ခုတလော
လက်တွေ့ဘ၀ဟာ စိတ်ကူးယဉ် အိပ်မက်ထဲက ဘ၀တွေနဲ့ အတော့်ကို ကွာခြားနေရင် လူတယောက်အဖို့ ရုန်းကန် လှုပ်ရှားရတာတွေ မလွယ်ကူလှပါဘူး ဒီလိုပဲ လက်ရှိအချိန်ထိ ဘာမှရေရေရာရာ မဖြစ်လာသေးတဲ့ ဘ၀ကြီးကိုကြည့်ပြီး တခါတရံမှာ စိတ်ပျက်အားငယ်နေမိတတ်တယ်။ ကိုယ့်တယောက်ထဲ ဘ၀အတွက်တော့ မဟုတ်ပါဘူး နောင်ဖြစ်လာမဲ့ ရှေ့ရေးတွေကို တွေးပြီး တခါတလေ စိတ်ပျက်နေမိတတ်တဲ့ အကျင့်တွေ ဘယ်က ဘယ်လိုရောက်လာမှန်းလဲ မသိပါဘူး။ လူအများအမြင်မှာတော့ ကျနော်ဟာ ပျော်ပျော်နေတတ်တဲ့ အစအနောက်သန်တဲ့ လူငယ်တယောက်အဖြစ်ပေါ့... မှန်ပါတယ် ကျနော် အစအနောက် သန်ပါတယ်။ ဒါပေမဲ့ ကျနော်ကြောင့် တဦးတယောက် စိတ်ညစ်သွားရလောက်တဲ့ထိ ကျနော်မစနောက်ခဲ့ပါဘူး။ ဘယ်သူ့ကိုမှလဲ နာပါစေဆိုပြီး ကျနော်ပြောဆိုခဲ့ခြင်း မရှိခဲ့ဖူးပါဘူး..... ခုတလောပေါ့ စဉ်းစားနေမိတာတွေ ချရေးလိုက်ပါတယ်။တွေးမိနေတာက
ခုတလော တွေးနေမိတာကတော့ အစုံပါပဲ။ ဒါပေမဲ့ တခုမှတော့ လက်တွေ့ အကောင်အထည် မဖော်နိုင်သေးပါဘူး။ တချိန်ပေါ့ အကောင်အထည်ပေါ်လာအောင်တော့ ကြိုးစားနေရမှာပါပဲ။ ဒီတော့ စိတ်ကူးထဲက တွေးနေတာလေးတွေ မပျောက်ပျက်အောင်တော့ တွေးနေမိပါတယ်
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
ကိုယ့်ဟာကိုယ် တခါတလေ ပြန်သုံးသပ်ကြည့်မိပါတယ်။ တကယ့်ကို ပေါ့ပေါ့နေ ပေါ့ပေါ့စား လူတယောက်မျိုးဖြစ်နေလား မသိပါဘူး။ လိုအပ်ချက်တွေ ပြုပြင်ရမဲ့ အချက်တွေ များနေပါတယ်။
ကျန်းမာရေး
ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ပါတယ်။ အံ့သြော်ဖို့ကောင်းတာတခုကတော့ ဒီကိုရောက်လာပြီးကတည်းက တော်ယုံတန်ရုံ ဖျားနာတာတောင် မရှိသလောက်ပါပဲ။ ရန်ကုန်မှာတုန်းကဆို ခဏခဏ နေမကောင်းချင်သလိုလို ဖြစ်တတ်ပါတယ်။ ကိုယ့်ဘာသာ တယောက်ထဲ နေတော့ သိပ်ပြီး ရောဂါမဖြစ်တတ်ပါဘူး။ တယောက်ထဲနေလို့ ဂရုစိုက်လားဆိုတော့လဲ ဂရုမစိုက်ဖြစ်ပါဘူး။ :P ဂျီကျစရာ မိဘ ဆွေမျိုးမရှိလို့နဲ့ တူပါတယ်။း)
ဖတ်ဖြစ်နေတာက
ဖတ်ဖြစ်တာကတော့ အွန်လိုင်းက ဘလော့စာပေအစုံပါပဲ။ ဒါပေမဲ့ ခုတလော စိတ်က နုနုလေးတွေ ရေးတဲ့ စာတွေဆို သိပ်စိတ်မ၀င်စားဘူး။ ပုံမှန်သွားဖတ်ဖြစ်နေတာက မြန်မာဘောလုံး ၊ ကိုလူထွေး၊ ဦးကျောက်၊ ကိုပီတာ၊ ကိုနစ်နေမန်း၊ အာဇာနည်၊ ဧရာဝတီ ဒါလောက်ပါပဲ။ အင်္ဂါနဲ့ သောကြာဆိုရင်တော့ First-11 ကိုဝင်ဖတ်ဖြစ်ပါတယ်။ ဘောလုံးကလဲ ၀ါသနာပါတယ်ဗျ..
ရောက်နေတဲ့နေရာက
ပုံမှန်သွားနေတာက အလုပ်ကိုလေ။ မနက်အိပ်ရာထ ရေချိုးပြီး အလုပ်ကိုသွားတယ်။ ညနေ မိုးချုပ်ပြန်လာတယ်။ ဒါက ပုံမှန်ပေါ့။ အလုပ်ပိတ်ရက်တွေကတော့ ညီအကိုမောင်နှမတွေ စုစည်းရာ မိသားစုအိမ်လေးမှာ သွားအနားယူပါတယ်။ အဲ့မှာ သူတို့ ချက်ကျွေးတဲ့ ထမင်းကိုအလကားစားတယ် သူတို့ ဖျော်တိုက်တဲ့ ကော်ဖီကို ပါးစပ်စိုက်ပြီး သောက်တယ်။ သူတို့နဲ့ ဂိမ်းတွေ တူတူဆော့တယ်။
မုန်းနေမိတာက
မုန်းနေမိတာက ဘာမှမရှိပါဘူး။ လူတယောက်ကို အကြောင်းမဲ့ စကားမပြောပဲ မနေတတ်သလို လူတွေကိုလဲ မမုန်းတတ်ပါဘူး။ တခါတလေ စိတ်ထဲမှာ အမြင်မတူရင်လဲ ခဏလေး စကားမပြောပဲနေလိုက်တယ် ပြီးရင်တော့ စကားတွေ ဖောင်ဖွဲ့ပြီး ပြန်ပြောဖြစ်တာပါပဲ။ အားလုံးကို မမုန်းတတ်ပါဘူး
ချစ်နေတာက
ချစ်နေတာက မိသားစုလေးနဲ့ တဦးတည်းသော ချစ်ရတဲ့သူပေါ့း)
စိတ်ပျက်နေမိတာက
စိတ်ပျက်စရာ မရှိသေးပါ။ ရှိနေခဲ့တယ်ဆိုရင်လဲ ကိုယ့်ဟာကိုယ်ပဲ စိတ်ပျက်နေမိမယ်နဲ့ တူတယ်
18 comments:
ကို
March 24, 2010 at 6:16 AMသဲ ပထမ
နော်
နော်
နော်
တဦးတည်းသော အချစ်ဆုံးသူ ဆိုတာ သဲကိုပြောတာပဲဟုတ်
March 24, 2010 at 6:17 AMဟုတ်တယ်နော် ကို နော်... ကို နော်...
ကိုနော်.. သဲ မဟုတ်လို့ ကတော့ ဖမ်းကိုက်လိုက်မှာနော်....
ဂီၤးးးးးးးးးးးးးးးးးးးးးးးးးး
နောက်တခါအိမ်လာရင် တွေ့မယ်.. သဲ က အချစ်ဆုံးမဟုတ်ဘူးပြောရင်
ကို
March 24, 2010 at 6:19 AMကိုချစ်ရတဲ့ တဦတည်းသော ချစ်သူက သဲပါနော်..
သဲပဲဟုတ်
သဲသိတယ်ကို
သဲမှ သဲပဲနော်
မငြင်းနဲ့နော်
ငြင်းလို့ကတော့ ဖမ်းကိုက်လိုက်မှာနော်
ဂီးးးးးးးးးးးးးးး
သဲ က အချစ်ရဆုံးသောသူမဟုတ်ရင် သဲနဲ့ ကို နဲ့တွေပြီးသာမှတ်
အပေါ်က သဲကလဲ ရွစိကို တက်နေတာပဲ...
March 24, 2010 at 6:22 AMချစ်ညီရေ... ဘာဖြစ်ဖြစ် တက်ဂ်ပိုစ့်ကို ရေးပေးတဲ့ အတွက် ကျေးဇူးပါ..
အမေချစ်တဲ့သားး မိန်းမ ချောချောရပါစေ...
လိုချင်တာတွေ လိုအပ်တာတွေ ပြည့်ပါစေ။
ညီလေးမှာလဲ အရှုတ်တွေ တယ်များတယ်နော်..
သဲ တွေ ရော ခဲ တွေရော... ရှုပ်နေတာပဲ... အဟတ်
မေးခွန်းတွေ ကျော်ချတယ်ထင်တယ် .. :D
March 24, 2010 at 6:47 AM:P
အယ် ..
March 24, 2010 at 6:56 AMစွံပြီလားးးး ....
ကိုတောင်ပေါ် ဘယ်တုန်းက စွံတာလဲ
စွံတာတောင် အကြောင်းမကြားဘူးးးး ..>>>
ဒီက
သဲ ကိုတော့ ထု ပစ်သွားပြီးပေါ့ ...!
အဟိ .. (နောက်တာ..:P)
စွံကြောင်းးး
ပွဲ လုပ် လေဗျာ .... :D
ပေါ်ပေါ် တို့ကတော့ သဲတွေရော ခဲတွေရော စုံနေတာပဲ အားကျတယ် အားကျတယ် အားကျရုံပဲ တတ်နိုင်ပါတော့တယ်းP
March 24, 2010 at 7:54 AMမောင်လေးရေးးးးးးးးးးးးးအဲဒီတစ်ဦးတည်းသောချစ်သူနဲ့ 
March 24, 2010 at 8:23 AMသာယာချမ်းမြေ့တဲ့ဘဝကိုခိုင်ခိုင်မာမာလက်တွဲနိုင်ပါစေလို့ တောင်းဆုပြုပါတယ်ကွယ်
ဖွမသွားဖူးနော် ချောချောလေးမို့ သဘောတူတယ် ဟီးဟီး
သူ့ ကိုတော့ သေချာဂရုစိုက်နော် မစိုက်ရင်တော့ ဟင့် 
မလွယ်ဖူးမှတ်ပါ။
ကံကောင်းပါစေနော်
မိုး
မေးချင်တာလေးရှိလို့ ပြန်လာတာ အဟင့် 
March 24, 2010 at 8:37 AMဟိုနေ့ က အမေကို ပြောမယ်ဆိုတဲ့စကားပြောပြီးပြီလား
ခုတော့ချစ်တဲ့သူနဲ့ ဆိုတော့  သူ့ ကိုအရင်ပြောလိုက်ပြီပေါ့ 
:P အမတို့ ကတော့ အဖေကို ပဲအရင်ပြောမှာာာာာာာာာာာာ
လုံးဝ မလျှော့ ဖူး :))))))))))))))))))))))))))))))))))))))
M
ခုတလော တွေးနေ၊ ဖြစ်ချင်နေတာရော နောက်မှ ဖြစ်ချင်တောတွေအကုန်လုံး အဆင်ပြေပါစေ ကိုတောင်ပေါ်ရေ
March 24, 2010 at 8:49 AMခင်တဲ့
ဧရာဝတီ
ဒါကြောင့် မို့  ခုတလော ဆရာ ပေါ်ပေါ် ပျောက်ချက်သားကောင်းနေတယ်မှတ်တာ ..
March 24, 2010 at 9:35 AMဂလိုကြောင့် ဂလိုတွေ ဖြစ်နေတာကိုး....
သဲတွေ ရော ခဲ တွေ ရော များနေလို့ ဒီက သဲကြီးက ဘယ်နား နေရမှန်းကို မသိတော့ဘူး...
March 24, 2010 at 10:32 AMဒီနေ့ လာခဲ့နော်...
ထမင်း လာစား....
သဲကြီး
:P
သဲ သဲနဲ့ ဘာသဲလဲဟင်... မြစ်သဲလား... ချောင်းသဲလား... ပင်လယ်သဲလား... တကျင်းလောက်မှာချင်လို့ဗျာ... အိမ်သာဆောက်မလို့ နဲနဲလိုနေတာနဲ့ အတော်ပဲ .... ဟိဟိ..။
March 24, 2010 at 11:27 AMခုတလော ဘာတွေလုပ်၊ ဘာတွေ ဖြစ်နေတယ်ဆိုတာ ဖတ်ပြီး ဘာမှမဆိုင်တဲ့ စာရေးသွားတာ ဘယ်လိုမှမထင်နဲ့နော်... ဘာရယ်မဟုတ်ဘူး ရေးသွားတာ.. ဟီး
လာဖတ်သွားတယိ ညီ
March 24, 2010 at 1:56 PMအာာာာာာာာ ဟိုအပေါ်ဆုံးက သဲတယောက်ကို မျက်စိနောက်တယ်ကွာာာာာာ.....
March 24, 2010 at 2:25 PMချ.......ချ.......
ဖုန်း....ဒိုင်း....အုန်းး...
အဟိဟိ.....=P
ဂိမ်းကိုတော်ရုံဆော့ပါ... ဆော့တာတွေ့ လို့ ကတော့ ........ ဟင်းဟင်းးးးးးးးးး အနှောင့်ယှက်ပေးပြီးသားပဲ...
ကတောင်ပေါ် နောက်ခံရူခင်း က ကျီးဖြူကန် ရူခင်းကြီး
March 24, 2010 at 4:56 PMခုလို အကြောင်းသိသွားတော့ နောက်ခါ
မသိသေးတဲ့ အကြောင်းကို ထပ်ဖွခိုင်းအုန်းမယ်
သီချင်းကြိုက်တာခြင်းတူတယ် အားရင် ပို့ ပေးအုန်းမယ်
အမေ့ကို ချစ်တယ်ဆိုတော့ အကြိုက်ခြင်းတူပြန်တယ်
အမေ့ကို ချစ်တာတော့ချစ်တာပဲ
အမေ့ စိတ်ချမ်းသာအောင် ကြိုးစားတဲ့သားလိမ်မာလေးဖြစ်ပါစေနော် ကတောင်ပေါ်
:) ကြီးဒေါ်တစ်ယောက် အလုပ်တွေရှုပ်နေတုန်း တူတော်မောင် သတင်းကို မကြားမိ ၊ မသိလိုက်ဘူး။ တူမောင်ရဲ့ ခုတလော လာဖတ်ပြီး တောင်းမိတဲ့ဆုမှာ ပြည့်ပရစေနော့။
March 24, 2010 at 8:17 PMစကားမစပ် အပေါ်မှာ သဲတွေများလှချည်းလား။။ ဒီက ကန္တာရကိုတောင် သဲတွေ တင်သွင်းဖို့ လျှောက်လွှာခေါ်မလို့။ :P စတာ
ဒီမှာ ဆောက်လုပ်ရေးအတွက် သဲတွေ လိုနေတာ.. ပေါ်ပေါ့် သဲတွေ လေလံတင်လိုက်လေ....
March 25, 2010 at 4:38 AMမေ ချစ် သားးးးး လေးးးး.....
လိုအပ်တာမှန်သမျှ အားလုံး ပြည့်ဝပြီး...
တစ်ဦးတည်သော ချစ်ရတဲ့သူ နဲ့ တစ်သက်မခွဲ.. ရွှေလက် အမြန်ဆုံး တွဲနိုင်ပါစေ ဗျားးးး...။
စိတ်သဘော ဖြူစင်ကြတဲ့ လိုက်ဖက်ညီသော စုံတွဲလေး.... အမြဲ ပျော်ရွှင်အောင်မြင်တဲ့ ဘဝကို ထာဝရ ပိုင်ဆိုင်နိုင်ပါစေ...
(စိတ်ထဲမှာ တမ်းတနေမိတဲ့သူ တစ်ယောက်မှ မရှိဘူး ဆိုလို့ ကောင်မလေးတစ်ယောက် ကြိတ်ပြီး ငိုသွားတာ မြင်လိုက်တယ်)
:-P
Post a Comment