အမေ ကျနော်ဘ၀မှာ မရှိမဖြစ်သောလူတယောက်၊ ဘ၀ရဲ့ အစိတ်အပိုင်းတွေတခုထဲက မပါမဖြစ်လူတယောက်။ ကျနော်ဘ၀မှာ တချို့လူတွေလို အလွန်ကိုခက်ခဲကြမ်းတမ်းတဲ့ ဘ၀တွေကို မရင်ဆိုင်ခဲ့ဖူးသလို အရာရာကိုလူအများနှင့်ယှဉ်လာရင်လဲ နိမ့်ကျမူတွေ မရှိအောင် ပေးနိုင်တာ အမေပါ။ ဒီလူလောကကြီးမှာ ဘာလိုလိုနဲ့ ဖြတ်သန်းလာခဲ့ရတာ နှစ်ပေါင်းတောင် မနဲလှတော့ပါဘူး။ လက်ရှိအချိန်မှာ အရာရာမပြည့်စုံသေးပေမဲ့ တချိန်မှာတော့ ကျနော်မျှော်လင့်ထားသလို အမေ့ကို သက်တောင့်သက်သာလေး ထားနိုင်အောင် ကျနော်ကြိုးစားပါ့မယ်အမေ။ ဟိုလွန်ခဲ့တဲ့ ဆယ်ကျော်သက်တုန်းကထိ ကျနော်မွေးနေ့ဆိုတာကို မသိခဲ့ရိုးအမှန်ပါ။ ကိုယ့်ရဲ့မွေးနေ့လေးကို အမှတ်တရ မလုပ်တတ်ခဲ့သလို ပေါ့ပေါ့ပါးပါးနေခဲ့ဖူးပါတယ်။ အမှတ်တရ အဖြစ်မွေးနေ့လေးကို စတင်ဖန်တီးပေးခဲ့တာကတော့ ရန်ကုန်က ကျနော်ရဲ့ ချစ်လှစွာသော ညီမလေးတွေပေါ့။
တကယ်တမ်း ကျနော် လူလောကထဲကို ၀င်လာတယ်ဆိုတာနဲ့ ကျနော်ဘ၀မှာ ဖခင်ဆိုတဲ့ စကားလုံးကို ရှာဖို့ခက်ခဲခဲ့ပါတယ်။ ကျနော်လူလောကထဲကို ၀င်လာတာနဲ့ ကျနော့်ကို နွေးထွေးစွာ ပွေ့ဖက်ကြိုဆိုတာက အမေပါ။ အမေ့ရဲ့ ပြုစုယုယမူတွေကြောင့် ကျနော် ကြီးပြင်းလာခဲ့ပါတယ်။ စီးပွါးရေးအတွက် အမေတယောက်ထဲ သွေး၊ချွေးတွေ ကျနော်တို့မောင်နှမ နှစ်ယောက်အတွက် ကျခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်ထိ အမေ့ဆီက မောတယ်၊ ပင်ပန်းတယ်ဆိုတာကို တခါမှ ကျနော်မကြားခဲ့ပါဘူး။ တကယ်တော့ ကျနော်အမေရဲ့ စိတ်ဓာတ်က မိန်းကလေးပေမဲ့ မာကျောပါတယ်။ သနားတတ်တာလဲ သူ့လောက် မရှိပါဘူး။ စိတ်ဓာတ်က ခိုင်မာလှပါတယ်။ ကျနော့်တို့ အမှားတခုခုလုပ်မိပြီးဆိုရင် အမေပြောနေကြ စကားလေးတခွန်း ရှိပါတယ်။ ငါက ဘယ်သူလုပ်စာမှ ထိုင်စားနေမှာမဟုတ်ဘူးတဲ့ ။ ကျနော့်အမေရဲ့ ချစ်စရာ စကားလေးပါ။
မိဘမေတ္တာဆိုတာ ဘယ်လိုမှ နှိုင်းယှဉ်လို့မရလောက်အောင် ကြီးမားလှပါတယ်။ ကျနော်တို့ အခုကိုယ့်ဘ၀လမ်းကြောင်းပေါ် ကိုယ်တိုင်လျှောက်နေရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ ကိုယ်တိုင်အသိဆုံးပါ။ ဒီလိုမျိုး တယောက်စာတောင် ပြည့်စုံအောင် မရှာနိုင်ပေမဲ့ မိဘဆိုတဲ့ အဖေ၊အမေတွေကတော့ သားသမီးဘယ်နှစ်ယောက် ရှိနေပါစေ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးတတ်ပါတယ်။ တခါတလေ အမေ့စကားတွေကို နားမထောင်ခဲ့မိတဲ့ အဖြစ်တွေကို တွေးမိပြီး တယောက်ထဲ အရှက်ရနေမိသလို ကိုယ့်ဟာကိုယ်လဲ အပြစ်တင်မိပါတယ်။ တံငါနားနီးတော့ တံငါ၊ မုဆိုးနားနီးတော့ မုဆိုးတဲ့ စကားပုံလေး ရှိပါတယ်။ ကျနော်နေထိုင်ခဲ့တဲ့ ပတ်ဝန်းကျင်မှာ မကောင်းတဲ့ အရာတွေ အများကြီး ရှိခဲ့ပေမဲ့ ကျနော့်အမေရဲ့ ပြုပြင် ဆုံးမမူကြောင့် ကျနော် အခုလိုလက်ရှိအနေအထားအတိုင်း နေနိုင်ခဲ့ပါတယ်။
http://assets.myflashfetish.com/swf/mp3/mff-stick.swf

MySpace Playlist at MixPod.com
အခုအချိန်ထိ အမေဟာ ကျနော်စိတ်ထဲမှာ မိန်းမအပီသဆုံး၊ မိဘတာဝန်အကျေပွန်ဆုံး လူတယောက်ပါပဲ။ လျှပ်လီပေါ်လီ အနေအထိုင်တွေကို အမေမနှစ်သက်သလို အမကိုလဲ မိန်းကလေးတန်မဲ့ အိမ်တကာလျှောက်လည်တတ်တဲ့ အကျင့်တွေကိုလဲ အမေမနှစ်သက်ပါဘူး။ စကားဆိုတာကို ပြတ်ပြတ်သားသား ပြောတတ်သလို ဆုံးဖြတ်ပြီးသား အရာတခုကိုလဲ အမေဘယ်တော့မှ နောက်မဆုံးတတ်ခဲ့ပါဘူးအမေ။ နောက်ကျနော်ဘ၀မှာ ကျနော်အမေ့အပြင် အရေးအကြီးဆုံး ကျေးဇူးရှင်ကတော့ အမေ့ရဲ့မောင် ကျနော့်ဦးလေးပါပဲ။ ကျနော်အမြင်တော့ ကျနော့်ဦးလေးဟာ ကျနော်တို့မောင်နှမ နှစ်
ကိုတောင်ပေါ်သား...
ReplyDeleteမွေးနေ့ မှာ အမေ ကို သတိရတမ်းတပြီး ရေး ထားတာလေးက အရမ်းကို စိတ်ချမ်းသာ ကြည်နူးစရာကောင်းတယ်ဗျ။
မွေးနေ့ မှာ ပျော်ရွင်ပါစေဗျာနော်။ ဒီထက်မက အမေ ရဲ့  ကျေးဇူးကို ဆပ်နိုင်တဲ့ သားကောင်းတစ်ယောက်အဖြစ် အောင်မြင်တိုးတက်ပါစေ........
နေ့ ရက် လရက် ချင်း ညီအစ်ကို
တလနွန်
လုပ်ပြန်ဘီ
ReplyDelete၂ခါရှိပြီနော် ...
ငိုချင်ရဲ့ လက်တို့ ...
အမေ့ကျေးဇူးသိတတ်လိမ္မာတဲ့ သားလိမ္မာလေးအဖြစ် ဘ၀တလျှောက်လုံး ရပ်တည်နိုင်ပါစေ
ဆန္ဒတွေအတိုင်းလည်း အမေ့အရိပ်မှာ ချွေးသိပ်နိုင်ပါစေ
အမေ့အမောတွေကိုလည်း ဖြေဖျောက်ပေးနိုင်တဲ့ သားလေး ဖြစ်ပါစေနော် ..း)
အမေ့ရဲ့ သားလိမ္မာလေး မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ စိတ်ချမ်းမြေ့ ပျော်ရွှင်မှူများ ပိုင်ဆိုင်နိုင်ပါစေရှင်..
ReplyDeleteဒါနဲ့ မွေးနေ့လုပ်ဖူးလားဟင်..း)
ဒီလို့မှတ်မှတ်ရရလေးလုပ်တတ်တာကို လေးစားမိပါတယ်။
ReplyDeleteအယ်....
ReplyDeleteကြို ပြီးတော့လည်း မပြောဘူး .
မွေးနေ့ လက်ဆောင်တောင်ပါမလာဘူးကွဲ့ ...
ပျော်ရွှင်ဘွယ်ရာ မွေးနေ့ ရက်ကလေး ဖြစ်ပါစေ ကိုတောင်ပေါ်ရေ ...
မိသားတစု ပျော်ရွှင် ချမ်းမြေ့ တဲ့ နေ့ ရက် ကလေးများ အတူတကွ ကျော်ဖြတ် နိုင်ပါစေ ။
Happy Birthday ပါကိုတောင်ပေါ်သား
ReplyDeleteမွေးနေ့မှာ အမေ့ကျေးဇူးကို သတိတရနဲ့ရေးသားဖော်ပြတဲ့ အတွက် ရှေ့ဆက်ရမယ့်လမ်းတွေမှာ အခက်အခဲမရှိပဲ ဘ၀ကို အဆင်ပြေပြေနဲ့ ကျော်ဖြတ်နိုင်မှာသေချာပါတယ်ရှင်
ပျော်ရွင်ပါစေ :)
ဧရာဝတီစာကြည့်တိုက်
Happy Birthday တောင်ပေါ်
ReplyDeleteမိဘကျေးဇူးသိတတ်တဲ့သားလိမ္မာလေး
ဆထက်တပိုးအောင်မြင်မှာသေချာပါတယ်။
မိဘဆိုတဲ့မိနဲ့ဘထဲက ကျေးဇူးပိုကြီးတာက မိခင်လေ
အသက်နဲ့ရင်း ၉လလွယ် ၁၀ လဖွားခဲ့ရတဲ့ မိခင်ကို
သိတတ်တဲ့ တောင်ပေါ်
တိုတို ၁၀ ဘီလီယံပေါက်ပါစေဗျာ.............းP
Happy Birthday ပါ ကိုတောင်ပေါ်သား....
ReplyDeleteအမေ့ကျေးဇူးသိတတ်တဲ့ သားလိမ္မာ ဘ၀တစ်လျှောက်လုံး အောင်မြင်မှုတွေနဲ့ အဆင်ပြေမှာပါ...
ခင်တဲ့
စိမ်း
မွေးနေ့မှ သည်
ReplyDeleteနေ့ရက် တိုင်း ပျော်ရွှင်ဖွယ် နိုင်ပါစေ ...
မိဘကို ဦးထိပ်ပန်ဆင်ခြင်းကြောင့်
အခက်အခဲ ဆိုတာ မကြုံတွေ့ဘဲ
အစဉ်အမြဲ လိုအင် ဆန္ဒတွေ
ပြည့်ဝနိုင်ပါစေ ..။
မိဘမေတ္တာဟာ စာဖွဲ.လို့မမီလောက်တာ
ReplyDeleteမို့ ကျေးဇူးကိုမဆပ်နိုင်ခဲ့ရင်တောင်မှ
သူတို့ကိုစိတ်ဆင်းမရဲအောင်နေဖို့ကျနော် ကြိုးစားပါတော့မယ်...
ကိုတောင်ပေါ် မွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာ အောင်မြင်ခြင်းတွေ၊
ပျော်ရွှင်ချင်းတွေနဲ့ ဘဝကိုဖြတ်သန်းနိုင်ပါစေဗျား
ငါးစားလျက်
သံလွင်ဟီးရိုး
happy birthday ညီ
ReplyDeleteခုချိန်မှာ အမေ့ရဲ့ ရင်ခွင်ထဲမှာ ခွေပြီးနေချင်နေမိတယ် ညီရာ။
ချစ်တဲ့ ကိုရီနို
အမေဆိုတဲ့ အသံကြားရင် ရင်ထဲမှာ ဘာနဲပမှမတူအောင် ခံစားရပါတယ်ဗျာ.. အဝေးရောက်သား၊ သမီးများ အတွက်လဲ ကိုယ်ချင်းစားပါတယ်။ နောင်နှစ်တွေမှာ အမေနဲပ အတူ မွေးနေ့ကိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေဗျာ..။
ReplyDeleteမွေးနေ့မှာ ပျော်ရွှင်ပါစေ တောင်ပေါ်သားရေ...။
ReplyDeleteလိုချင်တဲ့ဆန္ဒတွေ အမြန်ဆုံး ပြည့်ပါစေနော်....။
တောင်ပေါ်သားရေ ... ဒီစာလေးဖတ်ပြီး အမေ့ကျေးဇူးကိုအမှတ်ရတဲ့၊ ကျေးဇူးတင်ထိုက်သူတွေကို အမှတ်ရတတ်သူတစ်ယောက်ရယ်လို့ အသိအမှတ်ပြုမိပါတယ် ... မိဘအတွက် သားကောင်းတစ်ယောက် အမြဲတမ်းဖြစ်ပါစေလို့ဆုတောင်းပေးပါတယ် ....
ReplyDeleteမနေ့ ကတည်းက ဖတ်ပြီးပေမဲ့ ကော်မန့် ပေးအားလို့ မပေးခဲ့လိုက်ဘူး...
ReplyDeleteမေသူ့ မေမေကတော့ ကလေးလိုပဲ... မေသူနဲ့  တူတူ ဆော့တုန်းး.. ဟီးးးး :D
မေမေ့ကို အာဘွားပေးတိုင်းး ပါပါးကို ပတ်ပြေးရတယ်... :P
လွမ်းပါတယ်....ကိုတောင်ပေါ့်ကိုလဲ ကိုယ်ချင်းစာပါကြောင်းးးဝ)
အဟမ်းးးးးးးးးး အသက်တနှစ်ကြီးပြီနော်... ဒါပဲ.... လိမ္မာပါ..... ဒါပဲလိုချင်တယ်...:D
အမေကိုချစ်သော ကိုတောင်ပေါ် အမေက ချစ်သော ကိုတောင်ပေါ် ယခုကျရောက်လာသော မွေးနေ့မှသည် နောင်နှစ်ပေါင်း များစွာတိုင် ချစ်သောအမေနဲ့ အတူ ပျော်ရွှင်စွာဖြန်းသန်းရင်း ဘ၀ရဲ့ အဖေါ်မွန်အစစ်အမှန်လေးနဲ့လည်း အမြန်ဆုံးတွေ့ဆုံပြီး မိဘကို တစ်သက်လုံးလုပ်ကျွေးပြုစုနိုင်တဲ့ သားလိမ္မာလေးတစ်ယောက်ဖြစ်ပါစေဗျာ..
ReplyDeleteခင်မင်လေးစားလျှက်
ညီညီ
မွေးနေ့မှသည် ပျော်ရွင်ချမ်းမြေ့ပါစေ။
ReplyDelete