Saturday, December 5, 2009
အမှန်အကန် ပြောသည် ဖဲ့သည်
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော ယခုစာကို သင်မဖတ်ခြင်းသည် သင့်အတွက် ပိုမိုအကျိုးရှိလိမ့်မည်ဟု ကျွန်ုပ် ထင်မြင်ပါသည်။ ယခုရေးသောစာသည် ကျွန်ုပ်၏ခံစားမူများသာ ဖြစ်ပေသည်။ တဖက်သားကို ထိခိုက်စေမိသော၊ အပြစ်လုပ်မိသလိုဖြစ်သွားသော် အားလုံးသည် ကျွန်ုပ်တဦးထဲတွင်သာ တာဝန်ရှိပေသည်။ ယခုစာသည် ဝေဖန်ရေးဆိုသည်ထက် (ကျွန်ုပ်၏ ၀ါသနာအရသော်လည်းကောင်း မကျေနပ်ချက်များကြောင့်သော်လည်းကောင်း ကျွန်ုပ်အမြင် မကြည်သူကို ပေါ်ပေါ်တင်တင် ပြောဆို ပြစ်တင်ခြင်းသာ ဖြစ်ပေသည်)မကောင်းသော အမြင်၊အပြစ်များကိုသာ ရေးသားထားခြင်း ဖြစ်ပေသည်။ ကြိုတင် ပြောကြားလိုသည်မှာ ယခုစာနှင့်ပတ်သက်၍ သင်တို့မကြိုက်သော၊ မနှစ်မြို့သော် စိတ်ကြိုက် ပြောနိုင်ပေသည်။ စိတ်ကြိုက်ဝေဖန်နိုင်သည်။ စိတ်ကြိုက်ပြန်ဖဲ့နိုင်သည်။ သေချာသည်ကတော့ ကျွန်ုပ်သည် (ပုန်းကွယ် တိုက်ခိုက်ရသည်ကို မနှစ်မြို့သူတဦးဖြစ်သဖြင့် ကျွန်နော် ထိုသူတဦးတယောက်ကို မကျေနပ်ပါ အမြင်မကြည်ပါဟု တိုက်ရိုက် သိစေလိုသောကြောင့် ဖြစ်ပေသည်) သူတပါးလို့ အမည်မသိ ခိုးကြောင်ခိုးဝှက် လုပ်လေ့မရှိသော ကိုယ့်ဟာကို သာမာန်လူတွေထဲက သာမာန်လူတယောက်သာ ဖြစ်ကြောင်း ၀န်ခံပါသည်။ (လူဆိုသည့်အမျိုးသည် ကိုယ့်အပြစ်ကို မမြင်တတ်သော သူတပါးအပေါ်တွင်သာ အပြစ်ရှာကြံမြင်တတ်သူများဖြစ်သဖြင့် အကယ်၍ ကျွန်နော့်အပေါ်တွင်လည်း မကျေနပ်သည်များရှိက အမြင်မကြည်သည်များရှိက ပေါ်ပေါ်တင်တင် ပြန်လည် တိုက်ခိုက်နိုင်သည်ဟုလည်း ဒီနေရာမှ အသိပေးလိုပါသည်။ ထိုမှသာ ကျွန်နော်၏ အပြစ် အနာအဆာများကိုလည်း သိနိုင်မြင်နိုင်ပေမည် ဖြစ်လေသည်။) ထိုအတွက် ကျွန်ုပ့်ကို ပြန်ဖဲ့ချင်လျှင်၊ ဝေဖန်ချင်လျှင် နာမည်ရင်း၊ လိပ်စာမှန်များနှင့် ဝေဖန်ကြလိမ့်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။
ယခု ကျွန်ုပ် ဝေဖန်၊ကဲ့ရဲ့လိုသူမှာ (ဘလော့ဂါမမများအကြားတွင် မကြာမှီကမှ သားကလေးမွေးဖွားထား၍ ရေပန်းစားနေသော) အားမာန်သစ်(ဘလော့ ပိုင်ရှင် သီဟသစ်ဆိုသူပင် ဖြစ်ပေသည်)ဆိုသော ဘလော့ဂါကို ရေးသားသူ သီဟသစ်ဆိုသော ဘလော့ဂါဆိုသူ တယောက် အကြောင်းပင် ဖြစ်ပေသည်။
လူတိုင်းသည် တချိန်ကြလျှင် အိမ်ထောင်ပြု၊ အနှောင်အဖွဲ့နှင့် နေချင်ကြပေသည်။လူတိုင်းသည် ကိုယ့်အိမ်ထောင်ကို တည်မြဲစေလိုကြပေသည်။ ထိုကြောင့်လူငယ်ဘလော့ဂါအများစုမှာ အိမ်ထောင်ပြုထားသူ အကိုများ၏ အတွေ့အကြုံကို မေးမြန်းကြလေသည်။ သို့ပေမဲ့ ထိုသူသည် သိချင်သောကိစ္စများကို သေချာမဖြေပဲ ဝေ့လည်ကြောင်ပတ်ဖြေတတ်ပေသည်။ သူပြောနေသော စကားတခွန်းရှိပေသည်။ ထိုသည်မှာ "အိမ်ထောင်ပြုသည်ဆိုသည် ဂျင်းတက်အခွံနွာရသည်လောက် မခက်ခဲ" ဟူ၍ ဖြစ်ပေသည်။ ဒါပေမယ့် ကျွန်ုပ်တို့ မျက်မြင်ကိုယ်တွေ့မှာ ထိုသူသည် လေသာကျယ်၍ တကယ်တမ်း မိန်းမ စိတ်ကောက်မှာ အလွန်စိုးရိမ်ကြောင့်ကြသူဖြစ်ပေသည်။ ဖုန်းလာလျှင်ပင် ကျွန်ုပ်တို့အနီးမှ ဖယ်ခွာ၍ တိုးတိုးတဖုံ ခေါင်းတညိတ်ညိတ်လုပ်၍တဖုံ ပြောတတ်ပေသည်။ထို့ကြောင့် ကျွန်ုပ်သည် ထိုသူနှင့် တွေ့လျှင် လေသာရှိ၍ အဆံမရှိသော သင်္ကြန်အမြှောက်ကိုသာ ပြေးမြင်မိလေသည်
ထိုအပြင် ထိုသူသည် လူအများကြားစကားဖောင်ဖွဲ့ပြောဆိုနေလျှင် အလကားနေရင်း ရီမောနေတတ်ပြန်သည်။ ထို့ကြောင့် ထိုသူသည် အူကြောင်ကြောင်နိုင်သူဟု ကောက်ချက် ချမိသည်။ အကယ်၍ စာဖတ်သူသည် ထိုသူနှင့် ဆုံတွေ့စရာ ကိစ္စရှိသည်ဆိုပါမူ တကိုယ်လုံး အကာအကွယ် ယူထားသင့်သည်ဟု ကျွန်ုပ် အကြံပေးလိုသည်။ (ထိုသူနှင့်စကားပြောဆိုလျှင် ကိုယ့် တကိုယ်လုံးကို အကာအကွယ်ယူထားမှသာ သင့်တော်ပေသည်။) အဘယ်ကြောင
35 comments:
  1. အို ..ဘာတွေ ဖြစ်နေကြ ပြန်တာလည်း
    အသင် ဘလောဂ် လောကကြီး ....၊ :?????? :(
    မုန့် လေး တဖဲ့ လောက် ကျွေးပါ ၊ ဆရာ ပေါ်ပေါ် ရေ ..
    လာကြဟေ ၊ လဖက်ရည် ဆိုင်ကို သွားကြ ပါစို့ လေ ..
    ReplyDelete
  2. တောင်ပေါ်
    ငါအလှည့်ဘယ်တော့လဲဟင်။
    ဘုရားးး ဘုရားးးး
    ကံမြင့်အုန်းမှဘဲ
း)))
    ReplyDelete
  3. တောင်ပေါ်သား..
    မင်းအဲလိုတော့မဖဲ့သင့်ဘူးကွာ..
    ကိုသီဟကလည်း လူပဲကွာ.. လူဆိုတာ ဒီလိုပဲလေ..။ မင်းနားလည်သင့်တာပေါ့..။ တကယ်တော့ လူတိုင်းမှာ အပြစ်မကင်းကြဘူးလေ..။ ဝေဖန်တိုင်းကောင်းတာမဟုတ်သလို လူတိုင်းကိုသာ ဝေဖန်နေမယ်ဆိုရင်.. မင်းရော အဝေဖန်ခံနိုင်လား..။ မင်းရော အဖဲ့ခံနိုင်မလား.. ။ ကိုယ့်လူ.. မကျေနပ်ရင် တိမ်ပေါ်တက်ခဲ့..။ မင်း ပို့စ်ကို အစာမကြေလို့ အိပ်မပျော်ပဲ ထရေးလိုက်ရတယ်..။ ငါလဲ မကျေနပ်ဘူး.. ဒါပဲ။
    ReplyDelete
  4. ဟ .. ဟ ..
    ဆရာပေါ် .. စိတ်ကိုထိန်းဗျ ..
    မကျေနပ်ရင် ချောင်းသာရိုက် .. ဗလကြီးလဲ ချောင်းရိုက်လို့ကတော့ ဘာခံနိုင်မလဲနော် .. ကျနော်လဲ ဆရာပေါ်ကို မကျေနပ်ရင် ချောင်းရိုက်ဖို့ အစီအစဉ် ရှိသဗျ .. ဟီးဟီး .. =P
    ( ကန်တော့ ကန်တော့ .. ဆရာကို ဒီလိုပြောလို့ ငရဲကြီးတော့မှာပဲ .. ဒါပေမယ့် ငရဲကြီးတော့ ငရဲလေးနိုင်တာပေါ့နော့.. =P )
    ReplyDelete
  5. အဲဒီလိုဝေဖန်ကြေးဆို ပြောစရာတွေက အများကြီး။ ခုလို မျက်မှန်စိမ်းချွတ်ပြီး ရေးတော့လည်း လောကကြီးက ဘယ်လောက်ရွံ့စရာကောင်းတယ်ဆိုတာ သိရသပေါ့ကွာ။ မကျေနပ်တာကို ထပြောရဲတာကိုတော့ လေးစားသဟေ့။
    အရိုက်ခံရမှာတော့ မကြောက်နဲ့ ဟေ့ကောင်၊ ကိုသီဟသစ် သတ္တိ ငါကောင်းကောင်းသိတယ်။ အဲ.. ကျန်တဲ့ ဘေးကကောင်တွေပဲ ထုံးစံအတိုင်း ထအော်ကြမှာ။
    (ငါလည်း ရေးပါဦးမယ်။ တချို့လူတွေအကြောင်း)
    ဖိုးသင်္ကြန်
    ReplyDelete
  6. ဖတ်ရသလောက်တော့ နောက်နေတာပါ... ဘယ့်နှယ်ကြောင့် စာဖတ်သူတို့ အတည်ပေါက်တွေ ယူနေကြသလဲ....... ဒါနဲ့ ကိုတောင်ပေါ်...း).. အရေးအသေားတွေ ဆင်ခြင်ပါ... အခုတလော ဘလော့ခ်လောကရဲ့ နာမည်ရ ဘလော့ခ်ဂါတစ်ယောက်နဲ့ အရေးအသားတွေ တော်တော့တော်တော့တော်တော့ကို ဆင်တူနေပါတယ်...း)
    ReplyDelete
  7. ကျုပ် မောင် ၂ယောက်တော့ အဖဲ့ ခံရပီ...ဂွတ် LUCK မောင်ပေါ်...အိုင့်အလှည့် ဘယ်တော့လဲ စောင့်မယ်....
    ReplyDelete
  8. လျော့လျော့လုပ်ပါ ဘော်ဒါကြီးရေ့ .. ကလေးတွေလဲ မဟုတ်ဘဲနဲ့ ..
    ပျော်ရွှင်ပါစေ
    ReplyDelete
  9. Dလူနဲ့ Dလူ Dလိုရေးတော့ Aထင်အမြင် လွဲစရာတွေ ဖြစ်ကုန်တော့မှာပေါ့...
    စိတ်လျှော့ ကိုယ့်လူ စိတ်လျှော့...
းဝ)
    ReplyDelete
  10. ဘယ်လိုတွေဖြစ်နေတာလဲ... ဖိုက်နေကြပါလား.. ဝါသနာပါတယ်.. ထိုင်ကြည့်ဖို့ :P
    ဘယ်သူမှားလဲ ဘာလဲ ဆိုတာ.. တော့ မသိပင်မဲ့
    ကျနော် သိတာ တခုတော့ရှိတယ်... နောက်မှပေါ့ ..း) ပိုစ်လေး ရေးပေးမယ်...
    ညီငယ်
    အဆိပ်ခွက်
    ReplyDelete
  11. ဒီမယ် မောင်ရင် တောင်ပေါ်
    မောင်ရင်က ကိုယ့်ကို ဒီလိုဖဲ့သကိုး။ အဲဒါကိုမကြိုက်ပေမယ့် နောက်ကျောကို ဓါးနဲ့ထိုးတဲ့လူတွေနဲ့စာရင် ပေါ်တင်ရှေ့က သေနတ်နဲ့ပစ်တဲ့ မောင်ရင့်ကို မသိမသာ လေးစား၏။
    ဒါပေမယ့်ကိုယ်က ကြည်ကာအင်္ကျီ ဝတ်ထားတယ်လေ။
    တွေ့ကြသေးတာပေါ့မောင်ရင်..
    မောင်ရင့်ကို ဖြေရှင်းပြန်ဖဲ့ လုပ်ရင်း ဖဲ့ချင်တဲ့သူ ပေါ်လာရင် ပေါ်တင်ပြန်ဖဲ့မယ် ဒါပဲ.
    ReplyDelete
  12. ဟေ့...........ဖဲ့ကြ ဖဲ့ကြ.... အချင်းချင်း ပြန်ဖဲ့ပြီး....ဘီယာ နဲ့ မြည်းကြ...သိပ်ပြီးတော့ မပြောချင်ဘူး...........ဒါပဲ...။ NOBODY PERFECT ဆိုတာကို သိတဲ့ ကျွန်ုပ် ကတော့... အသင်တို့ ဖဲ့ကြသော အပဲ့အရွှဲ့များကို ကြောက်၍ လွတ်မည်ထင်ရာသို့ ပြေးးးးးးးးးးးးးးးပေတော့မည်..။း)))
    ReplyDelete
  13. ဘာပြောရမှန်းတောင် မသိဘူး။
    မြန်မာ ဘလော့ခ်လောကကြီး ငြိမ်နေလို့ ထချကြတယ် ထင်တယ်။ ဟားဟား။ :D
    အခု ဘယ်လိုပဲ ချကြချကြ နောက်အနှစ် ၂၀ လောက် ကြာလို့ ပြန်ပြောကြရင်တော့ ရယ်စရာကြီး ဖြစ်နေမှာပါ။ အဲဒီလိုပဲ ထင်တယ်။
    ReplyDelete
  14. သားသားဘာမှ မသိဘူး...
    သားသားဘာဆို ဘာမှ မသိဘူး...
    သားသားသိတာ ချစ်ချစ်ချစ်တဲ့ မောင်ချစ်တဲ့ချစ်ချစ်ရဲ့ မောင့်ချစ်ချစ်ကို ပဲချစ်တယ်..
    ဒါပြဲ
    ပေါ်ရဲ့ ချစ်စိန်
    ReplyDelete
  15. ဟယ်...ငပေါ်...တော်တော့လေ...
    ဟယ်..ဦးသစ်...စိတ်လျှော့.... မလုပ်နဲ့....စိတ်လိုက်မာန်ပါတွေ မလုပ်နဲ့...
    ငပေါ်ရယ်...လျှော်သင့်တာလျှော်ပစ်လိုက်စမ်းပါ...
    သိပ်စိတ်ထဲထည့်မနေနဲ့.... ခွင့်လွင့်သင့် ခွင့်လွတ်လိုက်စမ်းဘာာာာာာ
    ဟိုက တို့တွေထက် အသက်အရွယ်အရဖြင့်လဲ ကြီးတယ်။ ၀ါ အရဖြစ်လဲ ကြီးတယ်.။.. နော့်
    နားလည်ပေးလိုက်ပါ...မလိမ္မာတခါမိုက်လေးမို့ ခွင့်လွတ်လိုက်... ပြန်ပြောမနေနဲ့...
    နှစ်ယောက်လုံး စိတ်လိုက်မာန်ပါတွေ မလုပ်လိုက်ကြပါနဲ့...
    အချင်းချင်းတွေပဲ..ဖြစ်တုန်းက ဖြစ်ခဲ့ကြပြီးပြီပဲ....
    ဖြစ်ပြီးတာတွေကို မေ့လိုက်ပါ...
    အားလုံး ကြေကြေလည်လည်ပေါ့လေ...
    အရင်လို ပြန်သင့်မြတ်အောင် နေပါ...
    ကလေးတွေ ကလေးတွေ မပြောချင်ဘူးနော်...ဟွန်းးဟွန်းးး... :P
    ကျွန်ုပ်စိတ်ညစ်တယ်.။... ဟူးးးးးးးးးး
    :P
    ReplyDelete
  16. တောင်ပေါ်သားတွေက အဲဂလို ပွင့်လင်းပါတယ်။ ကြိုက်ရင်ကြိုက်တယ်။ မကြိုက်ရင် မကြိုက်ဘူးလို့ ပွင့်ပွင်းလင်းလင်း ပြောတတ်ကြတယ်။ စိတ်ထဲမှာ ဘာဟန်ဆောင်မှုမှ မထားတတ်ကြဘူး။ ဒါပေမယ့် တချို့နေရာမှာ ပွင့်လင်းတိုင်းလဲ မကောင်းပြန်ဘူး။
    စေတနာနဲ့ ကိုယ်ပြောပြ ထောက်ပြချင်တဲ့အရာတွေ ပွင့်လင်းလွန်းတဲ့အခါ
    တစ်ဖက်လူအတွက် ဝေဒနာဖြစ်သွားတတ်တယ်။
    တစ်ခါတလေမှာ မျက်စိကို တစ်ဖက်ဖွင့် တစ်ဖက်မှိတ်တာက အကောင်းဆုံးပါပဲ..
    ဘလော့ဂ်ရင်း ပျော်ရွှင်ပါစေ
    ပျော်ရွှင်ရင်း
    ဘလော့ဂ်နိုင်ပါစေ
    နိုင်းနိုင်းစနေ
    ReplyDelete
  17. အော်ကွယ်.... ဒီလောက်ကြီးလဲစိတ်မကြီးကြနဲ့လေကွယ်... အဆင်ပြေတုန်းကတော့...ယောက္ခမသမတ်လောက်နီးနီးချစ်ပြီး...အခုမှမခေါ်မပြောနိုင်တာတွေ၊ ချောင်းရိုက်တာတွေ၊ကျည်ကာအကျီဝတ်တာတွေ. မကောင်းပါဘူးကွယ်... သိပ်လဲမဖဲ့ကြနဲ့.... ပြည်မမှည့်သေးပဲဖဲ့ရင် လက်ညောင်လိုက်ပြီး အနာရွတ်ကျန်မယ်ကွယ့်...
    ဒါဗြဲ....
    ပုံ
    ဏီ(န်)ကင်း
    ReplyDelete
  18. ဘာလို့ မန့်လို့မရတာလဲ
    ReplyDelete
  19. လူတိုင်းက ဟုတ်မှန်တဲ့ အတိုင်ပြောရင်မခံနိုင်ကြဘူး.. ကြက်တူရွှေးပုံပြင်ကိုလူတိုင်းကြားဖူးမှာပါ..
    ပုဏား မရှိတုန်း ပုဏားမ ဖောက်ပြန်တာကို ကြက်တူရွှေးလေးက ဟုတ်မှန်တဲ့ အတိုင်း မလုပ်ဖို့ တားမြစ်ခဲ့ ပင်မဲ့ ပုဏားမ ရဲ့ မကျေနပ်ချက် ငါကို ဆရာလုပ်တယ်.. ဆိုပြီး ကြက်တူရွှေးလေဲးကို သက်ပစ်လိုက်တယ်... မှန်တဲ့အတိုင်းပြောတာဘဲလေ.. ကြည့် အသက်တောင် ဆုံးရှုံးသွားခဲ့တယ်..
    ဒီလိုဘဲ တချို့နေရမှာ အမှန်အတိုင်ပြောသင့်သလို တချို့နေရမှာမပြောသင့်ဘူး...
    “ပညာရှိတို့မည်သည် ဟုတ်မှန်သော စကားပင် ဖြစ်သော်လည်း နားမချမ်းသာတဲ့ စကားမျိုး ဖြစ်နေမယ်ဆိုရင် မပြောဆိုကြပါ .”
    တော်သင့်ပြီး လို့ထင်တယ်..(ကျနော်ကိုပြောတာပါ) ကလေးလာပြီး လေလာကြီးနေတယ်ဖြစ်နေမယ်...
    မဟုတ်ရပါဘူး ကျနော် ပြောပြတာပါ... ကျနော်က လူငယ် ... လူငယ်က လူငယ်စတိုင်လ်နေရတယ်.. လူကြိးပုံစံဖမ်းနေရင် အမြင်ကပ်စရာကောင်းတယ်.. ထိုအတူ လူကြီးဖြစ်ပြီး ကောက်မယ်.. ပေါတောတော ကြီးနဲ့ ဟီဟီဟားဟား ဆို မကောင်းဘူး ပျော်တာက ပျော်တာ တပိုင်းပေါ့... ကျနော်က တော့ အဲလူကို ပြောချင်တာကတော့ ရွှေးသွေး သူငယ်နာ ရင်လူဆေး ဆောင် ထားသင့်တယ်...
    ဒီမှာဘဲရပ်တော့မယ်... ချောင်းရိုက်ခံနေရအုံးမယ်..
    ညီငယ်
    အဆိပ်ခွက်
    ReplyDelete
  20. စာရေးတဲ့ဟန်က တမင်ကြီးကို ပုံတူကူးထားတာဟုတ် :P
    ReplyDelete
  21. စွာလိုက်တာ အဆိပ်ရယ်....း)... ဟိဟိ...
    ReplyDelete
  22. အော်.. ကိုဘရောက်လာပါရောလား..
    ReplyDelete
  23. မောင်ဘ....
    ကိုမောင်ဘ၏ ကောမန့်များကို ကျနော် ဖျက်လိုက်ပါတယ်။ တကယ်၍ ကိုမောင်ဘအနေနဲ့ တဖက်သားကို ပြောစေချင်လျှင် ကိုမောင်ဘ၏ တရားဝင်ဘလော့ဆိုဒ်မှာသာ ပြောဆိုပေးပါ။ တကယ်၍ ကျနော့်ကို ဝေဖန်ချင်တယ်ဆိုရင်တော့ စိတ်ကြိုက် ရေးသားနိုင်ပါတယ်။
    လေးစားလျက်
    တောင်ပေါ်သား
    ReplyDelete
  24. ဒုက္ခော နေ့အိပ်မက်ပြောတာ ကိုအဆိပ်ခွက်ကိုပြောတာမှ မဟုတ်တာ... ကိုတောင်ပေါ်သားစာရေးတာ တမင် sattireလုပ်ထားတာမဟုတ်လားလို့ မေးတာပါရှင်.. ဘယ့်နှယ် နေရင်းထိုင်ရင်း
    ReplyDelete
  25. တောင်ပေါ်သားရေ..
    ဒီပို့စ်လေးကို တီဝါ အခုမှဖတ်ဖြစ်ပါတယ်။
    ဘယ်လိုတွေ ဖြစ်ကြတာလည်း စိတ်တကယ်မကောင်းမိပါဘူး။
    ဘယ်ကနေဘယ်လို ဖြစ်ကြတယ်ဆိုတာ မသိပေမယ့်
    ဒီလိုပြဿနာတွေ မဖြစ်စေချင်ပါဘူးလေ။
    မောင်သီဟကိုလည်း တီဝါအပြင်မှာတွေ့ဘူးတာပဲ သဘောကောင်းပါတယ်။ တချိန်လုံး သူ့အမျိုးသမီးအ
    ကြောင်း စ ,နေ ၊ ပြောနေခဲ့ကြတာလေ။
    တောင်ပေါ်သားကလည်း ရည်မွန်ဖော်ရွေသဘော
    ကောင်းသူ တစ်ယောက်ပါပဲ...ဘာကြီးပဲဖြစ်ဖြစ် ဒီလောက်ကြီး မပေါက်ကွဲသင့်ဘူးလို့ တီဝါမြင်မိပါတယ်။
    အချင်းချင်းတွေ ဒီလိုကြီး မဖြစ်သင့်ကြဘူးထင်ပါတယ်.
    စိတ်လျှော့ပါ..တောင်ပေါ်သားရေ..
    ဘလော့ဂါမောင်နှမတွေ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြစ်စေချင်ပါ
    တယ်။
    တီဝါရေးတာ မှားသွားရင် စိတ်ဆိုးနိုင်ပါတယ်နော်.
    ဖဲ့တော့ မဖဲ့ပါနဲ့ ၊ ဒီလိုအဖဲ့တော့ ခံနိုင်မှာ မဟုတ်လို့ပါ။း)
    မောင်နှမတွေအားလုံးကို ချစ်ခင်စွာနဲ့
    တီဝါ
    ReplyDelete
  26. ဘယ်လိုတွေ ဖြစ်နေကြတာပါလိမ့်။ ဆေးသောက်မှားကုန်ကြတာထင်တယ်။ ဖဲ့မယ်ဆိုတာချည့်ပဲ။ ဒေါသတွေမထွက်ကြပါနဲ့လားဗျာ။ စိတ်ကိုထိန်းကြပါ။ တောင်းပန်ပါတယ်။ ဒါနဲ့ စကားမစပ် ဓါးတွေ ဒုတ်တွေ ပေါက်တူးတွေ ငှားတယ်နော်။ မနက်ငှား ညနေပြန်အပ်။ ငှားရမ်းခကတော့ နှစ်ကျပ်မတ်တင်း။
    ReplyDelete
  27. ဖဲ့မယ်ကွာ ငါ့လည်း ဝင်ဖတ်ရင်းနဲ့ ဖဲ့ချင်လာပြီ ဆွမ်းကြီးဝင်လောင်းသွားမယ်
    ဘယ်သူ့ ကိုဖဲ့ရမလည်း ပြော
    တောင်ပေါ်သားတွေ တောင်အောက်သားတွေ လာမပြောနဲ့ ဖဲ့မယ်ကွာ
    တစ်ယောက်မကဘူး ဘယ်နှစ်ယောက်လာလာကွာဖဲ့မယ်
    လူများလေကောင်းလေပဲ အတူတူဖဲ့တာပေါ့ ဟုတ်ဘူးလား ငါ့ဖဲ့မယ်ပြောတာက အရက်သောက်မယ်ပြောတာနော် တစ်လွဲမတွေးရ ဟဟ
    ReplyDelete
  28. ကျွန်တော် နှာလည်းမစီးဘူး. မသိချင်ယောင်ဆောင်တာလဲမဟုတ်ဘူး. ။ ဘာတွေဖြစ်ကြလည်း လည်း ကျွန်တော်မသိဘူး။
    ကျွန်တော် ဘလောဂ်ထဲကို မရောက်ခင် ကတည်းက ကိုတောင်ပေါ်နဲ့ ကိုသီဟသစ် တို့နဲ့ခင်ခဲ့တယ်. မမိုးခါးတို့ ဂျပန်ကောင်လေး တို့ မိတ်ဆက်ပေးလို့ပေါ့..။ ကျွန်တော် ဘလောဂ် မရေးခင်ကတည်းက ဘလောဂ် ကိုလေးစားလာတာဟာ ထို အချင်း ဘလောဂ်ဂါ မိတ်ဆွေများ အဘယ်မျှ တစ်ဦးကို တစ်ဦး ချစ်ခင်၍ ရိုင်းပင်းကြသည် ကိုပင်ဖြစ်သည်.။ ကျွန်တော် လေးစားရသော ဘလောဂ်ဂါ များ ယခု အချင်းချင်း ဖဲ့ကြကုန်လေပြီ။ ကျွန်တော်တို့ နောက်မျိုးဆက်သစ် ဘလော့ဂါ များ ခြေလှမ်းမစ ခင် ခြေလှမ်းမှား ကြရတော့မှာလားဗျာ။
    ကိုတောင်ပေါ်နဲ့ ကိုသီဟသစ် ကျွန်တော်လေးစားသော ဘလောဂ်ဂါ အစ်ကိုကြီး နှစ်ယောက် ကျွန်တော်တို့ ညီငယ်များ အတွက် ရှေ့ဆောင်လမ်းပြကောင်းများ အဖြစ်လမ်းပြ ပေးကြဘို့ မေတ္တာ ရပ်ခံချင်ပါသည်။
    ကျွန်တော့်ကို ချောင်း၍ မရိုက် ပါနှင့် ရိုက်ချင်လျှင် နေရာ အတိအကျပြောပါ ကျွန်တော် ကိုယ်တိုင် လာရောက် အရိုက်ခံပါမည်.။
    ညီညီ(အနာဂါတ်သံစဉ်)
    ReplyDelete
  29. ဘာမှ မပြောတော့ဘူးလို့နေနေတာ။
    ဘေးကကြည့်ရင်း ကြောက်တယ်လို့ ထင်နေကျအုံးမယ်။
    မပြောမပြီ မတီးရင်လည်း အသံမကြားရသလိုပဲ ဖြစ်နေမှာ
    ကြောက်လို့ ဝင်ပြောရတာပါ။
    အားလုံးထင်ကျတဲ့ အတိုင်းပဲ တောင်ပေါ်နဲ့ ကိုသီဟသစ်
    က တကယ်ကို အပြင်မှာ ခင်ဖို့ကောင်းတဲ့ လူတွေဆိုတာကျနော်လည်း ထောက်ခံပါတယ်။
    လူတွေကတစ်ခါတစ်ခါ ပြောမှ သိကျတာကြောင့် ခုတောင်ပေါ်ပြောနေတဲ့ အရာတွေဟာ ကောင်းတယ်လို့
    လဲ ပြောချင်တယ်။ နောက်တစ်ဖက်လည်းကြည့်ရင်
    အချင်းချင်း ဘယ့်သူ့ကြောင့်မှ စိတ်ဝမ်းမကွဲစေချင်ဘူး။
    ပွင့်ပွင့်လင်းလင်းပြောတာတော့ အကောင်းဆုံးပေါ့။
    ခုလိုတောင်ပေါ် ပွင့်ပွင့်လင်းလင်း ပြောတာကိုတော့
    ၁၀၀ရာခိုင်းနှုန်း ထောက်ခံပါတယ်။ ဒါမှလဲ တစ်ယောက်နဲ့ တစ်ယောက် ညှိုးနှိုင်းလို့ ရမှာပေါ့။
    ပထမတော့ တောင်ပေါ်ပြောတာကို လွန်တယ်လို့တော့ ထင်မိတယ်။
    ကိုသီဟသစ်က တောင်ပေါ်ပြောသလောက်တော့ မဟုတ်ပါဘူးပေါ့။ စိတ်ထဲမှာလဲ မသိချင်ယောင်ပဲ ဆောင်နေလိုက်တယ်။
    ဟိုနေ့ကမှ ကိုသီဟသစ်လုပ်သွားတဲ့ ပုံစံကိုကြည့်ပြီး
    တောင်ပေါ်ပြောတာ မလွန်ဘူးလို့ ကျနော်ကလည်းပြောချင်လာတယ်။
    မောင်နှမတွေအားလုံး တူတူသွားနေကျတာကို နောက်ကနေပြီချန်ခဲ့ပြီ တိပ်တိပ်လေး လစ်ပြန်သွားတယ်။
    စိတ်ထဲမှာတော့ ပြောနေလိုက်မိတယ်။ မိန်းကလေးတွေတောင် မပြန်သေးဘူး သူကယောကျာင်္းရင့်မာကြီး ဖြစ်ရဲ့သားနဲ့ ဒီလိုလုပ်သွား
    တာတော့ မကောင်းဘူးလေ။
    အသက်ကြီးလို့ အကြီးနေရာထားပေမယ့် အကြီးလိုမနေရင်းတော့ ပြောစရာရှိပြောရမှာပဲ။
    စိတ်တော့ မဆိုးနဲ့ ကိုသီဟသစ်ရေ ပြောစရာရှိတာတော့
    ပြောရမှာပဲ။ စဉ်းစဉ်းချင်ချင်နေ.........
    တောင်ပေါ်ရေ ပွင့်ပွင့်လင်းလင်းရေးထားတာကို အားကျမိတယ်။ ညီလိုရေးလို့ ရကြေးဆို အကိုလည်း
    ရေးမိမယ်ထင်တယ်။
    ရီနိုမာန်
    ReplyDelete
  30. ဟုတ်တယ်ဗျာ ကျနော်လည်း မကျေနပ်ဘူး။ ကိုတောင်ပေါ်ပြောလက်စနဲ့မို့ ၀င်ပြောတာ။ ကျနော့်သားလေး ချစ်စရာကောင်းတာ သူ့ပိုစ့်တခုဖြစ်ရောလားဗျာ။ မကျေနပ်ဘူးဗျာ ပြန်ဖဲ့မယ်
    ReplyDelete
  31. ပျော်ပျော်ကြီး ဖဲ့ကြတာပေါ့ကွယ် .. :D:D
    (မရှောင်ရင် လွတ်တယ် .. ရှောင်ရင်တော့ တည့်တည့်သာမှတ် ..) :P
    တွတ်ပီကာတွန်းနဲ့မွှားတွားလို့ :D
    ReplyDelete
  32. ဟုတ်တယ် ဟုတ်တယ် ငါလဲတလက်စထဲမို့ ဝင်ပြောအုန်းမယ်
    သူအဲလိုစားသောက်ပြီး ဘယ်သူမှမသိအောင်ခိုးခိုးပြန်တာကြာပြီကော
    ဟိုတခါ ရေတမာမွေးနေ့တုန်းကလဲ သူ့သယ်ရင်းတွေနဲ့တွေ့ရော ငါတို့ကိုလှည့်မကြည့်တော့ဘူးး
    ကောက်ကောက်ပါအောင်လိုက်သွားတား ))))
    ReplyDelete
  33. သြော်
    မေလေး
    အချွန်နဲ့ မ သေးတယ်
    :P
    ReplyDelete
  34. ကိုတောင်ပေါ်သားရေ မရောက်တာကြာလို့  နေကောင်းရဲ့ လားဗျ .....
    ခင်တဲ့
    ရန်ကုန်သား :)
    ReplyDelete
  35. ပွင့်ပွင့်လင်းလင်း ဝေဖန်ရေးပေါ့။ ကောင်းပါ့။
    ReplyDelete