Thursday, May 7, 2009

ရင်ထဲက တက္ကသိုလ်





မျှော်လင့်ချက်လေးကိုယ်စီ
အမိတက္ကသိုလ် တက်ခွင့်ရရင်ဖြင့်
အင်လျားကန်စောင်း ဂျပ်ဆင်ထိပ်ဝယ်
သူငယ်ချင်းအပေါင်း ပျော်ရွှင်မူမယ်
ရာဇ၀င်တွင်တဲ့ သစ်ပုတ်ပင်အောက်
စုဝေးကြမယ် ရိုးရာဓလေ့ ဖလှယ်ကြမယ်
ကံကော်ရနံ့သင်းတဲ့ အဓိပတိလမ်းလေးရယ်
ညအခါဝယ် ဂီတာတီးလို့ သူငယ်ချင်းတွေ ပျော်ရွှင်ကြမယ်
ကျောင်းသား၊ကျောင်းသူ သွေးစည်းလုံးလို့
ပြည်ထောင်စုကြီး စည်ပင်လှမယ်....
ဒီကျောင်းတော်က ပညာတတ်တွေ မွေးထုတ်ခဲ့တယ်
ဗိုလ်အောင်ဆန်းလို စိတ်ဓါတ်မျိုးတွေ ရှင်သန်ခဲ့တယ်
လူသားစိတ်အပြည့်ရှိတဲ့ ကိုထင်ကျော်တို့ နေခဲ့ကြတယ်
အများအတွက်စတေးခံမဲ့ ကျောင်းသားအများ မွေးထုတ်ခဲ့တယ်......
ခုတော့လဲ... ခုတော့လဲ..... ခုတော့လဲ..........

စာကြွင်း ။ ။ ကျနော် မတက်ခဲ့ဘူးတဲ့ မိန်းတက္ကသိုလ် ကြီးကို စိတ်ကူးယဉ် မိခြင်းဖြစ်ပါတယ်။
ပုံကိုတော့ Google က ရှာထားပါတယ်။




လေးစားလျက် တောင်ပေါ်သား

5 comments:

စိုင်းစိုင်းလားရှိုး said...

အဓိပတိလမ်း ကခြေရာ ...
ဦးချစ်ဆိုင်က ချိုစိမ့် ...
သစ်ပုပ်ပင်ရဲ့ ပဲ့တင်သံ ...
အင်ပါယာရဲ့ ရင်ခုံသံ ...
ဂျပ်ဆင်အရိပ်က ငြိမ်းချမ်းမှု ...
အီကိုရှေ့ က အုတ်ခုံ ....
ဟာ............. အများကြီးပဲနော်
စာအုပ်ထဲမှာ ဖတ်ဖူးတာလေ....

May 9, 2009 at 3:04 AM
မောင်မျိုး said...

အထဲမှာ ခုံတွေဆွေး ဘိလပ်မြေတွေ ပြိုကျနေလို့ ပေးမတတ်တာ ကောင်မလေးရ ၀မ်းနည်းမနေနဲ့း) ဘဘကြီးတို့ရဲ့ စေတနာကို နားလည်ပါ ။

May 9, 2009 at 4:30 AM
flowerpoem said...

ရင်ထဲကတက္ကသိုလ်ကတော့ဘယ်တော့မှ မေ့နိုင်မယ်မထင်ပါဘူးရှင်.

May 9, 2009 at 8:47 AM
နေ့အိပ်မက် said...

ဟုတ်ပါ့ မိန်းဆိုတဲ့အသံကြားရင် နိုချင်တယ်.. စိတ်နာလို့... :( နေ့အိပ်မက်တို့ဆို ကိုယ်မတက်ရတိုင်း အားရင် အဲဒီပဲ သွားနေရော.... ကျောင်းနဲ့နီးလို့လေ... နောက်ပြီး စဉ်းစားမိသေးတယ်.. အဲဒီထဲမှာဆိုရင် အတန်းမတက်ချင်ရင် ပုန်းစရာနေရာအများကြီးလို့... ခုတော့ ရှေ့ပေါက်ကအော်ရင် နောက်ပေါက်ကကြားရတဲ့ ကျောင်းမှာ တက်ခဲ့ရတယ်... :(

May 9, 2009 at 3:22 PM
အိမ် said...

အတန်းပညာထက် ဘ၀ပညာကို ဦးစားပေးခဲ့သူ
ဆိုတော့ မသိဘူးဗျ တက္ကသိုလ်ဆိုတာ ဘာလဲ
စိတ်လဲ မ၀်စားဘူး ဘွဲ့ရလဲ ဘာမှ လုပ်စားမှမရ
ဧည့်ခန်းမှာ ဓာတ်ပုံတနေရာစာတိုးလာတာပဲ
ရှိတယ် ဘာမှလုပ်စားမရတော့ အချိန်ကုန်မခံတာ့ဘူးဗျ အဟီး

May 10, 2009 at 3:48 PM

Post a Comment