ကဲ ဘာလုပ်ကြမလဲ
စားစရာမဲ့ ဘ၀တွေပျက်သုန်းဒီအတိုင်း လက်ပိုက်
ကြည့်နေ၀ံ့သလား
ကဲ ကျွန်ုပ်တို့ ဘာလုပ်ကြမလဲ
သနားစရာ ဒီလူမမယ်ကလေးတွေ
မျှော်လင့်လို့ တမ်းတ
ဘယ်မှာလဲ သူတို့မိဘ
ကဲ ကျွန်ုပ် တို့ ဘာလုပ်ကြမလဲ
အဖိုးအဖွား သက်ကြီးရွယ်အိုတွေ
နေစရာမရှိလမ်းဘေးမှာ ဒုက္ခရောက်စွာ
ဝမ်းမီးငြိမ်းအောင် တောင်းစားရရှာ
ကဲ ကျွန်ုပ်တို့ ဘာလုပ်ကြမလဲ
ပြည်သူတွေ တောင့်တ
သာယာတဲ့ မိသားစုဘဝ
ဘယ်မှာလဲ အခုတော့
ကဲ ကျွန်ုပ်တို့ ဘာလုပ်ကြမလဲ
သက်လတ်လူငယ် စိတ်ဓါတ်ပျက်ပြား
ခိုးယူလုယှက် လမ်းဘေးအိပ်ရ
ပညာမတတ် ဆိုးကောင်းတွေကို ဒွန်တွဲမရ
ကဲ ကျွန်ုပ်တို့ ဘာလုပ်ကြမလဲ
တောင်ပေါ်သား
6 comments:
ကိုမျိုး ပြောတာ ထောက်ခံတယ် ။။ ဟီးဟီး
October 20, 2008 at 2:10 PMအစ်ကို
October 20, 2008 at 2:20 PMလုပ်ပေးနိုင်လို့ လုပ်ပေးချင်တာတောင် ရှော့ရှိတယ်။
ထပ်ရောက်ပါတယ်.....
http://winzaw-mdy.blogspot.com
ကဗျာကောင်းလေးပါပဲဗျာ
October 21, 2008 at 3:24 AMဘာပြောရမှန်းတောင် မသိတော့ဘူး ..
ပျော်ရွှင်ချမ်းမြေ့ပါစေ တောင်ပေါ်သားရေ
ဘာလုပ်ကြမလဲဆိုတော့ ... အဟမ်း..အဟမ်...မပျောပျဖူး.. ကန်တော့ရင်ကန်တော့လိုက်.. ဒါဖဲ..
October 21, 2008 at 7:23 AMဟဲဟဲ...နောက်တာနော်.. ချိတ်ချိုးနဲ့..ချိတ်ချိုးရင် ရုပ်ဆိုးတတ်တယ်..ဟီးဟီး... :P :P :P
မက်မက်တို့ကတော့ ဘလော့ဂင်းမယ်... ဘာမှ မလုပ်ဘူး... ဟီးဟီး..
မက်မက်ဘာမှ လုပ်ဖူးနော်... မက်မက်ဘာမှ လုပ်ဖူးနော်... ဟီးဟီး.... :P :P
ဘာလုပ်ရင်ကောင်းမလဲဆိုတော့ကာ...
October 21, 2008 at 12:14 PMကိုမျိုးကစူပါမင်း.ကိုတောင်ပေါ်သားကလင်းနို့လူသား.မမခေါင်ကပါဝါရိန်းဂျား.ကိုမိုးသောက်က ပင့်ကူလူသား.
မမအိမ်မက်က ကြောင်သူရဲကောင်းမ...ကျနော်က စူပါဟီးရိုးလုပ်ပီး
တိတ်တိတ်ကလေးဝင်ပြီး...ဘာသွားလုပ်ရင်ကောင်းမလဲ...
ပျော်ရွှင်ပါစေ မောင်လေးရေ ။
October 21, 2008 at 3:40 PMPost a Comment