Saturday, December 19, 2009
အိမ်လွမ်းသူ
ကျနော့်ရင်တွေအရမ်းခုန်နေသည် မခုန်ပဲနေပါ့မလား မွေးရပ်မြေကို မပြန်ဖြစ်သည်မှာ နှစ်ပေါင်းမနဲတော့ပေ။ ခုတော့ ကျနော်ခင်တွယ်သော မွေးရပ်မြေ၊ ချစ်သောအမေ၊ မိသားစုတို့နှင့် တွေ့ရတော့မည်။ ညအမှောင်အောက်မှာ တရိပ်ရိပ်ပြေးနေသော အဝေးပြေးကားကြီးပေါ်မှာ နားကြပ်လေးတပ်ပြီး ဘိုဖြူရဲ့ မွေးရပ်မြေ သီချင်းလေးကို ထပ်တလဲလဲ နားထောင်ပြီး ပျော်ရွှင်နေမိသည်။ မနက်ဖြန်မနက်ဆိုလျှင် ကျနော်နေသော အရပ်သို့ရောက်တော့မည်။ အတွေးများနဲ့ တကိုယ်တည်း စိတ်ကူးယဉ်နေစဉ် ကားဆရာ၏ အော်သံကိုကြားလိုက်ရသည်။ အပေါ့အပါးသွားရန်ခဏနားခြင်း ဖြစ်ပေသည်။ ကားထဲက ဆင်းလိုက်သည်နှင့်တပြိုင်တည်း ညအမှောင်မှာ အေးမြသောလေတို့သည် မောပန်းနေသော လူရဲ့စိတ်ကို အတော်အတန်တော့ လန်းဆန်းစေသည်မှာ အမှန်ပင်.... ဒီလိုနဲ့ ကားပေါ်ပြန်တက် နားကြပ်လေး နားထဲထိုးထည့် မျက်လုံးလေး မှိန်းပြီးလိုက်လာခဲ့တော့သည်။ ပစ္စည်းတွေ သေချာကြည့်နော် ကိုယ့်ပစ္စည်းသေချာပါမပါကြည့် ပျောက်ရင်တာဝန်မယူဘူး..... ဟူသော စပါယ်ယာ၏အော်သံကြောင့် ကျနော်နိုးလာခဲ့သည်။ အချိန်ကိုကြည့်လိုက်တော့ မနက်လင်းအားကြီးချိန် လမ်းခုလတ်မှာ ခရီးသည်တယောက် ဆင်းနေခြင်းဖြစ်ကြောင်းစိတ်က အလိုလိုသိလိုက်သည်။ ဘေးမှာထိုင်နေသော အကိုကြီးကို ဘယ်နေရာရောက်နေပြီးလဲမေးတော့ နောက် ၃၊၄ နာရီလောက်ဆို ကျနော်နေတဲ့ မြို့လေးကိုရောက်တော့မည်ဟု သိလိုက်သည်...
တရိပ်ရိပ်နဲ့ လေအလျင်လား ပြေးလွှားနေသောကားလေးသည် ကျနော်တို့မြို့လေးပေါ်ကိုတက်ရန် တောင်ခြေအောက်နားရောက်တောင်လာပြီ။ ကျနော်စိတ်တို့ကားအငြိမ်မနေနိုင် ကျနော်ချစ်သော တောင်တန်းတွေကို ကြည့်ချင်လာသည်။ ဒါနဲ့ရှေ့ခေါင်းခန်းက ကားစပါယ်ရာထိုင်နေသော နေရာနားသွားထိုင်ပြီး အရှေ့တည့်တည့်ကနေ တောင်တန်းတွေကို တ၀ကြီးကြည့်လိုက်သည်။ဖွင့်ထားသော တံခါးမှသည် ရှမ်းပြည်ရဲ့လေအေးအေးလေးကို ရှူရှိုက်ရသည်ကိုကား ကျနော်လို တောင်ပေါ်သားတယောက်အတွက် ရသတခုပင်မဟုတ်ပါလား... တောင်ပတ်လမ်းလေးအတိုင်း တဖြည်းဖြည်းကားလေးကတက်လာသည်။ ခုဆို အမေလည်းအိမ်ပေါက်ဝက သားပြန်အလာကို မျှော်နေတော့မည်။ သူငယ်ချင်းတွေကတော့ လာကြိုမည်ဟု ပြောထားသည်။ ဒီကောင်တွေတောင် မိန်းမတွေရလို့ ဘာတွေ ပြောင်းလဲကုန်ပြီလဲမသိ..... ပြန်တွေ့မှ အရင်အကြောင်းတွေ ပြောကြရင်း ညှင်းဆဲရဦးမည် အနိုင်ကျင့်ရဦးမည်.......
ကားဂိတ်ကို ကျနော်တို့ကားကြီး ဆိုက်ကပ်လိုက်သည်နှင့်တပြိုင်တည်း မျက်လုံးကဘေးဘီကို လျှောက်ကြည့်နေမိသည်။ Taxi ငှားမလားဟု ဟန်ဆောင်မူကင်းတဲ့ စကားသံဝဲ၀ဲနဲ့ ဦးလေးကြီးများ၏ အသံကိုလဲ ကြားနေရသည်။ စိတ်ထဲမှာတော့ ငိုချင်သလိုလိုဖြစ်မိသည် ဟန်ဆောင်မှုများပြီး အပေါ်ယံပေါင်းတတ်တဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံနေရတာ ဒီလိုရိုးသားတဲ့ လူတွေကိုတွေ့ရတော့ ဘ၀ကိုအားမလိုအားမရဖြစ်မိပြန်သည်။ ထိုစဉ် ကျနော့်ခေါ်သံကို ကြား၍ နောက်လှည့်ကြည့်လိုက်တော့ ဦးထုပ်၊အနွေးထည်အပြည့်အစုံနဲ့ ကျနော်ရဲ့ အခင်ဆုံး သူငယ်ချင်းတွေကို တွေ့ရသည်။ တယောက်နဲ့ တယောက် ပခုံးချင်းဖက်ပြီး ပေါင်းလာသည် ပြောမနာဆိုမနာသူငယ်ချင်းတွေ ယခုတော့လဲ မိန်းမတွေရလို့ လူကြီးစတိုင်တွေနဲ့တောင် ဖြစ်နေပါကောလား...... ထို့နောက် တယောက် အိတ်တလုံးစီ ထမ်းပြီးကားပေါ်တက် အမေ့အိမ်ရှိရာသို့.........
ကားလေးဖြတ်သန်းရာ လမ်းတလျှောက်ကိုကြည့်လိုက်မိတော့ တိုက်တာအဆောက်အဦးတွေက အရင်ကထက် ပိုမိုတိုးတက
22 comments:
  1. ငါ့နှယ် တကယ်ပဲ ပေါ်ပေါ် ပြန်သွားတာလာလို့ထင်လိုက်မိတာလေ။
    ပိုစ့်ကိုများ ရှယ်ဂျူနဲ့ ထားခဲ့တာလာပေါ့။
    အတွေးတွေနဲ့ အိပ်မရပဲ မျက်လုံးပိုကြောင်သွားတယ်။
    တော်တော်ဆိုးတဲ့ အိမ်မက် ပြီအောင်ပဲ မက်ပါတော့လာနာ်။ လွမ်းတာတော့ ပြောမနေပါနဲ့တော့ ငါ့ညီရာ။
    ReplyDelete
  2. ပုံတွေဘာတွေနဲ့ဆိုတော့
    အမှန်ပဲ ရွာပြန်ရောက်ပြီထင်နေတာ
    ဆောင်းအိပ်မက်ရဲ့ ရိုက်ချက်ကတော့ လုပ်ချလိုက်ပြန်ပြီ။
    ReplyDelete
  3. ဒါကိုပဲရေးစေချင်တာပါ.. ကိုတောင်ပေါ်သားလွမ်းတာက ပီပြင်လိုက်တာအဟုတ်.. ဒါနဲ့ တို့ဟူနွေးရော ထမင်းကြော်ရော အကုန်စားတယ်လား.. မနက်စာမှာတင်လေ...
    ReplyDelete
  4. တကယ့်ကိုကြည်နှုးဖွယ် ဆုံတွေ့မှုလေးပဲ။ အမြန်ဆုံးပြန်နိုင်ပါစေဗျာ။
    ReplyDelete
  5. ဦပေါ်ကြီး....
    ရေးချက်ကတော့ထိတယ်ဗျာ
    စိတ်ကူးနဲ့လက်တွေ.အမြန်ဆုံး
    အကောင်ထည်ဖော်နိုင်ပြီး
    တောင်ကြီးအိမ်ကိုအမြန်ဆုံး
    ပြန်နိုင်ပါစေ။ ဒါပေမဲ့တစ်ခဏပြန်ခြင်း
    သာဖြစ်ရင်ပိုကောင်းလိမ့်မယ်
    ငါးစားလျက်
    သံလွင်ဟီးရိုး
    ReplyDelete
  6. အလွမ်းတွေက ပီပြင်တယ် ကိုတောင်ပေါ်သားရေ
    ReplyDelete
  7. ဘယ်အချိန်ကများပြန်သွားသလဲလို့
    ReplyDelete
  8. လွမ်းနေတာလား ညီလေး သံလွင်ပြောသလို
    ခဏတာပဲ ပြန်လာတာ ကောင်းမယ်။
    ငါးကို ပြန်စားလျှက်
    ဖိုးဂျယ်
    ReplyDelete
  9. ဘယ်တုန်းက ပြန်သွားပါလိမ့်ဆိုပြီး ဆက်ဖတ်နေတာ...အဲ့လို စိတ်ကူးအိမ်မက်လေးတွေ လေ...နေ့တိုင်းနီးပါး မက်နေခဲ့မိတယ်...။ ဒါပေမယ့်...မပြီးဆုံးတဲ့ အိမ်မက်ရှည်တွေ အတွက် ခရီးဆက်ရဦးမယ်...အမေ့အိမ် နဲ့ ဝေးနေရဦးမယ်..။
    ReplyDelete
  10. ပြန်ပေါ့ လွမ်းရင် အဟတ်
    ဒီပိုစ့်ကို လေ အရင်ကလည်းတစ်ခါ ဖတ်ဖူးလားလို့ ပါ
    အော် အဲ့တုန်းက ပိုစ့်က တစ်ခြားဟာပါ
    မနက်ခင်း ကနေ စထားတာလေ
    မနက်ခင်းအလှကို ဖွဲ့ ထားတာ
    ကမွတ်ဆိတ် ဟုတ်တယ် ဟုတ်
    ပြန်လိုက်ပါ ခဏလေးဖြစ်ဖြစ် အလွမ်းပြေတာပေါ့
    ReplyDelete
  11. အိမ်မက်လေး ဆက်မက်ပါစေ...မပြန်နိုင်ခင်တော့ အိမ်မက်တွေက အရေးပါနေတယ်နော်..ဆက်မက်ပါ...
    ReplyDelete
  12. မွေးရပ်မြေကို ပျော်ရွှင်မှုတွေ အပြည့်နဲ့ ပြန်နိုင်ပါစေ။
    ReplyDelete
  13. ဖတ်ရင်း လွမ်းမိတယ်ဗျာ။ ကျနော်တို့ ဘဝတွေက ဆိုးတာလား... အိအင်လောဘကြောင့်လား... ဝဋ်ကြွေးလား... ဝေခွဲမရဘူးဗျာ...။
    ReplyDelete
  14. သနားပါတယ်
    တို့ဟူးနွေးလေးတောင် မစားလိုက်ရရှာဘူးး))
    အိမ်ပြန်ပြီး မြန်မြန် အလွမ်းသယ်နိုင်ပါစေး))
    ReplyDelete
  15. ဘိုဖြူသီချင်းကိုနားထောင် ၊ အိမ်လွမ်းသူကိုဖတ် ...
    မပြန်ချင်ဘယ်နေနိုင်ရိုးလဲကွယ် ။။။
    ReplyDelete
  16. ကိုတောင်ပေါ်သား ရေးထားတာ တကယ့်ကို ပြန်သွားတာလားလို့ ထင်မိတယ်။ စာအရေး ကောင်းသလို အိမ်မက်တွေနဲ့ လွမ်းတာလေးကလည်း ပီပြင်လိုက်တာ။ အိမ်မက်တွေ လက်တွေ့အမြန် အကောင်အထည် ဖေါ်နိုင်ပါစေ။ မရောက်ဘူးသေးတဲ့ ကိုယ့်တိုင်းပြန်က ချစ်စရာ ဒေသလေးကို သေချာ လေ့လာသွားပါတယ်။
    ခင်မင်လေးစားလျှက်
    ReplyDelete
  17. ကိုတောင်ပေါ်သားရေ
    အိမ်လွမ်းသူကိုဖတ်ပြီး လွမ်းသွားပြီဗျာ
    အေးဗျာ.. ဘယ်လိုအကြောင်း ဘယ်လိုသဘောလဲ မသိဘူးဗျာ.. ဘယ်နေရာရောက်ရောက်.. တစ်ခါတစ်ခါ မွေးရပ်မြေကို လွမ်းရင် ရင်ထဲ မကောင်းဘူးဗျာ
    လိုအင်ဆန္ဒတွေ ပြည့်ဝပါစေဗျာ
    ခင်မင်စွာဖြင့်
    စည်သူ။
    ReplyDelete
  18. ဘယ်လို ကွန်မန့် ပေးရမှန်း
    မသိလို့ ..
    ဖတ်သွားတယ် ပဲ ပြောတော့မယ် ..
    ဒါပေမယ့်
    စဖတ်ဖတ်ချင်းတော့ကတော့
    တကယ် ပြန်သွားတယ် ထင်နေတာ ..
    ဘယ်တုန်းက ပြန်သွားတာပါလိမ့်ပေါ့ ...
    နောက်မှပဲ .....
    ဟွန်းးးးး ....
    ReplyDelete
  19. same as you cos same home town. I miss home. There is an Old Man & an Old Lady, every day waiting for their home coming son. But I don't know when I can go back again.
    Please post more. Thanks
    ReplyDelete
  20. အိမ်တံခါးဝမှာ မတ်တပ်ရပ်စောင့်နေတဲ့ အမေ မျက်ရည်ကျတယ်ဆိုတဲ့နေရာရောက်တော့ ရင်ထဲမှ ထိ သွားတယ်ဗျာ ။ ကျနော်ပြန်ရင်လည်း မေမေအဲဒီလိုပဲ ဖြစ်နေမှာ သေချာတယ်။
    အမေကိုချစ်သော အဝေးရောက်သားတွေ အိမ်ပြန်နိင်ပါစေဗျာ
    ReplyDelete
  21. ညီလေးပေါ်ရေ
    အိမ်ပြန်ရတာ အဲလောက်မခက်ပါဘူးကွာ။ ကုန်ကျစရိတ်တော့ နည်းနည်းများမှာပေါ့။
    တကယ်ပြန်ချင်စိတ်ရှိရင် ခဏအလည်ပြန်ဖို့ အားပေးပါတယ်။ မပြန်တာ တော်တ်ေကြာပြီ မို့လား.
    ခင်မင်စွာဖြင့်
    သီဟသစ်
    ReplyDelete
  22. ခိုင်လေးMay 4, 2010 at 2:10 AM
    ကိုအိမ်လွမ်းသူရေ ကျွန်တော်လဲအိမ်လွမ်းနေသူတစ်ယောက်ပါ ခင်ဗျားရေးတဲ့ စာလေးကိုဖတ်လိုက်ရမှ ပိုတောင်လွမ်းသွားတယ်ဗျာ.......မွေးရပ်မြေကိုအမြန်ဆုံး ပြန်နိုင်ပါစေဗျာ
    ReplyDelete