Thursday, October 30, 2008

ကျနော်ချစ်သော သူလေး

အချိန်တွေ တနှစ်ပြီး တနှစ် ပြောင်းလဲခဲ့ပြန်ပေါ့.. ဘာလိုလိုနဲ့ သူလေးနဲ့ မတွေ့တာတောင် တော်တော်ကိုကြာနေရောပေါ့
အခုလို အချိန်မှာဆို သူလေး တစ်ယောက်ထဲ ပျင်းနေရှာတော့မယ်လေ.. သူလေးကို ဘယ်သူမှာ ဂရုစိုက်မှာ မဟုတ်လောက်ပါဘူး ကျနော်အိမ်သားတွေအားလုံးကတော့ သူလေးရှိတယ်လို့ကို ထင်မဟုတ်ပါဘူးဗျာ... တခါတလေတော့ သူလေးကို လွမ်းနေမိတယ်ဗျာ ဒီလိုတောင်ကြီးဆောင်းတွင်း ရောက်ရင် ပိုလိုတောင်သတိရသေးတယ် မနက်စောစော သူလေးနဲ့ အတူတူသွားတယ်.. သူလေးနဲ့ ကစားတယ်လေ.. ကျနော်သူငယ်ချင်းတွေကလဲ သူလေးကို တော်တော်ချစ်ပါတယ်.. ဒါပေမဲ့ ကျနော်မရှိတော့တဲ့ အချိန်ကစပြီး သူငယ်ချင်းတွေလဲ သူလေးနားလာတော့မှာ မဟုတ်ပါဘူးဗျာ... နေ့လည်ရောက်ပြီးဆိုရင်တော့ သူလေးကို ကျနော်တို့အနားပေးပါတယ်.. သူလေးကတော့ မနားချင်ပါဘူး သူက ကျနော်ရဲ့ အထိအတွေ့လေးတွေကိုတောင်သာယာတတ်နေပြီလေ..

မှတ်မှတ်ရရ သူလေးကျနော်ဆီရောက်လာတာက ကျနော် (၉)တန်းအောင်တဲ့နှစ်ပေါ့.. အဲမှာ အမေက သူလေးကို ကျနော်အတွက် လက်ဆောင်ပေးလိုက်တာ ကျနော်အရမ်းဝမ်းသာတာပေါ့ဗျာ... ဒီလိုနဲ့ ကျနော် သူလေးနဲ့ သွားအတူ လာအတူပေါ့.. ကျနော် (၁၀)တန်းရောက်တော့ သူလေးဒဏ်ရာ ရဘူးတယ်ဗျ.. ကျနော်သူငယ်ချင်းရဲ့ အမှတ်မထင် လုပ်ရက်ကြောင့်ပေါ့. ကျနော်သူငယ်ချင်းကို တော်တော်ကို စိတ်ဆိုးသွားဘူးတယ်.. သူလေးကတော့ ဘာမှ မဖြစ်ဘူး ခံနိုင်ရည်ရှိပါတယ်ပေါ့... ဒါပေမဲ့ ကျနော်တို့ သူကိုကုသတဲ့ နေရာလေးကို ခေါ်သွားပြီး ကုသလိုက်ရပါတယ်.. အဲနောက်ပိုင်းသူလေးက ဒေါင်ဒေါင်ကို မြည်လို့ပါပဲဗျာ.. ကျနော်တို့ (၁၀)တန်း မနက်စောစော ကျူရှင်သွားရင် သူလေးကိုခေါ်သွားတယ်။ ကျူရှင်ပြီးတာနဲ့ ကျနော်တို့ သူငယ်ချင်းတွေ သူလေးနဲ့ အတူတူ ကစားကြပါတယ်.. ကျနော်တို့ရဲ့ လုပ်ရပ်ကြောင့် သူလေးတခါမှ စိတ်ဆိုးတယ် ငြိုငြင်တယ်ဆိုတာ မရှိပါဘူး....

ညနေနေအေးတဲ့ အချိန်ရောက်ပြီးဆို သူလေးကို ခေါ်ပြီး ကျနော်တို့တွေ သွားကြပြန်ပါတယ်.. ညမိုးချုပ်လောက်မှ ပြန်လာကြပါတယ်.. သူလေးကတော့ သူကို ဒီလောက် ခေါ်သွားတာတောင် နာကျင် စိတ်ဆိုးတယ် မရှိ... ကျနော်တို့နဲ့ အတူတူနေရတာကိုပဲ တော်တော်သဘောကျနေလေရဲ့ ဒါပေမဲ့ အခုတော့လဲ သူလေးတစ်ယောက်ထဲ ပျင်းနေရှာရော့မယ်... ခေါ်သူမရှိ ချောင်ထဲမှာ ၀ပ်နေပြီး အထီးကျန်စွာ နေရနေလောက်ပြီလော.. လွမ်းတယ် သူလေးရယ်.. ကျနော်ပြောတဲ့ သူလေးကို သိလားဟင်... ကျနော်ရဲ့ သူလေးဆိုတာကတော့




ကျနော်ရဲ့ အမြတ်နိုးဆုံးနဲ့ အချစ်ဆုံးပေါ့ ဘောလုံးလေးပါ.. အားလုံး ပျော်ရွှင်ပါစေဗျာ..

15 comments:

puluque said...

သူလေးဆိုတော့ ကျတော့က ခွေးလေးလားလို့ပါဗျာ။ တောင်ပေါ်သားရဲ့ သူလေးကို မတွေးမိလိုက်ဘူး။ အခုတော့ သူလေးနဲ့ ခွဲနေရပြီပေါ့။ ကျတော်ကတော့ ငယ်ငယ်ကပဲ ခင်ဗျားသူလေးနဲ့ ရင်းနှီးတယ်။ ကြီးလာတော့ သူလေးနဲ့ မထိတွေ့ ဖြစ်တော့ဘူး။

October 30, 2008 at 5:23 AM
WWKM said...

ဟဟား မကြီးကလည်း ဖတ်နေရင်းနဲ့ သူလေးဆိုတာ ခွေးလေးပဲဖြစ်မှာသိသားပဲလို့တွေးနေမိတာလေ။ မောင်လေးပုလုကွေးနဲ့
တူတူပဲ။း)

October 30, 2008 at 6:16 AM
သက်တန့် said...

အင်း...
ပုလုကွေးလိုပဲ အမလည်း သူလေးဆိုတော့ ခွေးလေးလားလို့ တွေးမိတယ်...
အမရဲ့ သူလေးက ခွေးလေးလေ... :)

October 30, 2008 at 6:24 AM
phyu phyu said...

စက်ဘီလေးလား ခွေးလေးလား ဆိုပြီးး)

October 30, 2008 at 7:16 AM
MrDBA said...

သူလေးဆိုတဲ့ နေရာမယ် ပုလုံး လို့နာမ်စားသုံးပြီး ရေးသွားရင် ပိုမိုက်မယ်သိလား၊ :)

ပြန်ရေးတော့လဲ စက်ကထွက်သလို ပါဘဲလား။ ဆက်ချီတက်။

October 30, 2008 at 8:59 AM
ညီသွေး said...

ဪဂလိုလား သူလေးဆိုတာ ဘောလုံးကို... ဟိဟိ။ အင်းကွာ မင်းနဲ့ အတူတူရှိနေမဲ့ သူလေးကိုလည်းဂရုစိုက်ဦး (ချစ်သူတွေဘာတွေပြောတာနော်) တစ်မျိုးတွေးနဲ့ဦး။ :P

October 30, 2008 at 12:52 PM
ခေါင်ခေါင် said...

ကိုတောင်ပေါ်သားရယ် သူလေး ဆိုလို့ ခွေးလေး ကြောင်လေး လားလို့..
အဲဒိ သူလေး ကိုရော ဆင့်ကာပူ ကိုမခေါ်လာဘူးလား...

October 30, 2008 at 1:00 PM
:) said...

စက်ဘီးမှတ်နေတာ :P

October 30, 2008 at 5:26 PM
ကိုအောင်(ပျူနိုင်ငံ) said...

ကွင်းကောင်းကောင်းမှာ ကန်နိုင်ပါစေ။

October 30, 2008 at 5:54 PM
မိုးသောက် said...

အဲ့ဒီသူလေးကို ကျနော်လည်း လွမ်းတယ်ဗျို့ ..
ညီအစ်ကိုတွေ တွေ့ဆုံခဲ့ကြရင်တော့ တစ်ပွဲလောက် ကန်မယ်ဗျို့ :P

October 31, 2008 at 2:42 AM
ညီအကိုများ said...

သူလေးဆိုလို့ပါ... ကျွန်တော်လည်းဝေးနေတာကြာပြီပဲ... ကန်တော့ကန်ချင်ပါသေးတယ်..
အခုတော့ အုန်းရေ သောက်ပြီး အပူပဲ ကန်နေရတယ်..

ပျော်ရွှင်ပါစေဗျာ..

မိုးကြယ်

October 31, 2008 at 6:02 PM
ဇင်ယော် said...

သူလေးဆိုလို့  ဘယ်သူများမှတ်တယ် ကိုတောင်ပေါ်သားရယ်။ ဆင့်ကာပူကို လှမ်းခေါ်လိုက်လေ။ အဝေးကွင်းမှာ ကန်ကြရအောင်။

November 1, 2008 at 8:46 PM
မိုးမောင်(happycloud) said...

အော်... လက်စသတ်တော့.. တောင်ပေါ်သားလည်း ဘောပဲကိုးးးးး :Dဂလိုဆိုရင် တရက်တော့ ကန်မယ်...း)

November 3, 2008 at 3:32 AM
nge said...

ဒီအကိုတစ်ယောက်တော့ ခွေးထင်လို့ ၊
ဆေးကု လိုက်ရသေးတယ် တဲ့ ပိာပိာ တော်တော်ရည်ရတာပဲ ဘောလုံးကြီး နောက်ဆုံးတော့၊ ထင်တောင် မထင်ထားဘူး။

November 3, 2008 at 10:58 AM
Apprenticeship said...

သူလေးကဘယ်သူများလဲလို့ :P

November 4, 2008 at 3:06 AM

Post a Comment