Tuesday, October 7, 2008

ဖြစ်သလိုစားသော ကျနော်

ကျနော်ကို ကိုကြီးသံလွင် နဲ့ မသက်တန့် တို့က တက်(Tag)ကြတယ်တဲ့ဗျာ.. လုပ်ကြပါဦး ဒီဘလော့တွေမှာလဲ Tag နေကြပါ့လားနော့် ဒီတော့လဲ အကိုအမတွေနဲ့ ရောပြီး လိုက်တက်(Tag)တော့မယ်ဗျာ.. ဘာတဲ့ ဖြစ်သလိုစားတဲ့ အကြောင်းတဲ့ အဲဒါမှ ဒုက္ခကျနော်က ဖြစ်သလို မစားတတ်ဘူးဗျာ.. ဒီတော့ သေချာ စဉ်းစားပြီး ရေးလိုက်ပါတယ်.. ဟဲဟဲ ဖတ်တော်မူကြပါကုန်လော... ဒန်း ဒန်း ဒန်..

ကျနော်က ငယ်ငယ်လေးကတည်းက ဖြစ်သလို မစားတတ်ပါဘူး။ ကျနော် မကြိုက်တဲ့ ဟင်းဆိုရင်တော့ ထမင်းကိုမစားတော့ပဲ စိတ်ကောက်လိုက်တာပဲ ဟဲဟဲ အမေအပေါ် ချွဲတာပေါ့ဗျာ.. ကျနော် မကြိုက်ဆုံးကတော့ ခရမ်းသီးပါ.. ခရမ်းသီးစားပြီးရင် အရမ်းယားတတ်လို့ လုံးဝကို မတို့ဘူးအခုထိပဲ .. ကျနော် ဆယ်တန်းအောင်လို့ ရန်ကုန်ကို ဦးလေးနဲ့ လာနေမှ ဖြစ်သလို စားတတ်ပါတယ်.. ရန်ကုန်မှာ အလုပ်လုပ်မှ ပိုပြီး ဖြစ်သလိုစားတတ်လာပါတယ်..

တခါတလေ ထမင်းစားများဆင်းလိုက်ရင် ဘာစားရမှန်းမသိဖြစ်တာကနေ လက်ဖက်ရည်ဆိုင်နဲ့ အသုပ်ဆိုင်လေးကို တွဲဖွင့်ထားတဲ့ နေရာလေးမှာ လက်ဖက်ထမင်းဆိုတာကို စပြီးစားရပါတယ်.. လက်ဖက်နဲ့ထမင်းရောပြီးနယ်ပေးတာပါ.. ဒီလိုနဲ့ ကျနော်ရဲ့ ဖြစ်သလို စားမူတွေ စတင်လာပါတယ်.. အိမ်မှာကတော့ ကျနော်ဖြစ်သလို မစားပါဘူး ဘာကြောင့်ဆိုတော့ ချစ်အဒေါ်က ဖြစ်သလိုမချက်လို့ပါ။ တပတ်မှာ ၆ ရက်လောက်က ဖြစ်သလို (လက်ဖက်ထမင်း၊ ရှောက်သီးသုတ်၊ ဆေးဘဲဥသုတ်) တို့နဲ့ နေ့လယ်စာကို နှစ်ပါးသွားပါတယ်။

တခါတလေ အရသာကောင်းကောင်းစားချင်ရင်တော့ ဖြစ်သလို ဆူးလေလမ်းဆုံမှာ ရှိတဲ့ ဒေါ်ရိတ်ကြီးကို သွားပါတယ်... ဒီထက်ပိုပြီး ပိုက်ဆံအိတ်ဖောင်းနေရင်တော့ ဖြစ်သလို ချစ်တီးထမင်းဆိုင်မှာ ၀ယ်စားပါတယ်.. ဒါကတော့ ရန်ကုန်က ဖြစ်သလိုစားခြင်းပါ..

အဲ ဆင့်ကာပူမှာကတော့ ဖြစ်သလိုကို စစားရတော့တာပါပဲ။ ကျေးဇူးရှင် အိမ်ရှင်မမက ချက်ခွင့်မပေးတော့ ဖြစ်သလို ကြုံရာဝယ်စားရပါတယ်။ ဖြစ်သလို တရုတ်ဆိုင်ဝင်စားလိုက် ၊ မလေးဆိုင်ဝင်စားလိုက်နဲ့ စားဖြစ်ပါတယ်။ တခါတလေ ထမင်းမစားချင်တဲ့အခါ ဖြစ်သလို အိမ်ကပို့ပေးထားတဲ့ ယမ်ယမ်ခေါက်ဆွဲကို ပြုတ်စားပါတယ်။ ဆင့်ကာပူမှာ အမှတ်တရ အရှိဆုံးကတော့ ဖြစ်သလို ထမင်းချက်စားခြင်းပါ။ အိမ်ရှင်က ဟင်းချက်ခွင့်မပေး၊ ထမင်းချက်ခွင့်ပေးပါတယ်။ ဒီတော့ ကျနော်ရဲ့ လက်ရာ ဥထမင်းလေးကို ဖြစ်သလို ချက်စားဖြစ်ပါတယ်။

ဥထမင်းလေးကတော့ ဖြစ်သလို ထမင်းချက်ရင်နဲ့ ကြက်ဥတွေပါ ထည့်ချက်လိုက်တာပါ :) ကျနော့်သူငယ်ချင်းများကတော့ အဲဒါကို ဥထမင်းလို့ခေါ်ပါတယ်။ အခုတော့ နေ့တိုင်းဖြစ်သလို ထမင်းကြော်ကို အမျိုးများစွာနဲ့ ဖြစ်သလိုစားနေရပါတယ်.. ရေးနေယင်နဲ့ ကျနော့်အကြိုက်ဆုံး အမေချက်တဲ့ ချဉ်ပေါင်ရွှက်ကြော်လေးကို စားချင်မိရဲ့၊ ဖြစ်နိုင်ရင် ငါးဖယ်လေးနဲ့ ရေမုန့်ညှင်း ဟင်းချိုလေးလဲ သောက်ချင်လာပါဘိ အီးအီး(မေ့မေ့ကို လွမ်းသဖြင့် ငိုခြင်းဖြစ်ပါတယ်)

ကျနော်ရဲ့ ဖြစ်သလိုစားခြင်းများကတော့ ဒီလောက်ပါပဲ။ ကဲကျနော်လဲ အစဉ်အလာအတိုင်း တက်(Tag) ဦးမှ ဘယ်သူကို တက်ရပါလိမ့် အဲအန်တီဝါကို သွားကြည့်တယ် ရေးပြီးပေါ့ မခေါင်ခေါင် ဒါလဲ ရေးပြီးပေါ့ လူလဲ ကုန်သလောက်ဖြစ်နေပြီး ဒုက္ခဒုက္ခ ကဲဗျာ ကံစမ်းမဲပေါက်သူများကို ကြော်ငြာပါမယ်။


ကိုကြီးဖိုးမောင် ၊ကိုကြီးမိုးမောင် ၊ မမအိန္ဒြာ
ကိုရဲ
ကိုကြီးပုလုကွေး
မစ်သွန်းသွန်း

11 comments:

သံလွင် HeRo said...

ဗျိုးနောင်တော်ကြီး...တက်ခ်ကလေးကိုရေးပေးတဲ့အတွက်ဦးစွာပဏမရှဲ့ရှဲ့။
ကျနော်တို့ရန်ကုန်မှာနေတုန်းကလည်းအဲလိုပါပဲဗျာ...ကြုံရင်ကြုံသလို
လမ်းဘေးမှာဝင်ဆွဲတာပဲ...စလုံးရောက်တော့ အိမ်မှာကအိမ်ရှင်မရှိဘူးလေ
ဗျာ...ကြိုက်သလိုသောင်းကျမ်း...နောက်တစ်ခါအိမ်ကအကိုကြီးတွေ
ချဉ်ပေါင်ကြော်နဲ့ငါးဖယ်ဆီပြန်ချက်ရင်ခေါ်ကျွေးပါ့မယ်ဗျာ...တောင်ကြီးက
မေ့မေ့လက်ရာထက်တော့မကောင်းဝူးပေါ့...ဟဲဟဲ

October 7, 2008 at 4:44 PM
ခေါင်ခေါင် said...

ကျွန်မလဲ ချဉ်ပေါင်ကြော်လေးနဲ့ ငါးဖယ်လုံး ဟင်းနဲ့ စားချင်လိုက်တာ.....

October 7, 2008 at 5:44 PM
မိုးသောက် said...

ဖြစ်သလိုလေးတွေက ရှယ်ပဲ တစ်ယောက်တစ်မျိုး မရိုးဘူး အဟီး ...
ရန်ကုန်အကြောင်းတွေရေးတော့ ရန်ကုန်ကို နှစ်ခေါက်လောက်ပဲ ရောက်ဖူးတဲ့ ကျနော် ဘာမှ မသိဘူးဗျာ အဟီး ...
ဥထမင်း တစ်ခါမှ ချက်မစားဖူးဘူး ..
တစ်ခါလောက်တော့ ပေါင်းအိုးထဲ ထည့်ချက်လိုက်ဦးမှ .. :P

October 7, 2008 at 11:08 PM
puluque said...

ဥထမင်းတဲ့။ အခုမှပဲ ကြားဖူးတောတယ်။ တစ်ခါလောက်တော့ ချက်စားဦးမှ။ ဘရားသားရေ.. ရေးပေးမယ်နော်။ နည်းနည်းတော့ စောင့်...

October 8, 2008 at 1:54 AM
flowerworld said...

ကိုတောင်ပေါ်သားရဲ့....ဖြစ်သလိုလေးက ဥထမင်းလေးပါလား... အခုမှပဲကြားဖူးတော့တယ်...ဟီးး

October 8, 2008 at 4:39 AM
သက်တန့် said...

ဆေးဘဲဥတို့ အိုးဘဲဥတို့ပဲ စားဖူးတာ...
ဥထမင်း မစားဖူးဘူးဟ... :)

October 8, 2008 at 6:20 AM
နေလင်း said...

ကိုတောင်ပေါ်သားရေ... ဥထမင်းလေး ဖြစ်သလိုလာစားမယ်နော်.. ကောင်းကောင်းလေးပြင်ထားနော်. . . ဟီး...

ခင်မင်တဲ့

နေလင်း

October 9, 2008 at 12:40 PM
ကြယ်ဇင်သွေး said...

အေးလေ တောင်ပေါ်သားရယ်။ ထူးထူးဆန်းဆန်း ဥထမင်းလို့ပဲ တခါမှလဲမကြားဖူးဘူး။ ဘာကြီးလဲဟ ရှင်းပြပါဦး။

October 9, 2008 at 10:25 PM
WWKM said...

ဥထမင်းလေး စားဘူးချင်ပါရဲ့။ အဟီး
စင်္ကာပူရောက်တုန်းက ၀အောင်မစားလိုက်ရဘူး။ တောင်ပေါ်သားလေးရဲ့
သူငယ်ချင်းတွေကို သနားလို့လေ။း)

October 11, 2008 at 7:29 AM
mabaydar said...

မေမေ့ကိုလွမ်းလို့ငိုတာကလဲ... အီးအီးတဲ့... ဟား.. ဟား.. စတာနော်..
အိမ်မှာတော့ ချဉ်ပေါင်ရွက်ပင်တောင်စိုက်ထားတယ်.. little india ကဝယ်လာတဲ့ ချဉ်ပေါင်တွေကို ခြွေပြီးရင်အရိုးတွေကို ပန်းအိုးထဲမှာထိုးစိုက်ထားတယ်.. အဲဒါလေးတွေက ပြန်ပြန်ပေါက်ရင် ချဉ်ဟင်းအရည်ကျဲကျဲတစ်အိုးရတယ်.. ချင်ကာပူမှာ မဗေဒါ့ဖေဖေက အိမ်ရှေ့ ဈေးဆိုင်တည်ထားလေရဲ့.. ငါးဖယ်ကတော့ ၁လတစ်ခါ ပန်နီဆူလားကဝယ်ပြီး အိမ်မှာ မြန်မာငါးဖယ်ဟင်းချက်စားတယ်...
နောက် အိမ်မှာချက်ရင်ခေါ်မယ်လေ... ခရမ်းသီးနှပ်.. ခရမ်းသီးမီးဖုတ်သုတ်လေးကို... ခရမ်းသီးကုလားဟင်းချက်လေးနဲ့ ကြွေးမယ်နော်.. ပြီးရင်ကိုစိုးမင်းထိုက် ဘရိတ်ဒန့်ဆွဲပြီးကတာကြည့်မယ်.. (ယားလို့ကုတ်တာ) ဟီး.. ဟီး.. စတာနော်... (အတည်ပြောတာ)... ဟဲ ဟဲ..

October 13, 2008 at 5:17 AM
Htet Myet said...

ဟဟလုပ်စမ်းကောင်းလေး

October 29, 2008 at 5:20 PM

Post a Comment