Thursday, October 22, 2009

လျှာ




လျှာ
တခုထဲပါပဲ ဒါပေမဲ့ ရှုပ်တယ်
စကားတွေ များကြတယ်
ရန်တွေ ပွားကြမယ်
ချိုခြင်း၊ ခါးခြင်းကို ဖန်တီးတယ်
အရသာကို ခံစားတတ်တယ်

လျှာ
သာယာတဲ့ အသံတွေ ထွက်တတ်တယ်
နားဝင်ပီယံ အသံတွေ ပြောတတ်တယ်
ဆုတောင်းသံတွေ အော်ကြတယ်
ရိုင်းစိုင်းမူတွေကို ဖော်ပြတယ်
ညစ်ညမ်းမူတွေနဲ့ ပြည့်နေတတ်တယ်


လျှာ
ဟန်ဆောင်မူတွေ လုပ်ကြတယ်
မူရင်းစိတ်ကို ဖုံးကွယ်ဖို့ သုံးတတ်ကြတယ်
နောက်ဆုံး အဖြေကတော့
လုပ်ငန်းတွေ အများကြီးထမ်းဆောင်ရပေမဲ့
လူတွေမှာတခုထဲရှိတယ်
တခုထဲပါပဲ ဒါပေမဲ့ လျှာ

*** ပုံကို Googleမှ ယူထားပါသည်။ ***



လေးစားလျက် တောင်ပေါ်သား

3 comments:

  1. မကတော့ အစား, စားတဲ့နေရာမှာ ကောင်းကောင်းအသုံးချတယ်။ :-)

    ReplyDelete
  2. ဟုတ်ပ့ါဗျာ.။

    ခင်မင်လေးစားလျှက်

    ညီညီ(အနာဂါတ်သံစဉ်)

    ReplyDelete
  3. လျှာ... အဲဒီလျှာက အတော်ဒုက္ခပေးတာဗျ... မှတ်သားလောက်ပါပေတယ်ဗျာ..။

    ReplyDelete