လွမ်းနေမိဆဲပါ
ဒီအချိန်ဆို ကျနော့်မွေးရပ်မြေမှာ
မြူခိုးတွေဝေနေတဲ့ အချိန်လေးပေါ့
အေးချမ်းလှတဲ့ လေနုလေးတွေကြားမှာ
ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားခဲ့တဲ့
ရင်ခုန်ခဲ့ဖူးတဲ့ အချိန်တွေကို ပြန်တွေးရင် လွမ်းနေမိဆဲပါ.......
မိုးနှောင်းလို့ ဆောင်းအ၀င်
မြူခိုးတွေမှိုင်းနေတဲ့ လမ်းငယ်လေးတွေ
ဘာတွေဘယ်လိုပြောင်းပြောင်း ထာဝရတည်ရှိနေမဲ့
မြင့်မားလှတဲ့ ရှမ်းတောင်တန်းကြီးတွေ
ရင်ထဲမှာ အမြဲလိုလို လွမ်းနေမိဆဲပါ........
ရင်ကိုဆူပွက်စေတဲ့ ရှမ်းအိုးစည်၊ဗုံမောင်းသံတွေ
ဘယ်အချိန်ကြည့်ကြည့် မရိုးပဲလှပစေမဲ့ ရိုးရာမီးပုံတွေ
ဖော်ရွေခင်မင်တတ်တဲ့ သူငယ်ချင်းတသိုက်
ရိုးသားလှတဲ့ ဒို့မြို့သူ၊ မြို့သားတွေ
အမြဲကို တမ်းတ လွမ်းနေမိဆဲပါ.......
လက်ရှိတော့လည်း ယုံကြည်ချက်တွေ မှုန်ဝါးလို့
ပျော်ရွှင်မူတွေ ကွယ်ပျောက်နေဆဲ
အကျဉ်းထောင်မကျတကျ အခန်းလေးထောင့်လေးထဲမှာ
တယောက်ထဲ အထီးကျန်ဘ၀ကို ဆက်လျှောက်ရင်
ပိုင်ဆိုင်တာဆိုလို့ ဒီလက်တော့စ်လေးတလုံး
ဘယ်တော့မှမမေ့ မွေးရပ်မြေကို ထာဝရ လွမ်းနေမိဆဲပါ.......
လေးစားလျက် တောင်ပေါ်သား
18 comments:
ပြန်ချင်ပါတယ်ဆိုနေ သူကလာလာ ဆွပေးနေတယ်။ ဟွန်း
September 17, 2009 at 9:24 AMကိုယ်ပိုင်ဆိုင်ရာ ဒီလေးထောင့်ပေါ်
September 17, 2009 at 9:46 AMမွေးမြေ ဝေးလဲ
ချစ်မြေ လှပစာဖွဲ့ စီမယ်
လူသားအားလုံးထိတွေ့ စေဖို့ ။
ဒီပိုင်ဆိုင်ရာ Screen ပေါ်
တွေ့ ဆုံကြမည် ချစ်ဖွယ်ရောင်းရင်း
သွားလည်ကြမည် ကမ္ဘာ့တခွင်
ငါရဲ့ထီးကျန် ဖြေဖျောက်စေဖို့ ။
အဟီးးးးးးး ဘာရယ်မဟုတ်ဘူး ပိုင်ဆိုင်ရာလေးတစ်ခုရဲ့ အသုံးဝင်ပုံလေး ရေးခဲ့တယ်။
ပြန်ချင်ပါတယ်ဗျို့ ........ လေယာဉ်လက်မှတ်ပေးတော့...ကိုတောင်ပေါ်ကြောင့်ပိုဆိုးသွားပြီ....
ကဲ တိန်..တိန်.. မဟုတ်ဘူးလို့ ...... :P
ကိုတောင်ပေါ်သား မွေးရပ်ကို လွမ်းနေပြီပေါ့
September 17, 2009 at 9:47 AMသိပ်လည်းလွမ်းပြမနေပါနဲ့အုံး ဆရာပေါ်ရေ ...
September 17, 2009 at 10:06 AMသူများတွေ ဖတ်ပြီး တလောကလုံး ရေတွေကြီးကုန်ပါ့မယ် ။။
ပြန်ကြတာပေါ့ ..အဟက် ၂၀၁၀ မေလမှာလေ...
ဘယ်လိုလဲ ... သွားကြမယ်မဟုတ်လား .. မဲရုံ .. အမဲရုံ ..
အသည်းကြားက မဲတပြား ..
ဇီးပြားသာ သွားစားလိုက်ချင်ပါတယ် ...
ကဲ.. အလွမ်းတွေ ပြေစေသတည်းးးး
အချမ်းတွေ ဝေစေသတည်းးးး
အနမ်းတွေ ......အဲ .. .. ဟီးး ဖြစ်ချင်တာတွေ ဖြစ်စေသတည်းးး
ပျော်အောင် စ သွားတယ်နော် ..
လက်ရှိတော့လည်း ယုံချက်တွေ မှုန်ဝါးနေတယ်
September 17, 2009 at 10:25 AMပျော်ရွှင်မှုတွေ ကွယ်ပျောက်နေတယ်..
အကျဉ်းထောင် မကျတကျ အခန်းထောင့်လေးထဲမှာ
တစ်ယောက်ထည်း အထီးကျန်နေတယ်..
ပိုင်ဆိုင်တာကတော့.. ဒီေ၈ျာက်ဂျက်.. ဂျောက်ဂျက်..
အေးပေါ့ဗျာ.. တောင်ပေါ်သားပြေမှ ပိုလွမ်းသွားပြီး
ပျော်ရွှင်ပါစေ
မြူတွေဆိုင်းတဲ့ တောင်ပေါ်သူ...
September 17, 2009 at 10:32 AMပြောမယ် "ဟောင်းဟတ်ဆူ"...
အဲလိုပြောခဲ့သူလေးကို လွမ်းနေတာလား...
းဝ)
နာ့လဲအိမ်ကိုလွမ်းနေတာ တောင်ပေါ်ရေ
September 17, 2009 at 10:51 AMတို့တွေ ဘယ်တို့များမှ ကိုယ်နေချင်တဲ့မွေးရပ်မြေမှာ နေထိုင်ခွင့်ရနိုင်မလဲ........
မိုးခေါင်ဆန်ရှားလို့ သေသွားမယ်ဆိုရင်တောင်
September 17, 2009 at 11:10 AMညိုစစအပြုံးတွေ ချိုချိုမြမြရှိနေတဲ့  ကျွန်တော်တို့  မြန်မာပြည်ကြီး မှာလေ “ငါ့တိုင်းပြည်ကို ချစ်တယ်” လို့ အော်ပြီး
သေသွားချင်တယ် ..........(ရန်ကုန်သား)
ဘာရယ်မဟုတ်ပါဘူး ကိုတောင်ပေါ်သားရာ
ရင်ထဲရှိတာလေးရေးမိသွားတယ် ကိုယ်ချင်းစာ ပါတယ်ဗျာ ....
လေးစားခင်မင်လျှက်
ကတောင်ပေါ် ကျနော်တော့ ကိုယ့်မွေးရပ်မြေလည်း မဟုတ်ပဲနဲ့ အဲ့တောင်ပေါ်မြေနီနီလေးတွေကို လွမ်းပါတယ်။ ရှမ်းစာလေးတွေကိုလွမ်းတယ်။ ပါးအို့နီတဲ့ ရှမ်းမလေးလည်း လွမ်းပါတယ်။ အင်းထဲကိုလည်းလွမ်းတယ်၊ အင်းမုန့်တီလည်း လွမ်းပါတယ်။ ရှမ်းစကားဝဲ၀ဲလည်းလွမ်းပါတယ်။ ဟုတ်ကဲ့ရှင့် ဖြည်းဖြည်းနော်တို့တဲ့ စကားတွေလည်းလွမ်းပါတယ်။ ကူလွမ်းသွားတယ်ဗျာ။
September 17, 2009 at 12:01 PMလွမ်းလွန်လွန်းလို့ လွမ်းနေကာမှ အလွမ်းဓါတ်စာတွေလာကျွေးသွားတယ်
ဟောင်းဟတ်ဆူ ဆိုတဲ့ စကားသံလေးတွေ ချယ်ရီပန်းနဲ့ အတူ ဖူးလိုက် ပွင့်လိုက်နဲ့ အဝေးက လွင့်ပျံ့လာတဲ့ နောင်ပိန်နောင် အသံသဲ့သဲ့လေးက ငါ့သိဥာဉ်ကို ရှမ်းရိုးမက ချောက်ကမ်းပါးထဲ တွန်းချလိုက်သလိုပဲ ဟာကနဲ နဲ့...................
September 17, 2009 at 1:03 PMအလွမ်းတွေပြည့်နေတဲ့မွေးရပ်မြေကို ချစ်သောစိန်ကို အလည်ခေါ်ပါလာဟင်း)
September 17, 2009 at 1:23 PMအလွမ်းတွေ ပိုပြီးပြည့်စုံသွားအောင်
ချစ်တဲ့
စိန်
ခင်ဗျားကဗျာတွေမဖတ်ချင်ဘူး။ဖတ်ရင်တောင်ကြီးနဲ့ရှမ်းပြည် ကိုပြန်ပြန်လွမ်းလွမ်းနေရတယ်။ဒါတောင်ကျွန်တော်က၄နှစ်လောက်ပဲနေခဲ့လို့။အဲဒိမြေမှာမွေးခဲ့တဲ့သူတွေ အတွက်တော့စာနာပါတယ်ဗျာ။ နှိပ်စက်ပတောင်ပေါ်သားရယ် ဟ ဟ.
September 17, 2009 at 1:26 PMလွမ်းတာတော့ တူတူပါပဲ ပေါ်ပေါ်ရယ်..
September 17, 2009 at 2:12 PMနေရာဒေသ နဲ့ လူသာ မတူတာ ရှိမယ်..
လွမ်းတယ် ဆိုတဲ့ ခံစားချက်က ခံရချက် မသက်သာတာချင်းတူတူပါပဲ...
အလွမ်းတွေကိုရေလိုငုံပြီး မျှော်လင့်ချက် ကို စောင်
လိုခြုံထားပြီးခဏ သည်းခံလိုက်ပါဦးလေ
အော်..ကိုတောင်ပေါ်သားတစ်ယောက်လည်း အခုတလော ဘလော့ကာတွေနည်းတူ အမြင့်ဆုံးဒီဂရီရောက်အောင်ကို သတိတွေရနေတော့တာကိုး။
September 17, 2009 at 3:16 PMyu ya
ကိုတောင်ပေါ်က မောရှမ်းပြည်ကြီးကို
September 17, 2009 at 5:07 PMလွမ်းသလို ကျနော်လည်း
ကမ်းရိုးတန်းကြီးကိုလွမ်းတယ်...
အကြောင်းတိုက်ဆိုင်နေသ၍တော့
လွမ်းနေအုံးမှာပဲနော့...
ပင်စိမ်းသီးပိုးထိုး တောင်ကြီးသူမရအောင်ပိုး
ပိုးထိုးချိန်လား တော့မသိဘူး
တောင်ကြီးသူကိုတော့ ကြွေနေမိပြီဗျာ...
:P
သံလွင်ဟီးရိုးကတော့ ၀န်ခံသွားပါလား
September 18, 2009 at 5:08 AMကူညီပေးလိုက်ပါဦး
ကိုလူထွေးကြီးကလည်း လွမ်းနေပါတယ်ဆို ပိုသတိရအောင် လုပ်သွားသေးတယ်နော်
:D
လွမ်းပါ လွမ်းပါ .. :P
ကိုတောင်ပေါ်ရေ...အခြေနေရ မိသားစုနဲ့ ခဏဝေးနေကြရပေမဲ့...အလွမ်းဆိုတာ ရင်မှ ဖြစ်တည်ရာ ဝေဒနာဆိုတော့...ခဏခဏ လွမ်းဖို့ တော့ မတွေးနဲ့ ပေါ့လေ...ကြာရင် လွမ်းနာကျမှာ စိုးလို့ ..:P
September 19, 2009 at 4:27 AMလွမ်းလို့ကောင်းတုန်းပဲလား... ကဗျာလေးခံစားသွားပါတယ်ဗျာ
September 21, 2009 at 10:12 PMPost a Comment