ကျွန်ုပ် သူ့ကို အပြင်မှာ မမြင်ဖူးသေးသော အချိန်က ဖြစ်သည်။ နာမည်လေးကပေးထားလိုက်သည်မှာ အနုအရွလေးနဲ့ကဗျာဆန်လှပေသည်။ နာမည်က ဘာတဲ့ ဆောင်းချမ်းမိုးတဲ့ဗျာ။ နာမည်လေးကို ကြည့်ပြီး ကျွန်ုပ်နဲ့ သူငယ်ချင်းအများအပြားက သူ့ကို မိန်းကလေးတယောက်ဟု ထင်မြင်နေမိကြသည်။ တရက်ပေါ့ ကျွန်ုပ်တို့ဘလော့ဂါတွေ တွေ့ဆုံပွဲလေးတခုမှာ ခါးကုန်းကုန်းနဲ့ ထမင်းရက် ၂၀ လောက်မစားရသေးတဲ့ရုပ်နဲ့ လူတယောက်ရောက်လာသည်။ ပြီးလျှင်ပြီးခြင်း သူသည် ဘလော့ဂါမိန်းမပျိုလေး ကောင်းကင်ပြာနားသွားကပ်ထိုင်လေသည်။ ထိုနောက်ထိုသူ၏ ပါးစပ်မှ စကားတခွန်းထွက်လာသည်။ ကျနော် ဆောင်းချမ်းမိုးပါတဲ့ခင်ဗျာ.... ရောက်နေကြသော ဘလော့ဂါ အားလုံးမှင်သက် အံ့သြခြင်းများဖြစ်ကုန်ကြလေသည်။ ဟုတ်ပေမည် အဘယ်ကြောင့်ဆိုသော ထိုဘလော့ဂါဆိုသူသည် ပေးထားတော့ နာမည်နဲ့ ရုပ်တစက်လေးမှ လိုက်သည်မဟုတ်ပေ။
ကျွန်ုပ်အနေနဲ့ စာဖတ်သူများကို ဆောင်းချမ်းမိုးဟူသော ဘလော့ဂါတယောက်ရဲ့ သွင်ပြင်ရုပ်ဆင်အင်္ဂါများကို တင်ပြပေးချင်ပါသည်။ ထိုဘလော့ဂါသည် ပိန်လိုက်သည်မှာ အရိုးတွင် အရေပြားတင်ထားသော ရုပ်သွင်အင်္ဂါဖြစ်ပေသည်။ ကျွန်ုပ်တို့ ရွှေပြည်ကြီးတွင်ခေါ်သော အဆိုအရ ဆိုရလျှင် ခြေသလုံး စမုတ်တံသာ ဖြစ်ပေသည်။ ဒါပေမဲ့ အပြောကတော့ မိုးထိအောင် ပြောတတ်ပေသည်။ ထိုအပြင် သူသည် ကျွန်ုပ်အထင် တောသားတယောက်သာ ဖြစ်ပေမည်။ အဘယ်ကြောင့်ဆိုသော သူသည် ဖုန်းကိုလဲ သေချာမပြောတတ်ဟု မကောင်းကင်ပြာဆီမှ သတင်းရပါသည်။ ဖုန်းပြောလျှင် ရန်စကားအမြဲပြောပြီး အလိုလိုနေရင်း ရန်ရှာနေတတ်သူသာ ဖြစ်ပေသည်။ အပြင်တွင်တော့ ကွမ်းလေးစားလိုက် ရေလေးသောက်လိုက်နှင့် လေကြောတည့်သည်ဟု သိရပေသည်။
သူသည် ဒီဇိုင်းပညာရှင်တဦးလဲဖြစ်ပေသည်။ ငယ်စဉ်ကတည်းက ဒီဇိုင်းပိုင်းကို ၀ါသနာပါခဲ့သည်ဟုသတင်းရပေသည်။ ဘယ်လောက်များဝါသနာပါလဲဆိုလျှင် ရွာတွင် အိမ်သာတက်နေစဉ် ဒုတ်တချောင်းနှင့် ပုံထိုင်ဆွဲနေတတ်သည်ဟူ၍ ဖြစ်ပေသည်။ ကျောင်းစာဆိုသည်မှာ သူ၏စာအုပ်ထဲတွင် မရှိပေ။ စာအုပ်ထဲတွင် ရှိသည်ကာ ကြောင်ခြစ်၊ မျောက်ခြစ်လက်ရေးများနဲ့ ပုံတွေသာ ဖြစ်ပေသည်။ ယခုလဲ သူသည် နာမည်ကျော် ဖြတ်၊ညှပ်၊ကပ် ဆရာကြီးတဦးဖြစ်နေပေပြီ။ ဤကျွန်းသာသာရှိသော နေရာလေးတွင် ပွဲလမ်းသဘင်လုပ်ချင်သော ဖိတ်စာများကို ဆောင်းဆောင်းဟူခေါ်သောလူတွင်သာ အပ်ကြရပေသည်။ တလောကမှ ဘလော့ဂါကလေးအဖေကြီး ကိုသီဟသစ် ဆိုသူရဲ့မွေးနေ့ဖိတ်စာကို ရိုက်ထုတ်ပေးလိုက်လေသည်။ ယခုလဲ ဆိုက်ပရစ်ဆိုသည့် နိုင်ငံငယ်လေးမှ အလည်ရောက် ဒုက္ခလာပေးသော ကိုဖိုးစိန်ဟူသော အကို၏ ပြဇာတ်ကို မြန်မာပနဆူလာ ပလာဇာတွင် ပိုစတာချိတ်ဆွဲရန် ဆောင်းဆောင်း၏ ဒီဇိုင်းလုပ်ရာ အယ်ဂျူနစ်လမ်းရှိ အိမ်တွင် သွားအပ်ထားလေသည်။
ထို့အပြင် ဆောင်းချမ်းမိုးဟူသော နာမည်ကို အဘယ်ကြောင့်ယူသနည်းဟု မေးမိသောအခါ ပြန်ဖြေသည်ကား ကျွန်ုပ်တို့ ထင်ထားသလိုမဟုတ်ပေ သူ၏မိခင်သည် သူ့ကို ဆောင်းရာသီတွင်မွေးဖွားပေးခဲ့ခြင်း၊ သူ၏ကောင်မလေးနာမည်တွင် ချမ်းဆိုသော စကားလုံးပါခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။ မိုးကို ထည့်ရခြင်းအကြောင်းရင်းက ထူးဆန်းသည်။ သူသည် မိုးရာသီကို အရမ်းချစ်သူ တယောက်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော သူ၏ ပိန်လှီနေသော ခန္ဓာကိုယ်အတွက် အ၀တ်အစားများသည် အလွယ်တကူ ရှာမရတတ်ချေ အားလုံးသည် ဆိုဒ်များ ကြီး၍ ပွပွရောင်ရောင် ဖြစ်နေတတ်ပြန်သည်။ ထိုအတွက် သူသည် မိုးရာသီရောက်မှ အ၀တ် ၀ယ်ထွက်ပါသည်။ မိုးရေထဲတွင် ရေစို၍ အသားနား(တကယ်တော့ အရိုးနား)ကပ်နေသော အင်္ကျီစများကို ကြည့်ပြီး သူအရမ်းပျော်ရွှင် ပီတိဖြစ်နေတတ်ပေသည်။ ထိုကြောင့် သူ၏ဘလော့ဂါနာမည်ကို ဆောင်းချမ်းမိုး ဟူ၍ ပေးခဲ့ခြင်း ဖြစ်ပေသည
နာမည် ကပွဲမင်းသားနာမည်ပါ...
ReplyDeleteခြေသလုံးက ပလွေရိုး....
ကိုယ်တွေလို လူချောလူလှ နာမည်ကြီး ပေါ်ပြူလာ ကို မနာလို ဖြစ်တာလောက်တော့ ကိုယ်တွေက စင်ပေါ်ကပဲလို့ ပြောချင်ပါတယ် မောင်ဆောင်းရေ...
မကျေနပ်က ဖဲ့နိုင်ပါတယ်... ကျုပ်လဲ အချက်အလက် ရှာနေပါတယ်... ဖဲ့မှာပါ
ပေါ်လေးရေ... ဒီလိုပဲ အပင်မြင့်ရင် လေတိုက်ခံရပါတယ်.. များများသာဖဲ့ပြီး ခွင့်လွှတ်လိုက်ပါ..
ဘာဖြစ်ဖြစ် ပေါ့်ကို စိန်ချစ်တယ်နော်...
ပေါ့်ဖက်က ရပ်တည်မှာပါ...
ချစ်တဲ့
စိန်
ကျွန်တော် မောင်ဖန်သကြိုးအား
ReplyDeleteမှိုချိုးမျှစ်ချိုးရေးလိုသူများ ဆက်သွယ်ပါ။
အထင်နဲ့တော့ မရေးပါနှင့်။
ငယ်ကျိုးငယ်နာ မှန်သမျှ ကိုယ်တိုင်ပြောပြပါမည်။
တောင်ပေါ်စိန်ကင်းမာလိန်ခွက်ကြန်ရီနိုဘိုသီ
ReplyDeleteအားလုံးသတ်တိရှိရင်ထွက်ခဲ့ပါ..
ဗလတော့မရှိဘူး ဇရှိတယ်
သိုင်းတော့မတတ်ဘူး.. ဓါးထိုးပက်စက်တယ်နော်
အဖော်မလိုဘူး အပြေးသန်တယ်
မကျေနပ်ရင် ညနေစီတီးဟောဘောလုံးကွင်းထဲလာခဲ့ပါ
တွေ့ကြသေးတာပေါ့တောင်ပေါ်ရာ..
သတ်တ၀ါအားလုံးကျမ်းမာချမ်းသာကြပါစေ
ဆောင်းချမ်းမိုး
လူဆို တာ အမှန်တောင်းပြောရင် လက်မခံဘူး..း)
ReplyDeleteညီငယ်
အဆိပ်ခွက်
အော် လက်စသတ်တော့ ဖဲ့ပွဲ ကြီးကို စလုံးကလူတွေကိုပဲ သီးသီးဖဲ့တာနော် :)
ReplyDeleteအောင်မလေး
ReplyDeleteသူက တဂ်လိုက်သေးတယ်
အားလုံး မျောက် အုန်းသီးရသလိုတော့ ဖြစ်ကုန်တော့မှာပဲ
ဝေးဝေးနေမှ :P
အင်း....
ReplyDeleteနောက်ထပ် ဘယ်နှစ်ဖဲ့  .. ဖဲ့ နေကြအုံးမှာလည်း ..
ဖဲ့နေရတာ ကြာပါတယ်
တခါတည်း အမှုံ့  ဖြစ်အောင်သာ ထောင်းလိုက်၊ကြိတ်လိုက် ကြပါ .....
( စလုံးလာပြီး ၊ ငြုတ်ဆုံ ငှားစားမယ် ၊ ကြိတ်ဆုံဆိုင် ဖွင့်စားမယ်... )
ဟုတ်ပါပြီ..စိတ်ချမ်းသာရင် ဆက်သာဖဲ့ကြပေတော့.
ReplyDeleteဖြစ်ကြပုံများ မပြော မပြောချင်တော့ဘူး။
စောစောက တီဝါ ပို့စ်တ၀က်ပြန်ဆေ့ဗ်လိုက်တာ.း))
ကလေးတွေကြားထဲ လူကြီး ၀င်မပါတာပဲကောင်းပါ
တယ်။း)
ကျန်းမာပျော်ရွှင်စိတ်ကြည်လင်ကြပါစေ။
တီဝါ
ငါ့ အမျိုးသမီးကို ခလေး မွေးခိုင်းလိုက် မော်ဒယ် လုပ်ခိုင်းလိုက်နဲ့ ကွန်ပြုတာကီးဘုတ်များ မှတ်နေကြလားကွဟေ။ ဒီမှာ မိတ်ဆွေ ပုပ်လို့ပေါ် ဟုတ်လို့ကျော်တဲ့ ။နိုင်ငံကျော် တယောက်ကို မောင်ရင် ရေးမယ်ဆိုရင်တော့ ၀မ်းသာလိမ့်မယ်မထင်ပါနဲ့။ အချီးကျူးခံနိုင်တယ် အဝေဖန် မခံနိုင်ဘူး ကိုယ့်လူ။ ဒီအတွက် ကိုယ့်လူ ပိုစ့်ကို ကာကွယ်ရလိမ့်မယ်။ကိုယ့်လူ ချဲလင့်ကို အွန် လိုက်ပြီ။ ပ၀ါမကူ ရေမရှုကြေးပေါ့။
ReplyDeleteကိုယ့်လူရဲ့ သဝေထိုးရကောက်တ၀မ်းပူမရေးချာ
အဟက်.. မဆက်ရင်ကောင်းမယ်.. .သိသာလွန်းလို့...း)
ReplyDeleteဖဲ့ပွဲကြီးကို စောင့်ဖတ်မယ်ဗျာ. တိုင်နဲ့ခေါင်းနဲ့. ဖဲ့ကြမယ်ဟေ့ ကောင်းကောင်း.။
ReplyDeleteခင်မင်လျှက်
ညီညီ(အနာဂါတ်သံစဉ်)
ကဲကဲ ဖဲ့ကြတဲ့ ပွဲတွေမှာ ပြာ့ နာမည် မပါအောင် ရေးကြပါ...ရေးကြပါ...ပါအောင် ရေးတဲ့သူတွေ တသက်လုံး တာဝန်ယူ ရမဲ့ အကြောင်း လာပြော...ပါဒယ်....
ReplyDeleteအင်း
ReplyDeleteမျောက်စိန်က ဒီမှာ ပေါ့်ကို ချစ်တယ် လာပြောထားတယ်။
သေပီသာမှတ်..
မျောက်စုတ်ကို ဖဲ့ကို ဖဲ့အုံးမယ်....
မိုးကုတ်သားရဲ့ နှင်းမဟုတ်သော ဆောင်းကို ဖဲ့ကြသူများ “နှင်း” အစား ဂလဲ့စား ပြန်ချေမည်။
ဒါပဲ
ဘလော့ဂါကိုကိုတွေရဲ့အဖဲ့ပွဲပြီးရင်
ReplyDeleteဘလော့ဂါမမတွေရဲ့အဖဲ့ပွဲလေးတွေကို
ပါဆက်လက်စောင့်မျှော်နေပါကြောင်း
ဟီး....မြှောက်ပေးတား)
အင်.. ပိုပိုပြီးကို ထိလာတာ.. ဆက်သာရေး ကိုတောင်ပေါ်ရေ သဘောကျလွန်းလို့.. :) ဒါမှ အစစ် (သရော်စာ အစစ်လို့) :P
ReplyDeleteနာ့လဲဝေးရာပြေးပြီ
ReplyDeleteအမည်မသိ
တွေ့ကြပြီပေါ့....ဘလောက်ဂါကိုကိုမမ ဦးဦးဒေါ်ဒေါ်တွေ... ဒါဗြဲ....သိချင်ရင်စောင့်ဖတ်...
ReplyDeleteအတက်ဂ့်ခံလိုက်ရပြီပေါ့လေ။
ReplyDeleteအဲဆိုတော့လည်း မဖဲ့ချင်ပဲ ဖဲ့ရတော့မှာပေါ့လေ။
သတိသာ ထားကျပေးတော့ဗျို့.....
မျောက်အုန်းသီးရ၍ ပျော်နေပါသည်။
ခင်တဲ့ ရီနို
ပထမပိုင်းဖတ်ပြီး နားမလည်ဘူးဖြစ်နေတာ ထင်တော့ အထင်သား ဒီညီအစ်ကိုတွေ ငယ်ကျိုးငယ်နာတွေ ဖော်နေကြတယ်ဆိုတာ ... ပျော်စရာကောင်းပါတယ် .....
ReplyDeleteခင်တဲ့
ရန်ကုန်သား :))
ဖဲ့မဲ့ဖဲ့တော့များများပဲ့အောင်ဖဲ့နော်(ကလေးများကိုမြှောက်ပေးနေသည်)
ReplyDeleteဆောင်းချမ်းမိုးနဲ့ ချကြကတည်းက တစ်ခုခုတော့ လွဲနေပြီလို့ ထင်လိုက်တာ။ ဟိုတစ်နေ့ကတင် ဓာတ်ပုံတွဲရိုက်ထားပြီး ဘယ်နှယ့်ဖြစ်တာလဲလို့။ အင်း ထင်တဲ့ အတိုင်းပဲ။ :D
ReplyDeleteပျော်စရာကြီး...စောင့်ဖတ်မယ်..။
ReplyDeleteတို့လဲဖဲ့ချင်တယ်ဟ လုပ်စမ်းပါဦး ကြည့်မရတဲ့သူ တော်တော်များနေလို့.. ဟီး
ReplyDeleteအစောကြီးထဲက လုပ်ပွဲကြီးဆိုတာ ထင်နေတယ်
ReplyDeleteအဲဒါပဲကောင်းပါတယ်ဗျာ ဘ၀ခဏလေးမှာ အားလုံး ခင်ခင်မင်မင်ပေါ့
နားလည်မှုရှိဖို့လိုတယ်နော်း))
ReplyDeleteဖဲ့ပြီးရင် မရွဲ့သွားစေနဲ့။ ပဲ့သွားတာကိုတော့ဆေးကုလို့ရသေးတယ်။
ဘလော့ဂါဆိုတာ မောင်နှမတွေလိုပါပဲ။
အဆင်ပြေပျော်ရွှင်ကြပါစေ။