ကာရန်မဲ့
လူတွေအမြင်မှာ ကျနော်ဟာ လူဆိုး တယောက်ပေါ့ အမေ
ဒါပေမဲ့ ကျနော် အမေအမြင်မှာတော့
သားလိမ္မာလေး ဖြစ်ချင်တယ် အမေ
လူတွေအမြင်မှာ ကျနော်ဟာ ဘုကန့်လန့်လေးပေါ့
ဒါပေမဲ့ အမေ့ရင်ခွင်မှာ သား
ယုန်ငယ်လေးလို နေချင်တယ် အမေ
လူတွေအမြင်မှာ ကျနော်ဟာ အတ္တသမားပေါ့
ဒါပေမဲ့ အမေ့အတွက် မိသားစုအတွက်
မေတ္တာအပြည့်ပေးနိုင်တဲ့ သားတယောက် ဖြစ်ချင်တယ် အမေ
ဘယ်သူတွေ ဘာတွေပြောပြော သားဂရုမစိုက်ပါဘူးအမေ
ဒါပေမဲ့ အမေအထင်လွဲ အမြင်မှားမှာကိုတော့
သားအရမ်းကြောက်မိတယ် အမေ
အမေ့ရဲ့ အရိပ်တွေကို သားခိုလှုံခဲ့တာ
နှစ်ပေါင်းမနဲတော့ဘူး အမေ
ဒါပေမဲ့ သားဒီအရိပ်တွေကို ခိုလှုံချင်နေသေးတယ် အမေ
ဒီမေတ္တာအရိပ်တွေကို သားထပ်ရချင်သေးတယ်အမေ
တနေ့နေ့ပေါ့ အမေ အမေ့သား ပြန်လာပါ့မယ်
အမေအရိပ်ကို သားလာရောက် နားခိုပါမယ်.........
ဒါပေမဲ့ ကျနော် အမေအမြင်မှာတော့
သားလိမ္မာလေး ဖြစ်ချင်တယ် အမေ
လူတွေအမြင်မှာ ကျနော်ဟာ ဘုကန့်လန့်လေးပေါ့
ဒါပေမဲ့ အမေ့ရင်ခွင်မှာ သား
ယုန်ငယ်လေးလို နေချင်တယ် အမေ
လူတွေအမြင်မှာ ကျနော်ဟာ အတ္တသမားပေါ့
ဒါပေမဲ့ အမေ့အတွက် မိသားစုအတွက်
မေတ္တာအပြည့်ပေးနိုင်တဲ့ သားတယောက် ဖြစ်ချင်တယ် အမေ
ဘယ်သူတွေ ဘာတွေပြောပြော သားဂရုမစိုက်ပါဘူးအမေ
ဒါပေမဲ့ အမေအထင်လွဲ အမြင်မှားမှာကိုတော့
သားအရမ်းကြောက်မိတယ် အမေ
အမေ့ရဲ့ အရိပ်တွေကို သားခိုလှုံခဲ့တာ
နှစ်ပေါင်းမနဲတော့ဘူး အမေ
ဒါပေမဲ့ သားဒီအရိပ်တွေကို ခိုလှုံချင်နေသေးတယ် အမေ
ဒီမေတ္တာအရိပ်တွေကို သားထပ်ရချင်သေးတယ်အမေ
တနေ့နေ့ပေါ့ အမေ အမေ့သား ပြန်လာပါ့မယ်
အမေအရိပ်ကို သားလာရောက် နားခိုပါမယ်.........
တောင်ပေါ်သား
10 comments:
ဒီလို မိဘအကြောင်းရေးဖွဲ့ထားတဲ့ ကဗျာတွေ၊
December 9, 2008 at 1:26 PMစာတွေအားလုံးကို ရင်နဲ့ခံစားဖတ်ရှုသွားပါတယ်ခင်ဗျား။
ဟေးဟေး ........ ဘာတွေစိတ်ညစ်ပြန်ပြီလဲ .... အမေကို ဒီလောက် တမ်းတနေတာ ...
December 9, 2008 at 1:58 PMကိုကြီးတောင်ပေါ်သားရေ...အရမ်းထိတယ်ဗျာ။ ငိုချင်လာပြီ။
December 9, 2008 at 3:04 PMအကိုရေ နားခိုနိုင်ပါစေ။
December 9, 2008 at 3:11 PMကျတော်တို့လဲ နားခိုချင်နေတာကို
လာဆွပေးသလိုဖြစ်နေတယ်။
ငိုချင်ရက် လက်တို့ဖြစ်သွားတယ်။
အမေ့တမ်းချင်း၊ လွမ်းချင်းလေးကို ခံစားသွားတယ်။ အဆင်ပြေပါစေ
December 10, 2008 at 1:18 AMhttp://winzaw-mdy.blogspot.com/
aတာင်ပေါ်သားရေ ရောက်အောင်ပြန်ကွ။ လမ်းဆုံးတော့ ရွာပျက်တာမျိုး မကြုံပါစေနဲ့။
December 10, 2008 at 2:33 AMအကိုမှာ နားခိုစရာ အမေ့ရင်ခွင်ရှိပါသေးတယ်ဗျာ
December 10, 2008 at 3:35 AMကျတော့်မှာတော့ နားခိုစရာ အမေ့ရင်ခွင်တောင် မရှိတော့ပါဘူး
လွမ်းမိပြန်ပြီဗျာ။
December 10, 2008 at 1:52 PMမေမေချစ်တဲ့ သားကြီး
December 10, 2008 at 3:32 PMသားချစ်တဲ့ မေမေ
ညီရေ..အေးမြတဲ့ မေတ္တာရိပ်အောက်မှာ ခိုလှုံနိုင်ပါစေဗျာ
မောင်လေးတောင်ပေါ်သားရေ..
December 11, 2008 at 5:02 AMအမေ အကြောင်းတွေ ဖတ်ရရင် မျက်ရည်က
အလိုလိုဝိုင်းလာတယ်ကွယ်.
အဆင်ပြေပါစေ မောင်လေးရေ.
တီတီဝါ
Post a Comment