Thursday, August 28, 2008

လွမ်းတယ်…

လွမ်းတယ်…

မေမေကို အရမ်းလွမ်းတယ်
အေးချမ်းတဲ့ မွေးရပ်မြေလေးကို လွမ်းတယ်
ငယ်စဉ်က သူငယ်ချင်းတွေကို လွမ်းတယ်
တောင်ကြီးမြို့က ကျောင်းတော်ကြီးကို လွမ်းတယ်
လေတံခွန် လွှတ်ခဲ့တဲ့ အချိန်တွေကို လွမ်းတယ်
အမေရဲ့ ငါးခေါင်းဟင်းချိုလေးကို လွမ်းတယ်
အမေ့ရဲ့ ချဉ်ပေါင်ရွှက်ကြော်ကို လွမ်းတယ်
မြူတွေအုံ့ဆိုင်းနေတဲ့ တောင်ချွန်းကြီးကို လွမ်းတယ်
တောင်ကြီးတန်ဆောင်တိုင်ပွဲကို လွမ်းတယ်
မီးပုံပျံတွေကို လွမ်းတယ်
မနက်စောစော ရေချိုးရတာကို လွမ်းတယ်
သီချင်းသံလေးတွေနဲ့ လက်ဖက်ရည်ဆိုင်ကို
ဘာမှန်းမသိ လွမ်းကို လွမ်းနေတယ်ဗျာ..

4 comments:

Phyo Evergreen said...

အရမ်းလွမ်းလာအောင်မလုပ် နဲ့လေဗျာ။

September 1, 2008 at 5:02 AM
winlatt said...

အမေကိုလွမ်း
အိမ် အလွမ်း
လွမ်းလိုက်ကြစို့သူငယ်ချင်း...။

September 3, 2008 at 10:45 AM
ပုလုကွေး said...

ဒီလိုပါပဲ. ကျတော်လည်းရောက်စက အမေနဲ့ ရွာကို လွမ်းတယ်. ဒီမှာမပျော်ဘူး. အခုတော့လည်းနေသားကျလာပါပြီး

September 5, 2008 at 8:52 AM
ကြယ်သောကြာ said...

လွမ်းတယ်ဗျာ.. အဲ အမေ သီချင်းလေးတွေ download လိုချင်ပါတယ်ဗျာ ... ကူညီပါဦး...

March 20, 2009 at 11:46 AM

Post a Comment