Friday, January 16, 2009

တနေ့တာ ဘဝ


ကောင်းကင်ကြီးကို ကြည့်လိုက်တော့
အနီရောင်၊ အပြာရောင်၊ အဖြူရောင်တွေနဲ့
နေမင်းကြီးရဲ့ အလင်းရောင်အောက်မှာ
ထာဝစဉ် တောက်ပနေမဲ့ ဒီအလင်းတန်းကြီးပေါ့
ငှက်ကလေးတွေ တေးဆိုနေသံလဲ ကြားခဲ့ရပြန်

ပိတောက်ပင်ကြီးအောက်က ထိုင်ခုံတန်းလေးတခု
ထိုင်သူမရှိ ကျိုးပဲ့နေခဲ့ အပိုင်းတစတချို့နဲ့
တက္ကသိုလ်ဆိုတာ မသိခဲ့တဲ့ ဒီဘဝ
ပညာကျောင်းဆိုတာ ပျောက်ဆုံးခဲ့ပေါ့

တနေကုန် လှုပ်ရှားခဲ့ ဒီသံသရာ
ဒီခေတ်ကြီးမှာ တနပ်ဝမ်းစာ ခက်လှတာမို့
ရိုးသားဟန်ဆောင် မုသားသုံး၍ ပြောဆိုမိတယ်
ငါမှမဟုတ် လူသားအားလုံး လိမ်လည်ပြောဆို
မုသားမပါ လင်္ကာမချော

အသံတွေ ဆူညံလို့နေ
မူးရူးအော်ဟစ်သံတွေ အတိဖုံးလွှမ်းနေတဲ့
ကာရာအိုကေဆိုတာ နဲနဲ
ဝမ်းစာအတွက် လုပ်စားရတဲ့
ဒီအမျိုးကောင်း သမီးပျိုတွေကို
ရမ္မက်အခိုးအငွေ့ အပြည့်နဲ့ကြည့်နေခဲ့တာ
ယမကာ ချစ်တဲ့လူချမ်းသာများရဲ့ အကြည့်

မရှိဆင်းရဲ လမ်းဘေးဆိုင်ထိုင်
အရက်ဖြူနဲ့ မြေပဲလှော်ဝါး
ထွေရာလေးပါး ပြောဆိုကြသည် စိတ်အားမငယ်
မျက်လုံးအစုံ လမ်းဘေးရောက်၏
လောကအလှ ရှုစားကြသည်

သြော် ဘ၀….ဘ၀………


လေးစားလျက် တောင်ပေါ်သား


12 comments:

flower.poem said...

လူတွေရဲ့ဘ၀ကို ကြည့်ပြီးရေးထားတဲ့ကဗျာကောင်းလေး ပါ
ကောင်းသောနေ့ဖြစ်ပါစေ.ကိုတောင်ပေါ်သား

January 16, 2009 at 4:52 AM
Welcome said...

ငါးပါးသီလကို လုံအောင်တော့ ထိန်းချင်ပါတယ်
ဒါပေမယ့် ဘလောဂ့်ပေါ်ရောက်ရင်
လေးပါးပဲ ကျန်တော့တယ်
ဘာကြောင့်လဲနော် .. ..

January 16, 2009 at 6:52 AM
အောင်မြေ said...

အူမတောင့်မှ သီလစောင့်နိုင်မှာ
ဖြစ်တာကြောင့် .. .. ..
အစ်ကိုတောင်ပေါ်သားက
ပွဲစားလားဟင်

January 16, 2009 at 6:53 AM
ကိုရင်နော်ခင်လေးငယ် said...

တောင်ပေါ်သားလေးရေ...
ဘာတဲ့ (မုသားမပါ လင်္ကာမချော)
တဲ့လား....

ဟုတ်ပါ့နော်...
တီငယ်ကြီး အရမ်းတော်..!!
ဦးနော်ကြီး မူးမူးနဲ့ အာဘွားပေးဖို့
ခင်ဖို့ အရမ်းကောင်း..!!
ညီမလေး ကလေးလေး ချစ်ဖို့အလွန်ကောင်း..!!

အဟက်...ဟက်...

ဦးနော်၊ တီငယ်၊ ကလေးလေး

January 16, 2009 at 9:38 AM
ဖိုးဂျယ် said...

လှလိုက်တဲ့ ဖွဲပုံလေး
မြင်လုံးထဲ ကွင်းကွင်းကွက်ကွက်မြင်တယ်
ကိုတောင်ပေါ်သားရေ

January 16, 2009 at 11:08 AM
နွေသူရ said...

မှန်တိုင်းလည်းမကောင်းဘူးကိုးဗျ....။
မုသားလေးတော့ရှိမှဖြစ်မယ်..။
ကဗျာကောင်းလေးခံစားသွားပါတယ်....။

January 16, 2009 at 11:43 AM
winlatt said...

ကောင်းတယ်ဗျာ..
ဘ၀ဆိုတာ..ဒါတွေပါဘဲ...
ပေါ်လွင်ပါတယ်..ဗျာ...။

January 16, 2009 at 1:59 PM
မီးမီးငယ် said...

ဒီလိုဘဲပေါ့။ ရိုးသားနေရင်ဘယ်လိုထမင်းစားမတုန်း။
မုသားတော့သုံးရပြီပေါ့။

း)

January 17, 2009 at 8:05 AM
flowerworld said...

မှန်တာပေါ့..အမကတော့အမှန်အတိုင်းသိပ်မပြောဘူး
ဟီးးးးးးးးမုသားမပါလင်္ကာမချောလေ....ကဗျာလေးကဖွဲ့ထားတာ
ဖတ်ရင်းနဲ့တောင်မြင်ယောင်မိတယ်..တော်တယ်နာ့မောင်လေးက
နာ့နဲ့တူလို့..ဟိဟိ

January 17, 2009 at 8:25 AM
ကြယ်စင်မင်း said...

ဘ ကုံးနဲ့ ၀ ဘဲလေ.. တောင်ပေါ်သားရဲ့ :D

January 19, 2009 at 4:54 AM
မသက်ဇင် said...

တောင်ပေါ်သားရေ----
နေမကောင်းဖြစ်နေလို့ အခုမှ လာလည်နိုင်တယ်--
စာတွေဖတ်သွားတယ်--အားပေးပါတယ်---
အစစအရာရာ အဆင်ပြေပါစေ--

January 19, 2009 at 1:36 PM
အိမ် said...

ကတောင် ရေအဲဒါတွေရဲ့ အဓိကတရားခံဘယ်
သူလဲသိလား လူတွေကို လွဲမှားတဲ့ အယူအဆနဲ့
လမ်းမှားပို့တာ ဘယ်သူလဲ ဆင်းရဲတွင်းနက်အောင် လုပ်တာဘယ်သူလဲ......
........................................................
.......................................

January 19, 2009 at 5:44 PM

Post a Comment