Saturday, June 6, 2009

အချစ်ဆုံးအမေသို့


မိဘတွေဟာ ကိုယ့်မွေးတဲ့ သားသမီးတွေကို ဘယ်လိုအကြောင်းကြောင်းကြောင့်ပဲ ပစ်ထားရ ပစ်ထားရ သားသမီးတွေကို ရင်ထဲက ချစ်ကြတာပါပဲ။ ဒီတော့ သားသမီးတိုင်းက မိဘတွေကို အပြစ်မဆိုသင့်ပါဘူး။ ဆရာကြီး ဦးသုခပြောသလိုပါပဲ မကောင်းတဲ့ အမေဖြစ်နေပါစေဦးတော့ အမေဟာ အမေပါပဲ။ ကျနော် ပတ်ဝန်းကျင်တခုမှာ မြင်ခဲ့ရတာလေးတွေပါ။ ကျနော် ငယ်စဉ်က တူတူပေါင်းသင်း၊ ဆော့ကစားခဲ့တဲ့ ကျနော်အပေါ် ညီအကိုလို သဘောထားတဲ့ အကိုတယောက်ကို ခုတလော သတိလေးရသွားမိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ နှစ်ကျော်ပေါ့။ သူမှာ ညီမလေးတယောက်လဲ ရှိသေးတယ်။ သူမိဘတွေက သူတို့ မောင်နှမအပေါ် တာဝန်မကျေဘူးလို့ မြင်ရင် မြင်လို့ရတဲ့ အနေအထားပေါ့။ အဖေက အချိန်ရှိရင် အရက်သောက်တယ် အမေက သူများအိမ်တွေမှာ အ၀တ်လိုက်လျှော်ပေးရတာပေါ့။ သူတို့အမေကတော့ သားသမီးတွေအပေါ်မှာ တာဝန်ကျေပါတယ်။ ရတာလေးနဲ့ ရှာကျွေးရတာပေါ့။ ဒါပေမဲ့ အရက်သမားတို့ ထုံးစံအတိုင်း မူးလာရင် မိန်းမကိုလဲ မသိ အရိုင်းစိတ်တွေ ၀င်လာပြီး ကန်ကျောက်ရိုက်နှက် နေတတ်တာပါ။

မနက်မိုးလင်းတာနဲ့ သူတို့သားသမီး (၃)ယောက် ကျနော်တို့အိမ်ကိုရောက်လာတတ်ပါတယ်။ အဒေါ်ကတော့ လုပ်စရာရှိတာလေးတွေ ကူလုပ်ပေး အကိုကတော့ ကျနော်တို့နဲ့ ဆော့ဖော်ဆော့ဖက်ပေါ့။ မနက် ၉နာရီကျော်ရင် မနေကအရှိန်မသေနိုင်သေးတဲ့ ခြေလှမ်းနဲ့ မိန်းမဆီကပိုက်ဆံတောင်းဖို့လာတဲ့ သူအဖေကို ကျနော်တွေ့နေကြပါ။ ပိုက်ဆံများမရရင် လူသူရှေ့မရှောင် ကန်ကျောက်ရိုက်နှက်တတ်ပါတယ်။ လင်ဆိုးမယားဆိုတဲ့ စကားအတိုင်းပါပဲ နောက်ပိုင်း ပတ်ဝန်းကျင်က သူတို့သားအမိလေးကို သနားတော့လဲ လင်လုပ်သူကိုမုန်းတီးတဲ့စိတ်ကြောင့် ပေးကမ်းသူတွေ လျှော့နဲလာပါတယ်။ နောက်ဆုံး လင်လုပ်သူရဲ့ ရက်စက်မူကို မခံနိုင်တဲ့မိန်းမတယောက်အတွက် ဘ၀ပေးအတွက် သင့်တော်မဲ့ နောက်အမျိုးသားတယောက်နောက်ကို လိုက်ပြေးသွားတာပါပဲ။ ဒီမှာ အမေလုပ်သူရဲ့ဘ၀ခိုင်မာသွားခဲ့ပေမဲ့ ဖခင်အရက်သမားတယောက်ရဲ့ အုပ်ထိန်းမူအောက်မှာ ရောက်ရှိသွားတဲ့ သူတို့မောင်နှမနှစ်ယောက်ရဲ့ ဘ၀ဟာ ဘယ်လိုမှ မကောင်းခဲ့ပါဘူး

ဒီလိုနဲ့နောက်ဆုံး သားသမီးတွေဟာ ဖခင်ကိုချစ်ပေမဲ့ ဖခင်တာဝန်မကျေပွန်တဲ့လူတယောက်ကြောင့် မိသားစုတခုလုံး အလဲလဲ အကွဲကွဲ ဖြစ်ခဲ့ရတာပါပဲ။ ကျနော်သိတဲ့ အကိုလဲ မိုင်ရှူးပဲ တက်သွားသလိုလိုနဲ့ ညီမဖြစ်သူလဲ ဘယ်ရောက်လို့ဘယ်ပျောက်သွားမှန်းမသိအောင် ဖြစ်သွားရပါတယ်။ ပြုစုသူမရှိတဲ့ ဖခင်တယောက်လဲ အရက်ရဲ့ကျေးကျွန်ဖြစ်လို့ မနက်အိပ်ရာထတာနဲ့ လိုက်တောင်းစား ပြီးရင်ရသလောက် သောက်စားပြီး နောက်ဆုံးဘ၀ကူးမကောင်းခဲ့ပါဘူး။ ဒီအချိန်မှာ အဲ့အကိုတို့မောင်နှမကို ပြန်တွေ့ရင်တောင် ကျနော် မမှတ်မိနိုင်ပါဘူး ခုတလော သတိရနေမိနေတာပါ။

လူတယောက်ကိုချစ်မိရင် သူ့ကိုချစ်နေမိကြောင်း ဖွင့်ပြောပြဖို့လိုပါသလား.. ဆိုလိုတာကချစ်သူသမီးရည်းစားတွေဖြစ်စေ၊ မိဘနဲ့သားသမီးပဲဖြစ်စေ ချစ်တာကြီးကိုဖွင့်ပြောပြဖို့လိုအပ်လား ချစ်သူသမီရည်းစားအများစုကတော့ တယောက်နဲ့တယောက် ချစ်ကြောင်း ဘယ်လောက်မြတ်နိုးကြောင်း ပြောဆိုသည်မှာ သေချာပေသည်။ အဘယ်ကြောင့်ဆိုသော် သူစိမ်းနှစ်ယောက် အမြင်မတူတဲ့ လူနှစ်ယောက် စိတ်ဓါတ်ချင်းပေါင်းစပ်ကြဖို့ ပထမဆုံးအခြေံသည်ကာ ဤစကားလုံးပဲဖြစ်နေပေမည်။ ဒါမှလဲ သူတို့အချင်းချင်းညှိုနှိုင်း နားလည်မူတွေရမှ ပေါင်းစည်းနိုင်ပေမည်။ သို့ဖြစ်၍ ချစ်သူ သမီးရည်စားများအကြားတွင် ဤစကားသည် လိုအပ်ပေနေပေမည်။

မိဘနှင့်သားသမီးကြားတွင်က ဒါတွေ လိုအပ်ပါသလားဟု ထပ်ကွန့်တွေးနေမိတော့ သားသမီးနှင့်မိဘများသည် တူတူနေကြသည်၊ တအိမ်ထဲတွင်နေကြသည်၊ သွေးသားတော်စပ်၍ နီးစပ်မူပိုများပေသည်။
သို့အတွက် မိဘကလဲ သားသမီးအပေါ် အချစ်ကြီးသလောက် ပါးစပ်ကဖွင့်ပြောကြသည်မှာ ရှားပေသည်။ သားသမီးများအတွက်ဆိုပိုလို့ပင်ဝေးနေပေမည်။ မိဘတွေကိုကျနော်တို့ ချစ်ကြောင်း ဒီလိုဝေးကွာနေတဲ့အချိန်မှာ သတိရသည်၊ ဘလော့တွေမှာ ဖော်ပြနေကြသည်။ တကယ်တမ်း ကျနော်သေချာ စဉ်းစားကြည့်မိတော့ ကျနော်တို့ မိဘတွေနဲ့ နီးနေတဲ့အချိန်မှာ မိဘတွေမျက်နှာကို သေချာကြည့်ပြီး အမေ့ကို အရမ်းချစ်ပါတယ် ဆိုပြီးပြောဖူးကြသလား။ ကျနော်တခါမှ ဒီလို မပြောခဲ့ဖူးပါဘူး။ ဒီတခေါက် ပြန်ဖြစ်ရင်တော့ အမေ့မျက်နှာလေးကို ကြည့်ပြီး အမေ့သား အမေ့ကို ချစ်ကြောင်းပြောဖြစ်အောင် ကြိုးစားကြည့်ပါဦးမယ်။ ကျနော် မြင်ယောင်နေမိတယ် အမေတော့ မျက်ရည်လေးဝဲလို့နေမှာကိုပေါ့ စာဖတ်သူအသင်ကော ဒီလိုပြောဖူးသလားဗျာ.....




လေးစားလျက် တောင်ပေါ်သား

13 comments:

မိုးခါး said...

အမေ အလွမ်းပို့စ်ပေါ့လေ
အမေ့ကိုချစ်တယ်ဆိုတာ ကိုယ့်လုပ်ရမှာ သိသာမှာပါ ..
ပြောလိုက်ရင်တော့ အမေက ၀မ်းသာမှာပဲ
မိုးခါးလည်း မပြောဘူးသေးဘူးး)

June 6, 2009 at 5:44 PM
reenoemann said...

ပြောဖူးတယ်။
အမေက ခဏခဏမေးလို့ပါ။
ညီလေးပြောသလိုတော့ တစ်ခါမှ
မပြောဖူးဘူး။
ကိုယ်နဲ့ အမေနဲ့ က သူငယ်ချင်းတွေလိုပဲ။
ပွင့်ပွင့်လင်းလင်းပဲ။
ခုတလော စိတ်လေ နေတာနဲ့ အမေဆီတောင်
ဖုန်းမဖက်ရသေးဘူး။

ဒီတစ်ခါပြန်ရင်ပြောကြည့်ပါ။
အမေ့ရင် ထဲဘယ်လောက်တောင် ဝမ်းသာ
နေလိုက်မလဲ ဆိုတာတွေးကြည့်ရင်နဲ့ကို
ပျော်ပါတယ်ကွာ

ချစ်တဲ့
ကိုရီနို

June 6, 2009 at 6:11 PM
kiki said...

အိမ်ပြန်ချင်တယ် ..အနွေးထွေးဆုံး အမေ့အိမ် ။
အိပ်မရတဲ့ ည များစွာထဲ ..ရထားသြသံလေးများကြားရင် အိမ်ပြန် ချင်တဲ့ စိတ်လေး တားမရဘူးးး

အမေ့ အိမ်လေးးး လွမ်းပြီးပြန်သွားတယ် ။

ခင်မင်လျှက် ....
အမ ကိကီ

June 6, 2009 at 6:26 PM
ကြယ်ဖြူစင် said...

အဲဒီလိုတော့တစ်ခါမှမပြောဘူးဘူး...ဒီတစ်ခေါက် ပြန်ရင်တော့ပြောဖြစ်အောင်ပြောဦးမယ်..
အမေကတော့ အရမ်းအံ့သြပြီး
မျက်ရည်တွေဝဲနေမယ်ထင်တယ်
ခင်တဲ့
ကြယ်ဖြူစင်

June 7, 2009 at 1:23 AM
ဖိုးစိန် said...

အမေကိုတောင်လွမ်းသွားပြီး..
ကျနော်တော့ ခဏခဏ ပြောတယ်
ပိုက်ဆံတောင်းတိုင်းပြောနေကျလေ
အမေ့ကိုနမ်းလို့
အမေက ပြန်နမ်းရင်
အဲဒီအချိန်ဟာ
ပီတိအဖြစ်ရဆုံးနဲ့
အမေ့သားဖြစ်ရတာကျေနပ်တယ်လို့
ဂုဏ်အယူရဆုံးသော အချိန်ပါ

ဒီတစ်ခေါက်ပေါ်ပေါ်ပြန်ရင်
ပေါ်ပေါ်ပြောမယ့်စကား
ပေါ်ပေါ်ထားတဲ့မျက်နှာနဲ့
ပေါ်ပေါ့်အမေ မျက်နှာလေးကို ကြိုမြင်ယောင်ပြီး
မျက်ရည်ဝဲမိတာအမှန်ပါ
ချစ်တဲ့
ဖိုးစိန်

June 7, 2009 at 2:14 AM
ဆန်းဝင်း said...

ရင်ထဲကပဲ ကြိတ်ချစ်ခဲ့မိတယ်။ အဖေကလဲ အမေ့ကိုချစ်တယ်လို့ ပြောတာ မကြားဖူးဘူး။ အမေက လဲ သားသမီးတွေကို ချစ်တယ်လို့ ပြောတာ နားမထောင်ဖူးဘူး။ မေတ္တာကို ဖေါ်ပြ တတ်ဖို့ လိုတာ အမှန်ပါ...... ပြောဖြစ်အောင် ပြောဦးမယ်။

June 7, 2009 at 5:58 AM
flowerpoem said...

မပြောဘူးပါဘူး ပြောရမယ့်သူလည်းမရှိလို့ပါ..

June 7, 2009 at 8:15 AM
အိုက်ခီလောက် said...

ပြန်ရင်ပြောကြည့်ပါမည်
အမေ ဘယ်လိုနေမည်မသိသော်လည်း တွေးပြီးရင်ခုန်နေပါပြီ
အမေ အရိပ်ကိုအမြန်ပြန်ရောက်ချင်နေပါသည်
အမေ့အလွမ်းတွေ ဖြေမဆည်နိုင်အောင်ရှိနေပါသည်

June 7, 2009 at 9:08 PM
ဂျပန်ကောင်လေး said...

ငါ့အစ်ကို..တည်တည်တံ့တံ့နဲ့ ပြောဆိုနေတာ အခုပထမဆုံးမြင်ဖူးတာပဲ.. ဟီးဟီး

June 8, 2009 at 7:40 AM
Green Star said...

i did,,, i told my mom last 'mother day' for the first time :P :P :P

June 8, 2009 at 2:25 PM
နွေးနွေးသဲမွန် said...

ဘာပဲဖြစ်ဖြစ် သားလိမ္မာလေးအတွက် ဂုဏ်ယူပါတယ်...

June 11, 2009 at 12:56 AM
အိမ် said...

အမေချစ်သား လေးထင်ပါရဲ့ဗျာ

June 11, 2009 at 4:53 AM
စည်သူ said...

“အချစ်ဆုံးအမေသို့” ကဗျလေးကို ဖတ်မိလို့ 

`“အမေ” ကို ထပ်ပြီးသတိရသွားပြန်တယ်..။

မောင်နှမ နှစ်ယောက်အကြာင်းသိရလို့ 

စိတ်မကောင်းဖြစ်မိတယ်..။

ပျော်ရွှင်ပါစေ..။

..........စည်သူ။

July 7, 2009 at 3:06 PM

Post a Comment