Thursday, December 17, 2009

အနာ


မျှော်လင့်ချက်တွေပျောက်ဆုံး တစ္ဆေခြောက်ခံရတဲ့ည
အရာရာကွယ်ပျောက် အမှောင်ဖုံးတဲ့ည
ဘာတွေမှားလို့ ဘာတွေဖြစ်မှန်းမသိခဲ့တဲ့ည
ချိုမြိန်တဲ့ ၀ိုင်တွေကြားမှာ ယစ်မူးခဲ့တဲ့ည

မိသားစုကမ္ဘာ ပျော်ရွှင်စရာတွေ အသက်မဲ့နေဆဲ
တယောက်ထဲ အဖော်မဲ့ ခရီးဆက်နေဆဲပေါ့
နားလည်မူတွေမရနိုင်သေးတဲ့ လူတယောက်
လှောင်အိမ်ထဲက ငှက်တကောင်လို ပျံချင်ရာမပျံသန်းနိုင်တဲ့ဘဝ

ပျော်ရွှင်စရာ ဒီလိုဆောင်းမနက်ခင်း
ပီတိအပြုံးတွေကွယ်ပျောက်
တယောက်ထဲ ငါ့ကို
မာယာများနဲ့လှောင်ပြုံး ပြုံးပြနေလေရဲ့

လောကအတွက် ကောင်းကျိုးမပြု
မိသားစုအတွက် လူပေတေတယောက်
ချစ်ရသူအတွက် ယုံကြည်မူမဲ့စေတဲ့ ပေါ့ပျက်ပျက်လူတယောက်
ဒါတွေကို ဘယ်သူဖန်တီးခဲ့လဲ ကိုယ်တိုင်ကလွဲပြီး ဘယ်သူဖြစ်ဦးမလဲ




လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။




လေးစားလျက် တောင်ပေါ်သား

14 comments:

  1. ဒါကျတော့ ကိုယ့်ဟာကိုယ် ပြန်ဖဲ့တယ်လို ခေါ်မလား :P

    ReplyDelete
  2. အနာမကျက်ခင်လေးပါ.. အနာကျက်ပြီးသွားရင် အားလုံး အဆင်ပြေသွားမှာပါ...း)))

    ReplyDelete
  3. အနာသိရင် ဆေးရှိရမှာပေါ့ဗျာ။ ကျနော်တို့အမြင်မှာတော့ သားလိမ္မာတယောက်။ ပေါင်းသင်းဆက်ဆံရေး ပြည့်ဝသူတယောက်။ ရိုးသားပွင့်လင်းသူတယောက်။ ယောက်ျားကောင်းတယောက်ပဲ။ ဘာပဲဖြစ်ဖြစ် အားတင်းကျော်ဖြတ်ရအောင်ပါ

    ReplyDelete
  4. ရေတမာ ပြောသွားသလိုပါပဲ
    အားလုံးကောင်းပါတယ် ..း)
    အနာဆိုတာလည်း အနာကျက်ရင် ပျောက်သွားမှာပေါ့
    မိသားစုအတွက် လူပေတေတယောက်ဆိုတာကို 100 ရာနှုန်းကန့်ကွက်ပါတယ် ..း))
    လောကအတွက်လည်း တတ်နိုင်သလောက်ပဲ အကျိုးပြုနိုင်မှာပေါ့ ..
    ရှေ့ဆက်ရမယ့် အနာဂတ်အတွက် အရာအားလုံး အဆင်ပြေ ပျော်ရွှင်ပါစေး)

    ReplyDelete
  5. ဒီမယ် ကိုတောင်ပေါ်.... (အဟိ အလဲ့)...
    ဘာတွေဒီလောက် ပိန်းပိတ်ကျနေတာလဲ... (ခွိ... စကားပြောရင်သေချာနားထောင် =) )

    ကိုယ့်အစ်ကိုတယောက် ဘာတွေဖြစ်... အေးဆေးပေါ့...

    မေသူ့ အတွက်ကတော့ ကိုတောင်ပေါ်လို့ ပွင့်လင်းပြီး ခင်စရာကောင်းတဲ့ အစ်ကိုတယောက်ပဲ =) ပေါ့ပျက်ပျက်လို့ လဲ မထင်စေ့ချင်... ကိုယ်ကိုယ်တိုင် လုပ်နေတယ်လို့ ထင်နေရင်လဲ အထင်နဲ့ လွဲအောင် ကြိုးစားပေရော့...

    စိတ်ကိုရှင်းအောင်ထား...

    ဂျလိမ်း... ဂျလောင်းး... ပြန်ဘီ =D

    ReplyDelete
  6. တင်္ဒဂ အဆင်မပြေမှုတွေကြောင့် ဒီလိုခံစားနေရတယ်လို့ပဲ ယုံကြည်ပါတယ်။ ဒီလိုပေါ့ဗျာ ဘဝဆိုတာ၊ အဆင်မပြေတာလဲ ရှိသလို၊ အဆင်ပြေတာလဲရှိမှာပေါ့ဗျာ။ အမြင့်ရောက်ချိန်တုန်းက ခံစား၊ စံစားပြီး အနိမ့်ကို ပြန်ရောက်ချိန်မှာလဲ ပြုံးပြုံးလေးပေါ့ဗျာ။ နေဆို အမြဲမပူသလို၊ မိုးကလဲ အမြဲမရွာ နိုင်ပါဘူးဗျ။ တင်းထားစမ်းပါ ယောကျာင်္းပဲ ဒေါင်ကျကျ၊ ပြားကျကျ အလုံးအရပ်တော့ မလျော့သွားပါဘူး။ ရှေ့မှာ မျှော်လင့်ချက်ရောင်ခြည်တွေ တွေ့နေရတယ်ဗျ.. လုပ်ထား၊ ကြိုးစားထား ကောင်လေး ဇွဲမလျော့နဲ့

    ReplyDelete
  7. တင်္ဒဂ အဆင်မပြေမှုတွေကြောင့် ဒီလိုခံစားနေရတယ်လို့ပဲ ယုံကြည်ပါတယ်။ ဒီလိုပေါ့ဗျာ ဘဝဆိုတာ၊ အဆင်မပြေတာလဲ ရှိသလို၊ အဆင်ပြေတာလဲရှိမှာပေါ့ဗျာ။ အမြင့်ရောက်ချိန်တုန်းက ခံစား၊ စံစားပြီး အနိမ့်ကို ပြန်ရောက်ချိန်မှာလဲ ပြုံးပြုံးလေးပေါ့ဗျာ။ နေဆို အမြဲမပူသလို၊ မိုးကလဲ အမြဲမရွာ နိုင်ပါဘူးဗျ။ တင်းထားစမ်းပါ ယောကျာင်္းပဲ ဒေါင်ကျကျ၊ ပြားကျကျ အလုံးအရပ်တော့ မလျော့သွားပါဘူး။ ရှေ့မှာ မျှော်လင့်ချက်ရောင်ခြည်တွေ တွေ့နေရတယ်ဗျ.. လုပ်ထား၊ ကြိုးစားထား ကောင်လေး ဇွဲမလျော့နဲ့

    ReplyDelete
  8. ခု ဆိုးတယ်ဆိုတာ
    ခနနေ ကောင်းဖို့အတွက် ဖြစ်ပါတယ်။
    စိတ်ဓာတ်ကျစရာ မရှိပါဘူး

    ပျော်ရွှင်စွာနဲ့ ဖဲ့ပွဲပြန်ကျင်းပနိုင်ပါရန်...

    ReplyDelete
  9. မလုပ်နဲ့လေ.
    ရင်ထဲက အနာလား ဒါမှမဟုတ် စပ်ဆိုမှုအနာလား..

    စပ်ဆိုမှုအနာ ဖြစ်ပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်

    ခင်မင်စွာဖြင့်
    စည်သူ။

    ReplyDelete
  10. စိုင်းစိုင်းလားရှိုးDecember 17, 2009 at 2:58 PM

    မှားတဲ့ဖက်က ပြေးသတိရလိုက်တယ်

    ReplyDelete
  11. ဘယ်သူမပြုမိမိမှုပဲ ဆိုသလို အကောင်းဖက်ကို ဦးတည်ထားလိုက်ရင် အကောင်းတွေ ဖြစ်လာမှာပဲမဟုတ်လား
    အဆင်ပြေပျော်ရွှင်ပါစေဗျာ

    ReplyDelete
  12. အန်ထားတာတွေကို ဘော်ဒါကဏ္ဍ ၀ိုင်းဆေးပေးတဲ့အနေနဲ့ ကွန့်မန့်လက်ဆောင်ပေးပါတယ်။ အန်သာအန် တောင်ပေါ်သားရေ။ (အဲ.. အပြင်မှာတကယ်ကြေကွဲပြီး တစ်ယောက်တည်းသောက်ပြီးတော့ အန်မနေနဲ့နော်.. ဒီမှာဥသြက ဘယ်လောက်ပေးရလည်း ငါလည်းမသိဘူး)

    ခင်မင်လျှက်...

    ReplyDelete
  13. အနာသိရင် ဆေးရှိမှာပေါ့ ကိုတောင်ပေါ်သားရေ... ကောင်းကျိုးပြုနိုင်ဖို့ ဆိုတဲ့ အတွေးလေးနဲ့တင် အမှန်ကို ပြင်လို့ရနေပါပြီ။ ကိုယ်တိုင်ကြိုးစားရမှာပဲလေ..။

    ခင်မင်လေးစားလျှက်

    ReplyDelete
  14. ဆောင်းတွင်းဆို အနာရင်းတယ် ကိုတောင်ပေါ်သတိထား နော် :P

    ReplyDelete