Sunday, December 28, 2008

စိတ္တဇ


ေ၀၀ါးနေတဲ့ ဒီအတွေးတွေ
ဘ၀မှာ အခက်ခဲဆုံး အချိန်တွေ
ဒါတွေကို ကျော်ဖြတ်နိုင်ဖို့
အင်အားတခုငါလိုနေတယ်
ဒီအင်အားတွေကို ငါဘယ်က ရနိုင်မလဲ

ရောင်စဉ်တွေ ပြေးလွားနေတယ်
အဖြူ အမဲ အပြာ ကာလာကိုစုံလို့
ဒါ လူဘ၀လေ ဖြစ်ချင်တာတိုင်း မဖြစ်နိုင်ဘူး
တောင်ကျရေသံတွေ ကြားနေရပြီ
အော် မိုးတွေရွာနေတာကိုးးးးးးးးးး


မီးပလပ်တခုလို အဖွင့်အပိတ်လုပ်ပြီး
ထိန်းချုပ်လို့များရရင် ဘယ်လောက်ကောင်းလိုက်မလဲ
ဝက်ဝံရုပ်လေးတောင် ငိုနေပေါ့
သူလဲ အမေ့ကို လွမ်းလို့နဲ့တူတယ်….
ဒါမှမဟုတ်ရင်တော့………


ကြည့်မှန်တချက်လို
ကိုယ့်ရုပ်ကို ကိုယ်ပြန်မြင်ရတဲ့ လောကမှာ
အတ္တတွေ ဖုံးလွှမ်းနေတဲ့ ငါ့ရုပ်ကို ငါ ပြန်မမြင်ချင်ပါဘူး
သြော် မီးတွေတောင် ပိတ်သွားပြန်ပြီ
အားလုံးဟာ မှောင်လို့မဲလို့ …………

ဌက်တကောင်လို ပျံသန်းချင်ရာ ပျံသန်းနေတာ
အတောင်ညောင်းရင်တော့ ခဏရပ်နားရမှာပါပဲ
ဒါပေမဲ့ ဆက်ပြီး ပျံသန်းဖို့တော့ လိုနေမှာပေါ့
ခုံတန်းလေးရေ အခုတော့
ထိုင်သူမဲ့ အထီးကျန်ဆန်နေပေါ့


တောင်ပေါ်သား

4 comments:

စိုင်းစိုင်းလားရှိုး said...

မိုးရွာရင် မိုးရေချိုးမယ်လေကွာ... မိုးရွာရင်ခံစားတတ်တဲ့လူတစ်ယောက်ရှိတယ်.. သိလား?

December 28, 2008 at 11:30 AM
Welcome said...

ကဗျာလေးဖတ်သွားတယ်
နှစ်သစ်မှာ
အတွေးသစ်
အမြင်သစ်တွေနဲ့
ပျော်ရွှင်နိုင်ပါစေ...

http://winzaw-mdy.blogspot.com

December 29, 2008 at 2:45 AM
မြတ်သွယ် said...

-ရောင်စဉ်တွေ ပြေးလွားနေတယ်
အဖြူ အမဲ အပြာ ကာလာကိုစုံလို့
ဒါ လူဘ၀လေ ဖြစ်ချင်တာတိုင်း မဖြစ်နိုင်ဘူး
တောင်ကျရေသံတွေ ကြားနေရပြီ
အော် မိုးတွေရွာနေတာကိုးးးးးးးးးး-
-မီးပလပ်တခုလို အဖွင့်အပိတ်လုပ်ပြီး
ထိန်းချုပ်လို့များရရင် ဘယ်လောက်ကောင်းလိုက်မလဲ-
အဲဒီ စာသားတွေကိုနှစ်သက်မိပါတယ်...
ကဗျာကိုအားပေးခဲ့ပါတယ် :)

December 29, 2008 at 8:47 AM
အိမ် said...

နှစ်သက်စွာ ဖတ်ရှုသွားပါကြောင်း

December 29, 2008 at 4:33 PM

Post a Comment