Tuesday, January 6, 2009

ဖယောင်းတိုင်.....




အမှောင်ကိုခွင်း အလင်းရဖို့ ငါစတေးခံခဲ့တယ်
ဒါပေမဲ့ ငါတယောက်ထဲတော့
မတောက်ပနိုင်ခဲ့ပါ
ငါရဲ့ဘေးမှာ ငါ့ရဲ့ ရဲဖော်ရဲဖက်
သေဖော်သေဖက်တွေနဲ့ပေါ့
တချိန်ချိန်မှာ ငါတို့တွေ ပျောက်ဆုံးကုန်ကြမှာလဲ
ငါတို့တွေ သိတယ် ဒါပေမဲ့ ငါတို့အားလုံးအတွက်
အလင်းရောင်တွေ ပေးဝံ့တယ်။
အဖြူ၊ အ၀ါ၊ အနီ ကာလာစုံလို့ နေရာတကာ သုံးနေကြတယ်
တချို့က ဆီးမီးပူဇော်ကြတယ်
ငါ့ကို အသုံးပြုပြီး ကုသိုလ်ယူကြတယ် ပညာတတ်ဖြစ်အောင် လုပ်ကြတယ်
လူတချို့ကတော့ ငါတို့ကို ထိတ်လန့်နေတတ်ကြတယ်
ငါဟာ လောင်တာ လောင်မြိုက်နေမယ်
ဒါပေမဲ့ ဒုက္ခ မပေးတတ်တဲ့
အမှောင်ကို ခွင်းမဲ့ အလင်းသေးသေးလေးတွေပါ


တခြား နေအလင်းရောင်လို
တိုးတက်နေတဲ့ တိုင်းပြည်တွေက လျှပ်စစ်မီးတွေလို
ငါဘ၀မှာ အဲလောက် မတောက်ပနိုင်ပေမဲ့
ဆင်းရဲတဲ့ တိုင်းပြည်တွေအတွက်
ဘုရားတရား ကိုင်းရှိုင်းတဲ့ လူတွေအတွက်
ငါအလင်းရောင်ဟာ လိုအပ်နေဆဲပါ
ငါသူတို့ကို အလင်းပေးနိုင်တဲ့အတွက်
ငါပျော်တယ် ဂုဏ်ယူနေတယ်




လေးစားလျက် တောင်ပေါ်သား


11 comments:

စိုင်းခမ်းထွန်း said...

ဒဿန ဆန်ဆန်ကဗျာပါလားဗျ ... တော်တော်ကိုကြိုက်တယ်ဗျာ .... လက်တို့လိုက်ဦးမယ် သူများတွေကို ...
မင်းသမီးနာမည်ကတော့လွဲနေသေးတယ်ဗျ ..
နောက်ထပ်ပြောနိုင်ပါသေးတယ်

January 6, 2009 at 2:28 AM
မွန် said...

လင်းသာလင်းတယ်
မလောင်ဘူးဆိုတဲ့
အလင်းတိုင်သက်သက်ကလေးတွေ အကြောင်းပေါ့နော်
ကဗျာလေးကောင်းလိုက်တာ

January 6, 2009 at 3:06 AM
puluque said...

ဖယောင်းတိုင် လေးကို လာရောက်ခံစားသွားပါတယ်။ အလင်းရောင်ရဖို့ အတွက် အပူခံ ကာ အရည်ပျော်ရတဲ့ ဖယောင်းတိုင်လေး ကို ခံစား သွားပါတယ်

January 6, 2009 at 3:12 AM
စိုင်းခမ်းထွန်း said...

:D ကဗျာအစပ်ကောင်းတယ် မျက်စိ စစ်သင့်တယ် .... လွဲပြန်ပြီ ... :D

January 6, 2009 at 3:21 AM
ကိုရင်နော်ခင်လေးငယ် said...

ကဗျာလေးက လေးနက်တဲ့
အဓိပ္ပါယ်လေးကို ဖော်ဆောင်နိုင်တယ်..

“ဘရာဗို” ပါ... တယ်ပေါ်သောင်လေးရေ...

January 6, 2009 at 4:40 AM
မြတ်သွယ် said...

ကဗျာကကောင်းလိုက်တာနော်
လေးလေးနက်နက်ရှိတယ်
သဘာဝလဲဆန်တယ်
ဖယောင်းတိုင်ကို ကဗျာဖွဲ့တဲ့ ကိုတောင်ပေါ်သားကိုလည်း လေးစားပါတယ်
အားလဲပေးပါတယ် :)

January 6, 2009 at 7:43 AM
စိုင်းစိုင်းလားရှိုး said...

ဖယောင်းတိုင်ငယ်ကို မှောင်စဉ်မှာ ယူလာပေးသူ ရောင်စုံညအလင်းတွေထက် ပိုတန်ဖိုးထားပါတယ်

January 6, 2009 at 7:47 AM
တောင်ပေါ်သား said...

ကဗျာလေးကို ခံစားပြီး ကောမန့်ပေးသွားတဲ့ ညီအကိုမောင်နှမ အားလုံးကို ကျေးဇူးတင်ပါတယ်

January 6, 2009 at 7:54 AM
မီးမီးငယ် said...

ကဗျာလေးကိုလာခံစားပေးသွားတယ်အကို
ငယ်ငယ်တုန်းကသင်ခဲ့တာမေ့နေပြီ
ခုပြန်ဖတ်ကြည့်တော့ပိုမှတ်မိသွားပြီ
ကျေးဇူး

January 6, 2009 at 9:31 AM
Welcome said...

လူတွေ မမြင်နိုင်တဲ့ ဖယောင်းတိုင်ငယ်လေးရဲ့ အားမာန်ကို ဖော်ကျူးပေးလို့ ၀မ်းသာစွာနဲ့ ဖတ်သွားပါတယ်။

http://winzaw-mdy.blogspot.com

January 6, 2009 at 11:30 AM
အိမ် said...

ရှယ်ကဗျာပဲဗျို့ ကောင်း၏

January 7, 2009 at 11:01 PM

Post a Comment