ဟစ်ခြောက်လန့် ခြိမ်းခြောက်နေပုံတွေများ
ငါကိုတာ ခြောက်လန့်နေကြတာ သူတို့ရဲ့အသွေးအသားတွေ
သူတို့ရဲ့ နှလုံးသားတွေထဲမှာလဲ ငါ့ကို လန့်နေလေရဲ့
မူးယစ်ယစ်မျက်နှာ ရီဝေေ၀မျက်လုံးတွေနဲ့
ငါ့ကို စားတော့မဲ့ဟန် ၀ါးတော့မဲ့ဟန် ကြည့်နေကြတယ်
ငါဆိုတဲ့ကောင်ကလဲ အကြောက်မရှိ တရားမရှိ
ဒီတောနက်မှာ ကြီးပြင်းခဲ့တဲ့ကောင်
အစွယ်တွေထုတ်ပြလို့ လုပ်ပြနေပုံများ
မကိုက်ခင် ခြိမ်းခြောက်နေလေရဲ့
အစားကျူးတဲ့ သားရဲတိရစ္ဆာန် ခွေးအတွေလို
ငါဟာလဲရင်ဆိုင်ဝံ့တယ် တောဘုရင် ခြင်္သေ့တကောင်အလား
အချိန်တန်ရင် ငါ့ကို သူတို့ သတ်ချင်သတ်မယ်
ဒါမှမဟုတ် တပါးတိုင်းပြည် ရောင်းထုတ်ကြမယ်
ဒါပေမဲ့လဲ ငါဆိုတဲ့ကောင် သေတာတောင်မှ
ငါ့အရိုး အရေ လူသားတွေအတွက် အသုံးဝင်တယ်
လေးစားလျက် တောင်ပေါ်သား
17 comments:
ကျား... ဆိုတာ အကြောက်တရားမရှိဘူး။ သူက သူရဲ့ ရဲရင့်မှုနဲ့ ဘ၀ကိုရပ်တည်ထားတာ။ ကဗျာရဲ့ အတွင်းပိုင်းအထိ ရသလောက်ချဉ်းကပ်ခဲ့တယ် ငါ့ညီ။ ရဲရင့်မှုတွေနဲ့သာ လက်ရှိအနေအထားမှာ ဆက်လက်ရပ်တည်နိုင်ပါစေ။
January 29, 2009 at 4:07 AMတောင်ပေါ်သားရေ..
January 29, 2009 at 4:59 AMကဗျာလေး ကောင်းတယ်..
((မူးယစ်ယစ်မျက်နှာ ရီဝေေ၀မျက်လုံးတွေနဲ့
ငါ့ကို စားတော့မဲ့ဟန် ၀ါးတော့မဲ့ဟန် ကြည့်နေကြတယ်)).....ဆိုတာ
အပေါ်ကရေးသွားတဲ့ ကိုမိုးကြီးတို့ ဒင်းးကြီး(ဦးနော်)တို့ ကိုများ စောင်းရေးထားသလားလို့ပါ...
တီငယ်တော့ သူတို့ မျက်နှာကြီးတွေ သွားမြင်တယ်...ဟီးးးး
ခင်တဲ့...
တီငယ်
ဖတ်သွားပါတယ်။
January 29, 2009 at 5:28 AMကျားရဲ့မာန်ကို သွင်းသွားပါတယ်။
အရမ်းကောင်းတဲ့
January 29, 2009 at 5:42 AMခံယူချက် ကဗျာလေးကို ဖက်ပြီး
ကျားတစ်ကောင်လောက် အိမ်မှာ မွေးရင်ကောင်းမလား
စဉ်းစားမိတယ်
ဒါမှ တို့တောင်ပေါ်ကျားကြီး ကွ .... " ဝေါင်း" :P
January 29, 2009 at 11:04 AMကျားတစ်ကောင်ရဲ့ ဖြစ်တည်မှု ဆိုတဲ့ခေါင်းစဉ်နဲ့
January 29, 2009 at 1:40 PMသူတို့ရဲ့ အသွေးအသားတွေ နှလုံးသားတွေထဲမှာလဲ
ငါ့ကိုလန့်လေလေရဲ့ .. ဆိုတဲ့ စားသားကို ပူကပ်လို့
ကြိုက်မိတယ် ..
ကဗျာကောင်း တစ်ပုဒ်ပါ ..
ကဗျာရဲ့ဖြစ်တည်မှုကို ရဲရင့်မှုနဲ့ ဖေါ်ကျူးထားလို့
ကြိုက်တယ် ..။
ဆက်လက် ရေးဖွဲ့နိုင်ပါစေ ..။
ဒီနေ့ကစပြီး ကိုကျားကြီးလို့ ခေါ်တော့မယ်ဗျာ နော
January 29, 2009 at 2:35 PMကဗျာလေးကို ခံစားသွားပါတယ်။တွေးစရာတွေ ပေးတယ်ဗျာ ဘာကိုဆိုလိုချင်မှန်းသိပ်နားမလည်ဘူး
ဖြစ်နေလို့ဗျ ဟီး
ကဗျာလေးက ကောင်းလှချည်းလား ကျားလေးရေ။
January 29, 2009 at 4:23 PMကောင်းတယ်လို့ပဲပြောတော့မယ်ဗျာ။
January 29, 2009 at 4:34 PMမိုးကြယ်
ဘယ်လိုဖြစ်တာတုံး.. မာန်အပြည့်နဲ့ကို ရေးထားပါလား..
January 29, 2009 at 5:41 PMမိုက်တယ်... အာပေးနေတယ်ဗျို့
တောင်ကြီးက ရွှေကျားပျံ မရွှေဝါနဲ့ အမျိုးတော်ထားလားမသိဘူး? ကျားမာန်ဟုန် တောင်ကိုလွှားပါလို့ သားရဲတောထဲမှာ လေဟုန်ခွင်းမဲ့သူ။
January 29, 2009 at 5:56 PMကျားရဲ.ဖြစ်တည်မှု.က အကုန်အစုံစားတယ် .....
January 31, 2009 at 6:32 PMကိုတောင်ပေါ်သားက ဘာတွေစားလဲ :P
ကျားရဲ.ဖြစ်တည်မှု.က အကုန်အစုံစားတယ် .....
January 31, 2009 at 6:32 PMကိုတောင်ပေါ်သားက ဘာတွေစားလဲ :P
တကယ်ကိုကောင်းတယ်..။ ဆက်ရေးဖို့အားပေးနေပါတယ်..။
February 1, 2009 at 3:38 AMကြောက်စရာကြီး အဲဒီဒေသမှာ ကြီးပျင်းခဲ့လို့ အဲဒီလိုတော့ မဖြစ်နဲ့နော် :P :D :)
February 1, 2009 at 6:33 PMကျားတစ်ကောင်ရဲ့ဖြစ်တည်မှုပေါ့
February 1, 2009 at 8:15 PMကောင်းတယ် ကိုတောင်ပေါ်ကျားရေ
ဟားဟားဟား။ အဲဒီကျားကို စိန်ခေါ်တာက ဗီလိန်ဗျ။ ငှဲငှဲငှဲ။ မယုံရင်လာကြည့်။
February 4, 2009 at 3:10 AMhttp://www.villain-lay.co.cc/2009/02/blog-post.html
ဟဲဟဲ
လူက ကျားကိုသတ်တော့ ..........
ကျားက လူကိုသတ်တော့ ..........
:)
လူတွေ လူတွေ။
Post a Comment